ကျနော်မြင်သော - TopicsExpress



          

ကျနော်မြင်သော သူတို့ရဲ့ အစီအစဉ် ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ၁။ ယခုမျက်မှောက် အခြေအနေသည် အာဏာရှင်များကို အာဏာရှင်ဆန့်ကျင်သောအဖွဲ့အစည်းများက အောင်ပွဲခံပြီး အာဏာရှင်များကျဆုံး၍နေပြီး ပြည်သူတွေ အားတက်နေသော အချိန်ဖြစ်သည်။ ထိုအချိန်ကို ပျော့ပျောင်းသော သဘောထားဖြင့် ဒီမိုကရေစီအရေခြုံစစ်အာဏာရှင်စနစ်ကိုသုံး၍ ကျော်ဖြတ်ရန်။ ၂။ ဒီမိုကရေစီ အမည်တပ်ပြီး ဒေါ်စုအား လွှတ်တော်ထဲထည့်ပြီး ဒေါ်စု ဘာမျှမလုပ်နိုင်အောင် ပြုလုပ်ခြင်းဖြင့် ဒေါ်စု၏ နိုင်ငံရေး ကျော်ကြားမှုကို ဖျက်ဆီး၍ political paralysis ဖြစ်အောင် လုပ်ရန်။ ၃။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ယာယီအပစ်အခတ်ရပ်စဲမှု ပြုလုပ်၍ လက်နက်အင်အား လူအင်အား ငွေအင်အား စုဆောင်းရန် ၄။ ဒီမိုကရေစီအင်အားစုများကို ကူညီတတ်သော အမေရိကန် နှင့် အီးယူ နိုင်ငံများနှင့် သဟဇာတဖြစ်၍ တိုင်းရင်းသားလက်နက်ကိုင် များအပေါ်သြဇာညောင်းမှုထူထောင်ရန် ၅။ အမေရိကန်မှ ဖိအားပေးလာလျှင် တရုပ်စစ်တပ်ကို အသုံးပြုရန် တရုပ်နှင့် စစ်ရေးပူးပေါင်းမှု စာချုပ်ထားသည်။ ၆။ တရုပ်မှ ဖိအားပေးလာလျှင် အမေရိကန်ကိုအသုံးပြုရန် အမေရိကန်နှင့် စစ်ရေးပူးပေါင်ဖို့ ကြိုးစားနေသည်။ ၇။ အခြေအနေကောင်းလျှင် အာဏာရှင်စနစ်ကို ပြောင်ပြောင်တင်းတင်း ပြန်လည်အသက်သွင်းရန် ၈။ ဘာမျှမအောင်မြင်ဘဲ ထင်သလိုမဖြစ်လာဘဲ အန္တရယ်ရှိလာပါက အသုံးပြုရန် ၁၁ ဘီလီယံကို ဘဏ်တွင်အပ်ထား၏။ ထွက်ပြေးလွတ်မြောက်ရာတွင်လည်းသုံးနိုင်သည်။ လွယ်လွယ်နဲ့တော့ ထွက်ပြေးမည်မဟုတ်ပါ။
Posted on: Sun, 29 Sep 2013 16:03:00 +0000

Trending Topics



Recently Viewed Topics




© 2015