ကျွန်တော်တို့လို - TopicsExpress



          

ကျွန်တော်တို့လို သာမန်ပြည်သူတွေက ခင်ဗျားတို့ ပြောပြောနေတဲ့ Ideology ဆိုတာကိုလည်း နားမလည်ပါဘူး။ Capacity building ဆိုတာလည်း မသိပါဘူး။ ဒါပေမဲ့ ရိုးသားမှုl ဖြောင့်မတ် မှန်ကန်မှုl ကိုယ်ချင်းစာနာမှု တွေကိုတော့ အကဲဖြတ်တတ်ပါတယ်။ ရိုးသား ဖြောင့်မတ်မှု မရှိဘဲ ကိုယ်ချင်းစာတရား လက်ကိုင်မထားဘဲ နိုင်ငံတကာက သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေကို မလိုက်နာဘဲ နိုင်ငံကို တည်ဆောက်လို့ မရပါဘူး။ ရိုးသားပြီး ဖြောင့်မတ်မှန်ကန်တဲ့ ခေါင်းဆောင်ရဲ့ လမ်းညွှန်မှုနဲ့အတူ အဘက်ဘက်က ယိုယွင်းနေတဲ့ တိုင်းပြည်ကို ပြန်လည် တည်ဆောက်လိုတာက ကျွန်တော်တို့ ပြည်သူအများစုရဲ့ သဘောထားပါပဲ ခင်ဗျာ။ှု
Posted on: Mon, 03 Feb 2014 10:36:44 +0000

Trending Topics



Recently Viewed Topics




© 2015