ခင်ဦး-မုံရွာသွား - TopicsExpress



          

ခင်ဦး-မုံရွာသွား မီးရထား(လူစီးလော်ကယ်) ရထားမောင်းကျွမ်းကျင်မှုကြောင့် အန္တရာယ်မှလွတ်မြောက် *********************************************************** Thursday, September 19, 2013 ခင်ဦး-မုံရွာ မီးရထားလမ်းရှိ တံတားအမှတ်(၃၀၆)မှာ ရေတိုက်စား ၍ ပျက်စီးနေသော်လည်း ရထားစက် ခေါင်းမောင်း၏ သတိနှင့်လုပ်ငန်း အတွေ့အကြုံအရခရီးသည် ၂၀၀ ခန့် ၏ အသက်နှင့် ရထားပျက်စီးဆုံးရှုံးမှုတို့ ဘေးအန္တရာယ်ကြားမှ ကာကွယ်နိုင်ခဲ့ ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးဘူတာမှ မီးရထားစက်ခေါင်း အမှတ် (DD-၉၄၉)၊ ရထားအမှတ် (၆၀) အစုန် လူစီးလော်ကယ်ရထားမှာ စက်ခေါင်းမောင်း(၂) ဦးခင်ဦး၊ လက်ထောက်(၁) ဦးအောင်ကျော်ဦး၊ ရထားထိန်း ဦးအောင်မြင့် ခိုင်တို့သည် စက်တင်ဘာ ၁၂ ရက် နံနက် ၅ နာရီ တွင် မုံရွာသို့ စတင်ထွက်ခွာလာခဲ့ ကြောင်း၊ မိုးမှောင်ကျနေပြီး အလင်း ရောင် ထင်ထင်ရှားရှား မမြင်ရသေး၍ ရှေ့မီးမောင်းကြီးဖွင့်လျက် မောင်းနှင် လာခဲ့ရာ နံနက် ၅ နာရီ ၄၅ မိနစ် တွင် မိုင်တိုင်အမှတ် (၅၂၁/၁-၂) ကြားတွင်ရှိသော တံတားအမှတ် (၃၀၆) မူးတိမ်ချောင်းတံတားအနီး ရှေ့မီးရောင် အဆုံး၌ တံတားပေါ်ရှိ သံလမ်းအနည်းငယ်ကွေးပြီး နိမ့်နေ ကြောင်း စက်ဗိုလ်က မူမမှန်သော မြင်ကွင်းကို သိရှိရ၍ အန္တရာယ် အနေအထားဟု အမြန်ဆုံး ဆုံးဖြတ် ချက်ချကာ တွဲဆိုင်းဘရိတ်အား အသုံးပြုပြီး ရထားကို အမြန်ဆုံး ရပ်တန့်ခဲ့ရာ တံတားအနီးပေ ၂၀ ခန့် အကွာ၌ ရထားအားရပ်တန့်နိုင်ခဲ့ ကြောင်း သိရှိရသည်။ တံတားအမှတ် (၃၀၆) သည် မိုးရွာ သွန်းမှုကြောင့်လည်းကောင်း၊ ဆည် မြောင်းရေများစီးဝင်မှုကြောင့်လည်း ကောင်း၊ တံတားကာတာ (သံပေါင်)ရေထဲပြုတ်ကျပြီး ကမ်းကပ်ခုံသည် ရေထဲမျောပါသွားကာ ရထားသံလမ်း များသာ တွဲလျောင်းကျန်ရစ်နေ ကြောင်း သိရသည်။ ရထားစီးခရီးသည် တစ်ဦးက ရထားစက်ခေါင်းစက်ဗိုလ်မှာ သတိနှင့် လုပ်ငန်း အတွေ့အကြုံရှိ၍ ရထားနှင့် ခရီးသည် ၂၀၀ ခန့်တို့၏ အသက် အန္တရာယ်နှင့် ပစ္စည်းများဆုံးရှုံးမှုမဖြစ် ပေါ်ခဲ့ကြောင်း၊ သို့မဟုတ်ပါက ဆက်လက်ပြီး တံတားကို ဖြတ်သန်း သွားမိခဲ့လျှင် မတွေးရဲစရာဖြစ်မိ ကြောင်း၊ ရထားစက်ဗိုလ်နှင့် ဝန်ထမ်း များကို အထူးကျေးဇူးတင်ပါကြောင်း ပြောကြားသည်။ တံတားအမှတ် (၃၀၆) ပျက်စီးသွား ၍ ရထားအသွားအလာ ပျက်သွား သော်လည်း ရထားစီးခရီးသွားပြည် သူများ၊ အဝေးသင်တက္ကသိုလ်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား ကျောင်း သူများ လမ်းပန်းဆက်သွယ်မှု မပြတ် တောက်စေရန် အတွက် မြန်မာ့မီးရ ထားမှဝန်ထမ်းများက အမြန်ဆုံး ပြုပြင် တည်ဆောက်ပေးမှုကြောင့် စက်တင်ဘာ ၁၈ ရက် နံနက်မှစ၍ ရထားများ ပုံမှန်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
Posted on: Thu, 19 Sep 2013 02:18:48 +0000

Trending Topics



Recently Viewed Topics




© 2015