ကုလသမဂ္ဂ ဦးဆောင်၍ - TopicsExpress



          

ကုလသမဂ္ဂ ဦးဆောင်၍ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အစိုးရ၀န်ကြီးဌာနများ မြန်မာ့စီးပွားရေးဖွံ့ဖြိုးရေး ဆွေးနွေး =============================== နိုင်နိုင်ဇော် ၊ အောင်သူ =============================== ရန်ကုန် ၊ စက်တင်ဘာ ၂၅ ။ ။ ကမ္ဘာ့ ကုလသမဂ္ဂ ဦးဆောင်သော နိုင်ငံ တကာ အဖွဲ့အစည်းများနှင့် မြန် မာနိုင်ငံရှိ ဝန်ကြီးဌာနပေါင်းစုံပါ ဝင်သည့် Myanmar Business and Development Week အား စက်တင်ဘာ ၂၃ရက်မှစက်တင် ဘာ ၂ရရက်အထိ ကုန်သည်စက် မှု အသင်းချုပ်၌ ငါးရက်ကြာကျင်း ပနေကြောင်း သိရသည်။ မြန်မာ့ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပထမဆုံးအကြိမ်ကျင်း ပသည့် အဆိုပါဆွေးနွေးပွဲအား UN Cluster on Trade and Productive Capacity ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဂျပန်နိုင်ငံ၊ ကို ရီးယားသမ္မတနိုင်ငံအစိုးရ၊ အာ ရှဖွံ့ဖြိုးရေးဘဏ်၊ UNDP ၊ UNEP ၊ World Bank Group ၊ GIZ တို့နှင့်အတူ စီးပွားကူးသန်း ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ UMFCCI တို့ပူးပေါင်းလုပ်ဆောင် ခြင်းဖြစ် သည်ဟုသိရသည်။ ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များ အသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးဆန်း လင်းက 'နိုင်ငံစီးပွားရေးအတွက် လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး ဖြည့်ဆည်းဖို့ လိုအပ်တာတွေ၊ ဘယ်လိုနည်းတွေနဲ့ လုပ်ကိုင်သင့် တယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ရေရှည် ရှင်သန်ဖွံ့ဖြိုးဖို့နဲ့ ဆင်းရဲမွဲတေမှု လျော့နည်းဖို့ အတွက်အလုပ်အ ကိုင် အခွင့်အလမ်းတွေ ဖန်တီးမှု တွေကို ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာ ဒီကဝန်ကြီးဌာနတွေ လုပ် ငန်းရှင်တွေ နိုင်ငံတကာပညာရှင် တွေဆုံပြီး လုပ်တဲ့အတွက် မြန်မာ နိုင်ငံအတွက် သိပ်ကောင်းတဲ့ ရလဒ် တွေပါ'ဟု ဆိုသည်။ အဆိုပါ ဆွေးနွေးပွဲအား အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ စီးပွားကူးသန်း၊ သမဝါယမဝန်ကြီး ဌာန၊ လယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယ် ယူပို့ဆောင်ရေးဝန်ကြီးဌာန၊ ရ ထားပို့ဆောင်ရေးဝန်ကြီးဌာန၊ စက်မှု၊ ဟိုတယ်နှင့်ခရီးသွားလာရေး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အလုပ်အကိုင် ရရှိရေးနှင့် အလုပ် သမားဝန်ကြီးဌာန၊ မြန်မာ နိုင်ငံ တော်ဗဟို ဘဏ်၊ ပြည်ထောင်စု လွှတ်တော်ရေးရာကော်မတီ၊ SMEs ဗဟိုဌာနတို့မှ တက်ရောက် ဆွေး နွေးခဲ့သည်ဟု ကုန်သည်စက် မှုအသင်းမှသိရသည်။ Mr.Nelson C.VL Cung က 'ဒီပွဲမှာ အဓိကဆွေးနွေးဖြစ် တာတွေ က မြန်မာ့စီးပွားရေး လုပ် ငန်းတွေရဲ့ အသေးစားလုပ်ငန်း ပိုင်းတွေမှာ ဘယ်လိုနည်းလမ်း တွေနဲ့ လုပ်ကိုင်ကြမလဲ၊ အမျိုး သားပို့ကုန်မဟာဗျူဟာ ဘယ်လို ရေးဆွဲလုပ်ကိုင်မလဲ၊ SMEs များ အတွက် လုပ်ငန်းရှင်အဖွဲ့ဝင်တွေ ဖွံ့ဖြိုးဖို့အတွက် နိုင်ငံတကာမှာ ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်နေ ကြလဲ။ နိုင်ငံတကာလုပ်ထုံးလုပ် နည်းတွေ၊ နိုင်ငံတကာလုပ်ငန်း ရှင်တွေ စီးပွားရေးမှာပါဝင်လာ တဲ့အတွက် သူတို့နဲ့ပတ်သက်တဲ့ အငြင်းပွားဖို့ အတွက် ဖြေရှင်းမယ့် ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်စရာ တွေ ကို ဆွေးနွေးတဲ့ အတွက် ဒီမှာ ဒါတွေ သိပ်အားနည်းနေတာတွေ အများကြီးပဲ။ ဒါတွေအချိန်မီပြင်ဆင်လုပ်ပေးမှ နိုင်ငံတကာစီးပွား ရေးလုပ်ငန်းတွေ ဝင်လာနိုင်မယ်'ဟုဆိုသည်။ Yangon Media Group
Posted on: Thu, 26 Sep 2013 12:28:06 +0000

Trending Topics



Recently Viewed Topics




© 2015