"ခုချိန်ထိအာင် - TopicsExpress



          

"ခုချိန်ထိအာင် ကံကောင်းနေဆဲပါပဲ" ရပ်ကွက် အနောက်ဆာ လေ သိကြလား? မိုက်ခဲ ဆိုရင်လည်း မှန်တယ် ဖုန်း မဲနှိုက်ကြေငြာသူကို ပြောတာပါဗျာ... သူက အော်တယ်ဗျ ဘာတဲ့ သူဆိုနေတဲ့ သံစဉ်က ကျွန်တော်တို့ နိုင်ငံမှာတော့ ပရိသတ်အားပေးမှုအများဆုံးနဲ့ ကမ္ဘာ့တေးရေး တေးဆိုတွေထက်တောင် အောင်မြင်မှုစံချိန်သစ် ဆိုလည်း မှန်တယ်ဗျာ... အဲဒိခေါင်းစဉ်က ကျွန်တော်တို့ တနိုင်ငံလုံး တစ်ချိန်ထဲ ပေါက်ထွက်သွားတယ်လေ...ဘာတဲ့ "ဗလာပါ ခင်ဗျာ" တဲ့လေ လူမျိုး ဘာသာ ရဟန်းရှင် လူငယ် လူကြီး ကလေးအားလုံး အော်တတ်နေကြပြီလေ... "ဗလာပါ ခင်ဗျာ" ဟားဟား ဟား ဟား .... ဒါနဲ့ပဲ ရပ်ကွက်မိုက်ခဲ က အော်ပါလေရော "ဦးမင်းလူသစ် ဗလာပါခင်ဗျာ" ဟားဟား........................................ ဒါနဲ့ဆို ရပ်ကွက်မှာ နှိုက်တာ 3 ကြိမ်ပေါ့ဗျာ ကျွန်တော်က ဝန်ထမ်းဆိုတော့ စက်ရုံမှာ နောက်တစ်ကြိမ်တောင် အပိုဆောင်း ရခဲ့ပါသေးတယ် ပေါင်း 4 ကြိမ်ပေါ့ ခုချိန်ထိအောင် ကံကောင်းနေဆဲပါပဲ ... အများအမြင်တော့ ကံဆိုးတယ်ထင်မှာပေါ့လေ ကျွန်တော့အတွက်တော့ ကံကောင်းတယ်ထင်တာပဲ...ဘာလို့လဲဆိုတော့ လက်ရှိကမ္ဘာမှာ CDMA NETWORK သုံးတဲ့နိုင်ငံ မရှိသလောက်ရှားပါးခြင်းကြောင့်ပါ နိုင်ငံတကာသုံး စကားက English ဖြစ်သလို တစ်ကမ္ဘာလုံးသုံး Network က GSM ဖြစ်နေလို့ပါပဲ.... Mobile Handset ထိပ်တန်းတွေဖြစ်တဲ့ အမေရိကန် တောင်ကိုရီးယား ဂျပန် ပြင်သစ် စတဲ့နိုင်ငံတွေက ထုတ်လုပ်တဲ့ Handset တွေမှာ CDMA SIM CARD ထည့်သုံးလို့လည်း မရပါဘူး China ပဲရမှာပါဗျာ အင်း စကားကြီး စကားကျယ်တွေတောင် ပြောမိကုန်ပါပြီ (မဲ မပေါက်လို့ ) ဟားဟား ဟား ... ဒါကြောင့်မို့ ကျွန်တော်က "ခုချိန်ထိအောင် ကံကောင်းနေဆဲပါပဲ" မဲပေါက်သူတွေလည်း ကံကောင်းကြပါတယ် ပြန်ရောင်းစားနေကြတော့ 50000, 60000, 70000, 80000 ရကြလို့လေ ဟားဟား ဟား ဟား ..........
Posted on: Thu, 27 Jun 2013 05:16:37 +0000

Trending Topics



Recently Viewed Topics




© 2015