ကိုယ့်နိုင်ငံက - TopicsExpress



          

ကိုယ့်နိုင်ငံက မိဘလုပ်တဲ့သူက သေချာ သွန်သင်ဆုံးမလို့ သားသမီးကို အားကစားလုပ်စေဖို့ initiative လုပ်ပေးဖို့ဝေးလေစွ .. ကလေးခန္ဓာကိုကြီးထွားအောင် အရိုးဖွဲ့စည်းမှု အားကောင်းအောင် မစဉ်းစားပဲ .. ည ဘီယာဆိုင် အရက်ဆိုင်ထိုင်ပြီး သောက်လိုက် ပေါက်လိုက် လုပ်နေကြတဲ့ အဖေလုပ်သူတွေ တစ်ပုံကြီး .. ကလေးတွေကြည့်တော့ ပိန်လိမ်နေကြတယ်။ စဉ်းစားဖို့တော့ အချိန်တန်ပြီ။ သူများနိုင်ငံက ကျောင်းတွေမှာ ကလေးတွေကို စီမံချက်နဲ့ နွားနို့နေ့တိုင်းတိုက်လို့ ကာယ ဥာဏ ထွန်းကားအောင် စီမံကိန်းချ စီစဉ်နေချိန် .. နို့အတွက် .. အမြင်မရှိပဲ .. ဟာသလုပ်နေရင်တော့ .. ကိုယ့်သားသမီးပဲ ဆိုးကျိုးခံစားရမှာပဲ။ Behaviorism အရ မိဘလုပ်သမျှ သားသမီးလိုက်လုပ်ဖို့ အခွင့်အရေးရလာတာကြောင့် .. မူးလာတဲ့ တစ်နေ့ .. ဆုံးမဖို့ ခက်သွားလိမ့်မယ်။ တိုင်းပြည်ရဲ့ တစ်ဦးချင်းစွမ်းရည်ချင်း မပြောနဲ့ အမြင်ချင်းယှဉ်ရင်တော့ နှိမ့်ကျ နေတယ် ဆိုတာ သိသင့်တယ်။
Posted on: Sat, 25 Jan 2014 05:18:10 +0000

Trending Topics



Recently Viewed Topics




© 2015