ကျွန်တော် - TopicsExpress



          

ကျွန်တော် ဆောင်းမြတ်နိုး(Dec) ဆိုတဲ့ နာမည်နဲ့ Posts လေးတွေတင်ပါတယ် ။like လိုချင်လွန်းလို့တင်ရခြးင်းမဟုတ်ပါဘူးဗျာ ။ကျွန်တော်ရေးတဲ့ ကဗျာတွေ ဆောင်းပါးတိုလေးတွေကလည်း ကိုယ်ရေးကိုယ်တာမဟုတ်၊ကိုယ်ကျိုးအတွက်မဟုတ်ဘဲ ဘာသာသာသနာရေး လူမျိုးရေးအတွက်သာ ရေးဖွဲ့ထားတဲ့ ကဗျာလေးတွေဖြစ်ပါတယ် ။ကျွန်တော့်မှာ လူငယ်သဘာဝ နှလုံးသားရေးရာ အနုလှ ကဗျာလေးတွေ ရေးဖို့အတွက်လည်းအချိန်ရှိပါဘူး ။ကျွန်တော်လည်းလူငယ်တစ်ယောက်ပဲဗျာ ခံစားတတ်တဲ့နှလုံးသားရှိပါတယ်။ဒါပေမယ့် ခုလိုကျွန်တော်တို့ရဲု့ လူမျိုးဘာသာကိုဖျက်ဆီးဖို့ အတွက်အနှေက်ယှက်ပေါင်းများစွာနဲ့ လူမျိုးခြားဘာသာခြားတွေရဲ့အန္တရာယ်ကျရောက်နေတဲ့အချိန်မှာ ကျွန်တော် ဘယ်လိုစိတ်မျိုးနဲ့ အီစီကလီ post ပို့စ်တွေတင်ဖို့ အချိန်ပေးနိုင်ပါဦးမလားဗျာ။အခုပြောတာကလည်း တခြားသူတွေကို ဝေဖန်တာမဟုတ်ရပါဘူး။ကျွန်တော့်ရဲ့ ဆန္ဒကိုသိစေလိုခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ဟာ သာမန်ဆင်းရဲသားတစ်ယောက်ပါပဲ သူများအိမ်မှာအလုပ်လုပ်ရတဲ့ ကျွန်တစ်ယောက်သာသာဘဝပဲရှိပါတယ်။တစ်နေ့ကို လိုင်းပေါ် ၂နာရီလောက်တက်ခွင့်ရဖို့တောင် မနည်းအချိန်လုနေရပါတယ်။ကဗျာလေးတွေရေးဖို့အတွက်လည်းကြိုတင်စဉ်းစားထားတာလဲမရှိပါဘူး အလုပ်ထဲမှာပဲအာရုံနှစ်ထားရလို့ပါ။လိုင်းပေါ်တက်တဲ့အချိန်မှပဲ ရင်ထဲပေါ်လာတဲ့ စာသားတွေ ကိုလက်တန်းချရေးရတဲ့အတွက် တစ်ခါတရံ အနှစ်သာရမပြည့်တာတွေ အမှားအယွင်းပါသွားတာတွေရှိရင်လည်း နားလည်ပေးကြပါလို့မေတ္တာရပ်ခံပါရစေ။ကျွန်တော်ခုရေးတဲ့စာကလည်း အကြောင်းမဲ့သက်သက် ကိုယိ့အကြောင်းကိုယ် ပြောပြနေခြင်းမဟုတ်ပါဘူး။တချို့အထင်မြင် လွဲမှားနေတဲ့ သူတွေအတွက်ပါ ။ကျွန်တော် တော်လွန်းတတ်လွန်းတတ်လွန်းလို့ရေးပြီးတင်တာလည်းမဟုတ်ပါဘူး။ကျွန်တော်ရဲ့သေးငယ်လွန်းတဲ့ဥာဏ်လေးမှီသလောက် ရင်ထဲရှိတဲ့အတိုင်းရေးသားခြင်းပါ။လူတွေအထင်ကြီးအောင် လုပ်ဇာတ်ထွင်ပြီး ကဗျာတွေရေးတာမဟုတ်ပါဘူး။ပင်ကိုယ်သဘာဝ မျိုးချစ်စိတ်ဓာတ်ရှိတဲ့ ဘာသာသာသနာ မြတ်နိုးတဲ့နှလုံးသား မွေးကတည်းကပါပြီးသားမို့ပါဗျာ။ဘာပဲဖြစ်ဖြစ်ပါလေ ခုလိုကျွန်တော့်ရဲ့postလေးတွေကို like and share လုပ်ပြီးအားပေးခဲ့ကြတဲ့ ကျွန်တော်ရဲ့ ညီကိုမောင်နှမတွေကိုတော့ လှိုက်လှဲစွာကျေးဇူးတင်လျှက်ပါဗျာ။ကျွန်တော်တို့နိုင် ငံ ကျွန်တော်တို့အမျိုးဘာသာကို ထိခိုက်စော်ကားနေသမျှကာလပတ်လုံး ကျွန်တော် အမျိုးသားရေးနဲ့သက်ဆိုင်တဲ့ postတွေတင်နေရဦးမှာပါပဲ ၊ဘယ်လိုအနှောက်ယှက်တွေပဲရှိရှိပေါ့ဗျာ။ကျွန်တော်တို့နိုင်ငံကြီး အေးချမ်းသာယာတဲ့နေ့ကျမှပဲ့ ကျွနတော်ဝါသနာပါတဲ့ modern အနုလှလေးတွေရေးသားပါတော့မယ်။ အမျိုးအတွက်ကိုယ်ကျိုးစွန်မဲ့ ဆောင်းမြတ်နိုး (Dec)့
Posted on: Sun, 15 Sep 2013 17:08:22 +0000

Trending Topics



Recently Viewed Topics




© 2015