ကျွန်တော်တို့ Cyber Wings Team - TopicsExpress



          

ကျွန်တော်တို့ Cyber Wings Team ဖြင့် ရေရှည် အလုပ်တွဲလုပ်လိုသူ အလိုရှိပါသည်။ ပူးတွဲသင်တန်း နှင့်အတူ On Job Training ပါဝင်ပါသည်။ Linux (CentOS + Fedora) Server Administration အပိုင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်သူများအတွက်သာ ဖြစ်ပါသည်။ (မှတ်ချက်။ ။ Programming/Developer များအတွက် ထပ်မံကြေငြာပါမည်။) Meeting များ Discussion များပြုလုပ်ကာ သင်ကြားပို့ချသွားမည်။ အသက် - ၂၀ မှ ၂၅ ကြား ဖြစ်ရမည်။ ယခုလကုန် (ဇွန် လ ၃၀ ရက်နေ့) အထိ ၅ ဦး လက်ခံမည်ဖြစ်ပြီး ၂ ဦးကိုသာ ရွေးချယ်မည်ဟု လျာထားထားပါသည်။ ယောက်ျားလေး ဦးစားပေးမည်။ တတ်လိုစိတ် သိလိုစိတ် ပြင်းပြသူ ဦးစားပေးမည်။ Hardware (A+) တတ်မြောက်ထားသူ ဦးစားပေးမည်။ (လိုအပ်သည်များ ထပ်မံ သင်ကြားပေးသွားမည်) အပတ်စဉ် Discussion ရှိမည်ဖြစ်ပြီး မပျက်မကွက် တက်ရောက်နိုင်သူ ဦးစားပေးပါမည်။ အချိန်မှန်မည့်သူ ဦးစားပေးမည်။ အလုပ် တာဝန်ယူနိုင်သူ ဦးစားပေးမည်။ အသင်းအဖွဲ့စိတ်ဓါတ်ဖြင့် လုပ်ကိုင်လိုသူ ဦးစားပေးမည်။ သင်တန်းပို့ချခြင်း အစီအစဉ် အဖွဲ့ဝင် စစ ဖြစ်ခြင်းတွင် Service Trainee အဖြစ် စတင် လက်ခံမည်ဖြစ်ပြီး Qualify test များ မပြီးခင်ထိ မည်သည့် တာဝန်မျှယူစေမည်မဟုတ်ပါ။ Outdoor Service များသွားသည့်အခါ Senior များနှင့်အတူ လိုက်ပါပြီး သင်ယူစေမည်ဖြစ်သည်။ Online Server Administration ပိုင်းများ ပြုလုပ်သောအခါ Senior များဖြင့် အတူတကွ လေ့လာသင်ယူစေမည်ဖြစ်သည်။ သင်တန်းချိန်အားဖြင့် အနည်းဆုံး ၄ လမှ အများဆုံး ၆ လ ဖြစ်မည်။ Service Technician ဖြစ်ပြီး အစီအစဉ် ယုံကြည် စိတ်ချရသည်အထိ တတ်မြောက်သူကို အသေအချာ စိစစ်ပြီး Service Site များတွင် ဦးဆောင်စေမည်ဖြစ်သည်။ ဘဏ္ဍာရေး အပိုင်း သင်တန်းချိန် ပြီးဆုံးသည်အထိ သို့မဟုတ် Qualify မဖြစ်ခင် အထိ ပုံမှန် လစာ ရှိမည်မဟုတ်ပါ။ အခြား အသိပေးခြင်း Service/Server Technician အပိုင်းတင်မကပဲ နောက်ပိုင်း ထပ်မံတိုးချဲ့မည့် လုပ်ငန်းများအတွက် ရေရှည်ပူးပေါင်း ပါဝင်သွားရန် အစီအစဉ်ရှိပါသည်။ လျှောက်လွှာပေးပို့ရန် [email protected] သို့ ပေးပို့ရမည်ဖြစ်ပြီး ပါဝင်ရမည့်အချက်များမှာ အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဆက်သွယ်လို့ရမည့် ဖုန်းနံပါတ်၊ ကိုယ်ရေးအကျဉ်း၊ ပေးပို့သူ ဓါတ်ပုံ၊ Computer နည်းပညာအပိုင်း တတ်သိနားလည်ထားသည့် ခေါင်းစဉ်များ။ အသေးစိတ် သိရှိလိုသည်များကို ၄င်း Email သို့လည်းကောင်း၊ facebook/krylonarizona သို့လည်းကောင်း၊ ဖုန်းနံပါတ် ၀၉၄၂၀၁၂၁၄၅၁ သို့လည်းကောင်း ဆက်သွယ်မေးမြန်း နိုင်ပါသည်။
Posted on: Sat, 08 Jun 2013 18:50:27 +0000

Trending Topics



Recently Viewed Topics




© 2015