ကွန်ပျူတာကို auto - TopicsExpress



          

ကွန်ပျူတာကို auto ပွင့်အောင်လုပ်မယ် ကျွန်တော် ဒီနည်းလေးကို သိချင်နေတာ ကြာပြီဗျာ ။ ရှာတော့ရှာနေတာ ပဲ မတွေ့ဘူး။ ဒါပေ့မယ့်အခုတော့တွေ့ပြီ။မသိသေးသောသူများကိုရည်ရွယ်ပြီး တင်ပြလိုက်ရပါသည်။ မိမိကွန်ပျူတာကို မိမိ ကြိုက်တဲ့အချိန် ကြိုက်တဲ့ရက်စွဲ အတိအကျ ပွင့်အောင်လုပ်လို့ရပါတယ်။ လုပ်နည်းကတော့ အရင်ဆုံး ကွန်ပျူတာကိုဖွင့်ပါ။ Del key ကိုနှိပ်ထားပါ။ BIOS ထဲကို ၀င်တာဖြစ်ပါတယ်။ Tab key လေးနဲ့ Power ဆိုတာကို ရွေးပါ ။ အဲဒီအောက်မှာ APM Configuration ကိုရွေးပါ။ Enter ခေါက်ပါ။ Restore on AC Power Loss ကို [ Enabled ] ပေးပါ။ ဒီနေရာမှာသတိထားရမှာက [ Enabled ] ပြောင်းတဲ့အခါမှာ Keyboard ကနေ (+)key နဲ့ (-)key နှိပ်ပြီးတော့ ပြောင်းရပါတယ်။ ပြီးအောက်ကိုထပ်ဆင်းပါ။ Power on By RTC Alarm ကို [Enabled] ပေးပါ။ ပြီးရင် RTC Alarm Date မှာ မိမိ ကြိုက်သလိုပြောင်းနိုင်ပါတယ်။ နေ့တိုင်းဆိုရင် Everyday ပေးပါ။ ရက်စွဲအတိအကျထားချင်ရင်တော့ ရက်ကိုအတိအကျသတ်မှတ်ပေးပါ။ ကျွန်တော်ကတော့ Everyday ပေးထားပါတယ်။ ပြီးရင် AIC Alarm Hour မှာ မိမိပွင့်လိုသောနာရီကို ပြောင်းပါ။ AIC Alarm Minute မှာ မိမိပွင့်လိုသော မိနစ်ကိုပြောင်းပါ။ ACI Alarm Second မှာ မိမိပွင့်လိုသော စက္ကန့်ကို ရွေးပါ။ အားလုံးပြီးပြီဆိုရင် F 10 ကိုနှိပ်ပါ။ OK ပေးပါ။ ပြီးပါပြီ။ Motherboard အလိုက် အနည်းငယ်ကွဲလွဲမှုရှိပါတယ်။ တချို့ ကွန်ပျူတာတွေမှာဆိုရင် နာရီ၊မိနစ်၊စက္ကန့်က တစ်ခုတည်းမှာပဲပေါင်းပြီးဖော်ပြထားပါတယ်။ အဟဲ မသိသေးသောသူများကို မျက်လှည့်ပြလို့ရတယ်နော်။ အယ်မေ့လို့ တစ်ခုသတိထားရမှာက ကျွန်တော်တို့က ကွန်ပျူတာကိုအော်တိုပွင့်စေချင်တာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ Cable ကြိုးတွေ Power Slpply တွေ Power ခလုပ်တွေကို ဖွင့်ပေးထားရပါ့မယ်။ လျှပ်စစ် စီးဆင်းဖို့အတွက် ပါ။ အတိုမှတ်ရန် Computer open >> Del key >> Power >> APM Configuration>> Restore on AC Power Loss [Enabled] >> Power on By RTC Alarm [Enabled]>> RTC Alarm Date [ Everyday ] >> AIC Alarm Hour [hours]>> AIC Alarm Minute [minutes]>> ACI Alarm Second [seconds] >> F 10 >> Ok အဆင်ပြေပါစေ။ အားလုံးကိုလေးစားလျက်........ mhuthaw.blogspot/2011_10_27_archive.html
Posted on: Wed, 28 Aug 2013 02:02:15 +0000

Trending Topics



Recently Viewed Topics




© 2015