ဂန့်ဂေါမြို့၌ - TopicsExpress



          

ဂန့်ဂေါမြို့၌ နိုင်ငံခြားသား ဇနီး မောင်နှံ ကြိုးတံတား လှူဒါန်း မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့ နယ် ပိုဦး ကျေးရွာတွင် ဆွစ်ဇာလန် နိုင်ငံသား ဇနီး မောင်နှံမှ လှူဒါန်းသော သံမဏိ ကြိုးတံတားမှာ ယမန်နေ့က တပ်ဆင် ပြီးစီး ခဲ့သည်။ ဂန့်ဂေါမြို့ အနီးမှ ပိုဦး ကျေးရွာသို့ သွားပါက ကွမ်းဇဲ ချောင်းကို ဖြတ်ကူး ရသည်။ အဆိုပါ ချောင်းအား ဖြတ်ကူး နိုင်ရန် မူလက ဒေသခံ များသည် ကိုယ်ထူ ကိုယ်ထ ပျဉ်ခင်း တံတားကို အသုံးပြု ခဲ့ကြပြီး တံတားသည် ရေကြီး ချိန်တွင် ရေနှင့် အတူ မျောပါ သွားခဲ့သည်။ ယင်း တံတား နေရာတွင် ဆွစ်ဇာလန်နိုင်ငံသား ဇနီးမောင်နှံ တို့က သံမဏိကြိုး တံတားကို အစားထိုး လှူဒါန်း တပ်ဆင် ပေးခဲ့ခြင်း ဖြစ်သည်။ ကြိုးတံတား လှူဒါန်းသည့် အလှူရှင် များနှင့် ဆက်သွယ်မှု ရရှိခဲ့သည့် ပိုဦးရွာမှ ဦးငွေဆန်းက 'ကျွန်တော်တို့ ရွာက ကွမ်းဇဲချောင်းကို ဖြတ်ကူး ရပါတယ်။ ကိုယ်ထူ ကိုယ်ထ ပျဉ်ခင်း တံတား ရေထဲ မျောပါ သွားသည့် အတွက် အစားထိုး ပြန်ဆောက် နိုင်ဖို့ စီစဉ် ခဲ့ကြပါတယ်။ အဲဒီမှာ ဂန့်ဂေါမြို့က လွှတ် တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် တွေ့ဆုံပြီး အကူ အညီ တောင်းခံ ခဲ့ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်၏ အကူအညီနှင့်ဆွစ်ဇာလန် နိုင်ငံသား ဇနီး မောင်နှံ တို့နှင့် လုပ်ဖော် ကိုင်ဖက်များ ဖြစ်ကြသည့် Read More >> myawady.mm/allnews/local/item/18271-2013-07-02-10-04-20
Posted on: Tue, 02 Jul 2013 05:46:28 +0000

Trending Topics



Recently Viewed Topics




© 2015