ကျနော် ဒီနေ့ pass port - TopicsExpress



          

ကျနော် ဒီနေ့ pass port သွားလုပ်ပါတယ်။ အစစ အရာရာ အားလုံးအဆင်ပြေချောမွေ့ပါတယ်။ အရင်လိုလည်း သိပ်မကြာပါဘူးဗျ။ ၂ နာရီလောက်ပါဘဲ။ ဘာဘဲဖြစ်ဖြစ် ပြောင်းလည်းလာတယ်လို့ ယုံကြည်မိပါတယ်။ အဲ့ဒီမှာ ကျနော်ကို စစ်ဆေးတဲ့ ရဲအုပ်က ရည်ရည်မွန်မွန်နဲ့ အဆင်ပြေစွာ ဆောင်ရွက်ပေးပါတယ်။ အခြားအဆင့် ရဲဝန်ထမ်းတွေလည်း အားလုံးလိုလို အဆင်ပြေအောင် ဆက်ဆံကြတာတွေ့ရတော့ ၀မ်းသာမိပါတယ်။ (ချွင်းချက်တော့ရှိပါတယ်) ။ ကျနော်က Black List အပြင် အရင်က ၉တန်းအောင်နဲ့လိမ်ပြီး Pass port လုပ်ထားတဲ့အမှုတွဲတွေရှိတော့ သူက အစအဆုံး သေသေချာချာ စေတနာပါပါနဲ့ကို လိုက်လုပ်ပေးရှာတာပါ။ ကျနော် သူ့ကို ပိုက်ဆံတပြားမှပေးမထားပါခင်ဗျာ။ အခုလို ရဲဝန်းထမ်းကောင်းလေးတွေ တွေ့ရတော့ နောင်ဆို ပြည့်သူရဲတွေ အဖြစ် ပြည်သူကယုံကြည်အားကိုးလာမှာဆို ပြီး ပီတိဖြစ်မိပါတယ်။ အခုလို အရာရှိငယ်တွေ၊ ၀န်ထမ်းတွေက အားတက်သရော တိုင်းပြည်တည်ဆောက်ရေးမှာ ပါလာရင်သိပ်ကောင်းမှာဘဲလို့ တွေးမိပါတယ်။ နာမည်ကို ကာယကံရှင်ဆီမှာ ခွင့်မတောင်းဘဲရေးမိတာ ခွင့်လွှတ်ပါ။ ၀မ်းသာလွန်းလို့ပါ မိတ်ဆွေများခင်ဗျာ။ အရာရှိနာမည်က ရဲအုပ် ဇော်နိုင်လင်းပါ။ ကျေးဇူးတင်ပါသည်။ ကျော်စွာဦး
Posted on: Tue, 09 Jul 2013 11:28:04 +0000

Trending Topics



Recently Viewed Topics




© 2015