ကိုကိုထွေး xxxxxxx - TopicsExpress



          

ကိုကိုထွေး xxxxxxx ...................မဟာမုနိဘုရားကြီး ရွှေသင်္ကန်းကပ်လှူရာနေရာသို့ မိန်းမလျာများ တက်ရောက်ခွင့်မပြုတော့ Tuesday, August 13, 2013 မဟာမုနိဘုရားကြီး ရွှေသင်္ကန်းကပ်လှူခွင့်အတွက် အမျိုးသားများကိုသာတက်ရောက်ခွင့်ပြုသော်လည်း မိန်းမလျာများမှာ အမျိုးသမီးအ၀တ်အစားများကို ၀တ်ဆင်ကာတက်ရောက်မှုများ ရှိနေသည့်အတွက် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန် တက်ရောက်ခွင့်ကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု မဟာမုနိ ဘုရားဂေါပကအဖွဲ့မှ သိရသည်။ `ဘုရားကို ရွှေသင်္ကန်းကပ်လှူပူဇော်တာမှာ ယောက်ျားတွေကိုပဲ တက်ရောက်ခွင့်ပြုတာဖြစ်ပေမယ့်၊ ယောက်ျား ဖြစ်ပေမယ့် မိန်းမလျာဖြစ်နေတဲ့သူတွေက မိန်းမအ၀တ်အစားဝတ်ဆင်တာတို့၊ မိတ်ကပ်လိမ်းချယ်ပြီး ကပ်လှူတာတို့ကြောင့် အရင်နှစ်က ပြဿနာဖြစ်ခဲ့ဖူးပါတယ်၊ ဒါကြောင့် အခုတောင်ပြုန်းပွဲတော်ကာလမှစပြီး တက်ရောက်ခွင့်ပြု တော့မှာမဟုတ်ပါဘူး´ဟု မဟာမုနိဂေါပကအဖွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဘုရားဖူးပြည်သူများက မိန်းမလျာများကို မိန်းမအသွင်မြင်ကာ ဂေါပကအဖွဲ့အား အထင်အမြင်သေးနိုင်ခြင်း၊ တိကျသေချာသော စည်းကမ်းချက်များ ထုတ်ပြန်ထား ရှိလိုခြင်းနှင့် ဘုရားဖူးပြည်သူများ စိတ်အနှောင့်အယှက် မဖြစ်ပေါ်စေရေး ရည်ရွယ်ကာ ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။ ရွှေသင်္ကန်းကပ်လှူခြင်းပြုလုပ်ရာ အ၀င်လမ်းတွင် ဘုရားကြီးလုံခြုံရေးများကို ချထားဆောင်ရွက်ကာ မိန်းမလျာ များကို စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာများကိုလည်း ဂရုပြုဆောင်ရွက် သွားမည်ဖြစ်ကြောင်း နှင့် CCTVများကိုလည်း တပ်ဆင်ထားရှိကာ လိုအပ်သလို ထိန်းသိမ်းဆောင်ရွက်နိုင်ရေး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ `ဘုရားကြီးအတွင်း လိုအပ်တဲ့စည်းကမ်းချက်တွေကို ဆောင်ရွက်နိုင်အောင်၊ ပြဿနာတွေ ဖြေရှင်းနိုင်အောင် လုံခြုံရေးအတွက် လုံခြုံရေးအင်အား ၆၀ကျော်ခန့်အပ်ထားရှိပြီး ဆောင်ရွက်နေပါတယ်၊ ဒါ့အပြင် စီစီတီဗွီကင်မရာ ဆယ်လုံးနဲ့လည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်´ဟု ဘုရားလုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ထို့အပြင် ဘုရားကြီးပရ၀ဏ်အတွင်း ခိုးဆိုးနှိုက်များကိုလည်း နေ့စဉ် ဘုရားကြီးလုံခြုံရေးအဖွဲ့နှင့် နယ်မြေ အလိုက် တာဝန်ကျရဲများဖြင့် အရေးယူမှုများပြုလုပ်လျက်ရှိပြီး ဘုရားကြီးဝန်းကျင်တွင် ကော်ရှူမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ကော်ရှူသူများကိုလည်း အရေးယူဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ကော်ရှူသူ ၁၁ဦးအထိ ဖမ်းဆီးကာ သက်ဆိုင်ရာရဲဌာနသို့ အပ်နှံဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။ “ခွဲခြားလိုစိတ်မရှိပေမယ့် ဒီလိုမျိုး အမျိုးသမီးအ၀တ်အစားဝတ်တက် တယ်ဆိုရင်တော့ တားမြစ်သင့်ပါတယ်”ဟု ချမ်းအေးသာစံမြို့နယ်နေ ကိုနန္ဒက ပြောသည်။ myitmakhamediagroup/news/စာပေနှင့်-ယဉ်ကျေးမှု/ By: Myanmar Online News ko ko htwe ++++++++++++
Posted on: Tue, 13 Aug 2013 12:31:35 +0000

Trending Topics



Recently Viewed Topics




© 2015