ကိုင်ရိုမြို့တွင် - TopicsExpress



          

ကိုင်ရိုမြို့တွင် မော်စီထောက်ခံရေး ဆန္ဒပြပွဲ၌အနည်းဆုံးလူ ၇၂ ဦးသေဆုံး ဇူလိုင်လ ၂၉ ရက် ၂၀၁၃ အီဂျစ်နိုင်ငံ ကိုင်ရို (Cairo) မြို့တွင် ဖြုတ်ချခံသမ္မတ မိုဟာမက်မော်စီ ကိုထောက်ခံ ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၇၂ ဦးသေဆုံးသွားခဲ့သည်ဟု အီဂျစ်ကျန်း မာရေးဝန်ကြီးဌာနကဆိုကြောင်း ဇူလိုင် ၂၈ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။ ထို့ပြင်အီဂျစ်၏ ဒုတိယမြို့တော် အလက်ဇန်းဒြီးယား (Alexandria) တွင်လည်း၊ မော်စီကို ထောက်ခံသူ များနှင့် ဆန့်ကျင်သူများအကြား သောကြာနေ့က အကြမ်းဖက်မှုများဖြစ်ပွားခဲ့ရာ လူကိုးဦးသေဆုံးသွားခဲ့ သည်ဟု ကျန်းမာရေးဝန်ကြီးဌာနကဆိုခဲ့ရာ ထိုနှစ်ရက်အတွင်းတွင် ပဋိပက္ခများကြောင့် အနည်းဆုံးလူ ၈၁ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။ အီဂျစ်တွင် ဇူလိုင်လ ၃ ရက်က စစ်အာဏာသိမ်းကာ သမ္မတမော်စီကိုဖြုတ်ချခဲ့ပြီး နောက်ပိုင်းတွင်၊ စနေ နေ့ကဖြစ်ပွားခဲ့သည့် ကိုင်ရိုပဋိပက္ခသည် အဆိုးရွားဆုံးဖြစ်သောကြောင့် ပြည်တွင်းပြည်ပဝေဖန်မှုများစွာရှိ ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ပေါက်ကွဲစေတတ်သော လက်နက်ခဲယမ်းများကို အသုံးပြုခဲ့သည် ဟု ဆန္ဒပြသူများကစွပ်စွဲခဲ့သည်။ အီဂျစ်စစ်ဘက်အား ဒေါ်လာသန်းပေါင်းများစွာ ထောက်ပံ့ခဲ့ကာ အီဂျစ်စီးပွားရေးကို ပံ့ပိုးကူညီခဲ့သော နိုင် ငံဖြစ်သည့် အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အီဂျစ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် သွေး ထွက်သံယိုမှုများနှင့်ပတ်သက်၍ အမေရိကန်အနေဖြင့် အလွန်စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြမှုများနှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်ကို လေးစားရန် အီဂျစ်အာဏာပိုင်များတွင် ၀တ္တရားရှိကြောင်း ကြေညာချက်တစ်ခုတွင် ဂျွန်ကယ်ရီကပြောထားသည်။ ဖြုတ်အချခံ သမ္မတမော်စီကို ပြန်လည်အာဏာအပ်နှင်းရေးအတွက် ၄င်းကိုထောက်ခံသူများ စုဝေးဆန္ဒပြ နေကြသည့် ကိုင်ရိုမြို့ရှိ ရက်ဘားအယ်လ်အဒါဝီယာ (Rabaa al-Adawiya) ဗလီတွင် ပဋိပက္ခကြောင့် လူ ၆၆ ဦးသေဆုံးသွားခဲ့သည်ဟု မော်စီ၏ မွတ်စလင်ညီအစ်ကိုများအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အာမက်အာ ရက်ဖ် (Ahmed Aref) ကဆိုခဲ့သည်။ လက်နက်မဲ့ ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့များက လက်နက်များဖြင့် ပစ်ခတ်ခဲ့သည်ဟု မော်စီကို ထောက်ခံသူများကဆိုကြသော်လည်း အီဂျစ်ပြည်ထဲရေး ၀န်ကြီးဌာနကမူ လုံခြုံရေးတပ်ဖွဲ့များသည်မျက် ရည်ယိုဗုံးများကိုသာ အသုံးပြုခဲ့ကြောင်းဆိုခဲ့ပြီး အဖြစ်အပျက်အတွက် အစ္စလာမ်မစ်ဝါဒီများကို အပြစ် တင်ခဲ့သည်။ မော်စီကို ထောက်ခံသူများအနေဖြင့် ဥပဒေနှင့်ညီညွတ်စွာ အမြန်ဆုံးလူစုခွဲကြရန် အီဂျစ်ပြည်ထဲရေးဝန်ဋ္ဌ ကြီး မိုဟာမက်အီ ဘရာဟင် (Mohammed Ibrahim) က တိုက်တွန်းသတိပေးခဲ့သည်။ ၄င်းတို့အနေဖြင့် ဆင် ခြင်တုံတရားရှိကြရန်နှင့် အိမ်ပြန်ကြရန် ၀န်ကြီးက ဆန္ဒပြသူများအား တောင်းဆိုခဲ့သည်။ မွတ်စလင်ညီအစ်ကိုများအဖွဲ့ကမူ သွေးထွက်သံယိုမှုအား “အစုလိုက်အပြုံလိုက် လူမဆန်စွာ သတ်ဖြတ် ခြင်း” ဟု သမုတ်ခဲ့ပြီး၊ အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာအာခံရန် ၄င်းတို့၏သန္နိဋ္ဌာန်မှာ ထိုအဖြစ်အပျက် ကြောင့် ပိုမိုခိုင်မာလာခဲ့သည်ဟု ကြေညာချက်တစ်စောင်ထဲတွင် ဆိုထားသည်။ အီဂျစ်နိုင်ငံတွင် ကိုင်ရိုမြို့အပါအ၀င် အခြားနေရာများ၌ ဆန့်ကျင်ဘက်အုပ်စုများ အပြိုင်အဆိုင်စုဝေး ကာ ဆန္ဒပြခဲ့ကြပြီးနောက် စနေနေ့က ပဋိပက္ခပေါ်ပေါက်လာခြင်းဖြစ်သည်။ လေဆိပ်လမ်းမတွင် ခဲများဖြင့် ပစ်ပေါက်နေသည့် ဆန္ဒပြသူများအား ရဲများက မျက်ရည်ယိုဗုံးသုံးကာ နှိမ် နင်းခဲ့သည်ဟု အီဂျစ်အစိုးရမီဒီယာနှင့် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြသော်လည်း၊ မျက်မြင် သက်သေများကမူ လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ကျည်ဆန်အစစ်များအသုံးပြုခဲ့သည်။ Mizzima - News in Burmese
Posted on: Mon, 29 Jul 2013 06:59:35 +0000

Trending Topics



Recently Viewed Topics




© 2015