ခင်းကျင်းဒီဇိုင်း - TopicsExpress



          

ခင်းကျင်းဒီဇိုင်း ပညတ်တော် ၁၃၆ ရှည်လျားတဲ့ စာတွေကို စာမျက်နှာတွေမှာ ခင်းကျင်းတဲ့အခါ နေရာတိုင်းမှာ style Sheet ထဲ style သွင်းပေးထားဖို့ လိုပါတယ်။ အဲဒါမှ ဒူးနေရာ ဒူး တော်နေရာတော် style မှန်မှန် ကန်ကန်နဲ့ လုပ်ပေးနိုင်မှာ ဖြစ်ပြီး မနှစ်သက်လို့ စတိုင်လ် ပြင်ရပြီ ဆိုတော့ တစ်ခုချင်း လိုက်ပြင်ပေးနေဖို့ မလိုအပ်ဘဲ style မှာ တစ်ချက် ၀င်ပြင်ရုံဖြင့် တစ်အုပ်လုံး ပြင်ပြီးသား ဖြစ်သွားပါမယ်။ ဘိုးထိုးတာ၊ စောင်းတာ၊ ကြဲတာ ၊ အရွယ်အစား၊ အရောင် စသဖြင့် စိတ်တိုင်းကျအောင် လုပ်ပြီးတဲ့အခါ စာတွေကြားမှာ ကာဆာချပြီး new paragraph style (panel ရဲ့ အောက် ၀ဲဘက်ထောင့်မှာ ရှိတဲ့ အမှိုက်ပုံးဘေးမှ စာရွက်အလန်ကို ကလစ်လုပ်)ခေါ်ပြီး အမည်ပေးကာ စတိုင်လ်ကို အမည်တပ်ပေးလိုက်ပါ။ new paragraph style အရင်ခေါ် နာမည်ပေး၊ ပြီးမှ ကိုယ်လိုချင်တာကို preview နဲ့ ဖွင့်ပြီး စတိုင်လ်ထိုးတာက ကြာတယ်။ တစ်ခုချင်း တစ်ပေါက်ချင်း လိုက်လုပ်နေရတယ် မဟုတ်လား။
Posted on: Wed, 17 Jul 2013 14:39:38 +0000

Trending Topics



Recently Viewed Topics




© 2015