ကမ္ဘာအကောင်းဆုံး - TopicsExpress



          

ကမ္ဘာအကောင်းဆုံး တက္ကသိုလ်များထဲမှ ... အင်္ဂလန် တက္ကသိုလ်များ ====================================== For my neice, Khin Myint Myat Zin ၃။ ကင်းဘရစ်ခ်ျ တက္ကသိုလ် (ဗြိတိန်) အင်္ဂလန်နိုင်ငံ ကင်းဘရစ်ခ်ျ အရပ်မှာ တည်ရှိတဲ့ ကမ္ဘာကျော် ပြည်သူပိုင် သုတေသန တက္ကသိုလ် တစ်ခု ဖြစ်ပါတယ်။ အောက်စ်ဖို့ဒ် တက္ကသိုလ်ပြီးရင် ဒုတိယ သက်တမ်းအရင့်ဆုံး တက္ကသိုလ်လည်း ဖြစ်ပါတယ်။ ပထမဆုံး တက္ကသိုလ် ဖွဲ့စည်းမှုကို ၁၂ဝ၉ ခုနှစ်က စတင်ခဲ့တယ်လို့ အဆိုရှိပါတယ်။ လက်ရှိ အချိန်မှာ ကောလိပ် ၃၁ ခုနဲ့ မဟာမိတ် ပြုလုပ် ထားပါတယ်။ ကျောင်းသားပေါင်း ၁၈၄၄၈ ဦး ရှိပြီး သင်ကြားရေး အမှုထမ်း ၅၉၉၉ ဦး ရှိပါတယ်။ ဒီကျောင်းကနေ ဗြိတိန် ဝန်ကြီးချုပ် ၁၅ ဦး၊ စင်ကာပူနဲ့ ဂျော်ဒန် ဝန်ကြီးချုပ်တွေ ပါဝင်တဲ့ နိုင်ငံ့ ခေါင်းဆောင် ၂၃ ဦး၊ ချားလ်မင်းသားနဲ့ ဝေလမင်းသား စတဲ့ တော်ဝင်မျိုးနွယ် ကိုးဦးတို့ မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။ ၄။ အောက်စ်ဖို့ဒ် တက္ကသိုလ် (ဗြိတိန်) ကမ္ဘာမှာ အင်္ဂလိပ် စကားပြောတဲ့ ဒုတိယ သက်တမ်းအရင့်ဆုံး တက္ကသိုလ် ဖြစ်ပါတယ်။ တက္ကသိုလ် ဖွင့်တဲ့ ရက် အတိအကျကို မသိရှိနိုင်တော့ ပေမဲ့ ၁ဝ၉၆ ခုနှစ်က စတင် သင်ကြားခဲ့တဲ့ အထောက်အထားတွေ တွေ့ရ ပါတယ်။ အင်္ဂလန် နိုင်ငံ အောက်စ်ဖို့ဒ်အရပ်မှာ တည်ရှိပြီး ကျောင်းသားပေါင်း ၂၁၅၃၅ ဦး တက်ရောက် သင်ကြား နေပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် ၂၆ ဦးဟာ ဒီတက္ကသိုလ်ကို တက်ရောက် ခဲ့ဖူးပြီး အဲဒီအထဲကမှ ကလီးမင့်န် အက်တလီ၊ ဟာရိုးဝီလ်ဆင်၊ မာဂရက်သက်ချာ၊ တိုနီဘလဲနဲ့ လက်ရှိ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ ပါဝင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေဖြစ်တဲ့ မန်မိုဟန်ဆင်း၊ အင်ဒီရာဂန္ဒီ၊ ဘနာဇီယာဘူတို၊ ဘီလ်ကလင်တန် နဲ့ ဒေါ်အောင်ဆန်းစုကြည်စတဲ့ ပုဂ္ဂိုလ်တွေဟာလည်း ဒီတက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြား ခဲ့ကြပါတယ်။ ( ကျယ်ဇင်ထွဋ်၊ ချိုးငှက်ဘလော့ မှ ကူးယူ ဖော်ပြပါသည်။ ) မှတ်ချက်။ ဦးငယ်ကိုသာ ရွေးခိုင်းရင် ... ဒေါ်စု တက်ခဲ့ဖူးတာ တခုနဲ့တင် အောက်စ်ဖို့ ကို ရွေးမယ် .....။
Posted on: Mon, 10 Jun 2013 06:24:05 +0000

Trending Topics



Recently Viewed Topics




© 2015