ကန်ဒေါ်လာ၁၁ဘီလီယံ - TopicsExpress



          

ကန်ဒေါ်လာ၁၁ဘီလီယံ နိုင်ငံခြားဘဏ်တွင်ငွေစားရင်းဖွင့်ထားမှု မသိဟု မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဌ လွှတ်တော်တွင် ငြင်းဆို မီဒီယာများတွင်ရေးသားဖော်ပြခဲ့သည့် နိုင်ငံခြားဘဏ်တွင်ငွေစားရင်းငါးခုဖြင့် ကန်ဒေါ်လာ၁၁ဘီလီယံစာရင်းဖွင့်ထားမှုနှင့် ပတ်သက်၍ မသိကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဌက ပြည်ထောင်စုလွှတ်တော်တွင် ငြင်းဆိုလိုက်သည်။ “ဗဟိုဘဏ်ရယ်၊နိုင်ငံတော်ပိုင်တဲ့ဘဏ်တွေရှိပါတယ်MFTB၊ MICB ၊MEB တို့ပုဂ္ဂလိက ဘဏ်တွေကိုလဲ နိုင်ငံခြားငွေကိုင်ဆောင်ခွင့်ပေးထားတဲ့အတွက်ကြောင့် သူတို့မှာ လဲနိုင်ငံခြားငွေစားရင်းတွေဖွင့်ထားပါတယ်၊ အဲဒါတွေ စုစုပေါင်း ဟာ ၁၀၊၉၊၂၀၁၃ရက်နေ့မှာရှိတဲ့နိုင်ငံခြားငွေစုစုပေါင်း (၇ဒဿမ၆)ဘီလီယံဆိုတာ အနီးစပ်ဆုံးယူထားတဲ့ စားရင်းပါ။ဗဟိုဘဏ်၊နိုင်ငံတော်ပိုင်ဘဏ်တွေ နဲ့ ပုဂ္ဂလိက ဘဏ်တွေ က လုပ်ငန်းအရ ဆက်သွယ်အသုံးပြုနေတဲ့ စာရင်းအရ (၇ဒဿမ၆)ဘီလီယံဖြစ်ပါတယ်။(၁၁ ဘီလီယံ )ဆိုတဲ့ ဟာကိုမသိပါဘူး ဆက်စပ်မှု မရှိပါဘူး၊ ”ဟု မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဌ ဦးကျော်ကျော်မောင်က လွှတ်တော်၌ ပြောသည်။ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က လည်း မီဒီယာများတွင် သတင်းရေးသားခဲ့သည့် ဒေါ်လာ၁၁ဘီလီယံ နိုင်ငံခြားဘဏ်တွင်ငွေစားရင်းငါးခုဖြင့် စားရင်းဖွင့်ထားမှု ကြောင့် ကမ္ဘာ့ ဘဏ်က မြန်မာနိုင်ငံကို ကြွေးလျှော်မပေးခြင်း ဆိုသည်မှာလည်း မမှန်ကန်ကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။ မြန်မာနိုင်ငံ၏ အခြေအနေမှာ ကမ္ဘာဘဏ်၏ သတ်မှတ်ချက်အရ ကြွေးနွံ့ နှစ်နေသော နိုင်ငံများအဆင့်တွင် ပါဝင်မှုမရှိခြင်းကြောင့် ကမ္ဘာဘဏ်က ပေးသည် Heavily Indebted Poor Country Initiative အထူးသက်သာတဲ့နည်းလမ်း များနှင့်ကြွေးလျှော်နိုင်သည့် အခွင့်အရေးမရရှိကြောင်း ပြည်ထောင်စုဝန်ကြီး ကဆက်လက်ရှင်းပြသည်။ ကမ္ဘာ့ ဘဏ်နှင့်အာရှဖွံ့ဖြိုးရေးဘဏ်တို့ မှာ ယင်းတို့၏ အဖွဲ့အစည်း စည်းမျဉ်းအရ မည်သည့် နိုင်ငံကို မျှ ကြွေးလျှော်ပေးသည့် အစဉ်အလာမရှိကြောင်း ၊၂၀၁၂ ခုနှစ်ဇူလှိုင်လ ၁၂ရက်နေ့မှာ ကမ္ဘာ့ ဘဏ်နှင့်အာရှဖွံ့ဖြိုးရေးဘဏ်တို့သည် အကူအညီပြန်လည်ပေးအပ်နိုင်ရန်မြန်မာနိုင်ငံက ပြန်လည်ပေးအပ်ရန်ကျန်သည့်ကြွေးမှီများကိုစားရင်းရှင်ရန်လိုအပ်ကြောင်း စားရင်းရှင်းလင်းနိုင်သည့် နည်းလမ်း(၄)မျိုး ၏ အားသားချက်အားနည်းချက်များဖြင့် အကြောင်းကြားစာပေးပို့ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက လွှတ်တော်တွင် ဆက်လက်ရှင်းလင်းတင်ပြခဲ့သည်။ ယနေ့နေပြည်တော်တွင်ကျင်းပနေသော ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် အဌမပုံမှန်အစည်းအဝေး တတိယနေ့တွင် ပုသိမ်မြို့နယ်ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်က မီဒီယာများတွင် သတင်းရေးသားခဲ့သည့် ဒေါ်လာ၁၁ဘီလီယံ နိုင်ငံခြားဘဏ်တွင်ငွေစားရင်းငါးခုဖြင့် စားရင်းဖွင့်ထားမှုနှင့်ပတ်သက်၍ မေးမြန်းချက်အပေါ် မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဌ ဦးကျော်ကျော်မောင်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန် က လွှတ်တော်တွင်လာရောက် ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့လာရောက်ရှင်းလင်းတင်ပြမှုကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ကြောင်း နာယကကပြောသည်။ စိုင်းနောင် Popular Myanmar News Journal nadimingalar7.blogspot/2013/10/blog-post_900.html
Posted on: Sat, 05 Oct 2013 01:25:17 +0000

Trending Topics



Recently Viewed Topics




© 2015