ဂျပန်ကားများ၏ Mileage - TopicsExpress



          

ဂျပန်ကားများ၏ Mileage ပြသာနာ ယခုတလော ဂျပန်ကားများ၏ Mileage လျော့တဲ့ပြဿနာက ဆောင်း ပါးများတွင် ရေးကြီးခွင့်ကျယ် ဖွထား ကြတာကိုတွေ့ရသည်။ ဆောင်းပါး ရေးသူက နားမလည်လို့လား၊ အင် တာဗျူးကိုဖြေတဲ့ လုပ်ငန်းရှင်က နား မလည်လို့လား၊ တံစိုးလက်ဆောင် ပေးပြီး ရေးခိုင်းလို့လားတော့ မပြော တတ်ပါ။ ဒီတော့ စာရေးသူလဲ မနေ နိုင်တော့လို့ အများပြည်သူနားလည် အောင် ဒီဆောင်းပါးလေးကို ဗဟု သုတရစေလိုတဲ့ စေတနာနဲ့ရေး လိုက်ပါတယ်။ ဂျပန်ကားကို နိုင်ငံတကာက ၀ယ်နေကြတယ်။ ဂျပန်ကလဲ နိုင်ငံ တကာကို ရောင်းတယ်။ ဒီလိုဆိုရင် ဂျပန်က Export လုပ်တဲ့ စနစ်ကောင်း တစ်ခုမက ရှိနေမှာအမှန်ပင်ဖြစ်ပါ တယ်။ နိုင်ငံအသီးသီးကလဲ သူတို့ ကြိုက်တဲ့ Export စနစ်နဲ့ ဂျပန်က ကားကို ၀ယ်နေကြတယ်ဆိုတာ ပြော ဖို့မလိုဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ ဂျပန် ကားဝယ်တာကို ကန့်သတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း မရှိသေးဘူးလို့ ပြောချင်တယ်။ ဆိုချင်တာက ဂျပန် Export လုပ်ရမယ့်စနစ်ကို မြန်မာ ပြည်က တိကျတဲ့ ဘောင်တစ်ခု စည်း မျဉ်းစည်းကမ်းတစ်ခု သတ်မှတ်ပေးရ မှာကိုဆိုလိုတာပါ။ Reconditioned အချက်(၆)ချက်နှင့် ညီရမယ်လို့ သတ်မှတ်ထားတယ်။ တကယ်တော့ ဘယ်သူမှ အဲဒီအချက်တွေနဲ့ မညီ နိုင်ဘူး။ ဘာလို့လဲဆိုတော အချက် (၆) ချက် ကိုပြောရင် - (၁) ပြီးပြည့်စုံသည့် အနေ အထားထိအောင် အင်ဂျင်စမ်းသပ် ခြင်း၊ လိုအပ်သလို ချိန်ဆပြင်ဆင် ခြင်း၊ လိုအပ်သော အပိုပစ္စည်းများ အစားထိုးပေးခြင်းပြုလုပ်ရမည်။ (၂) ယာဉ်အောက်ပိုင်း အတွက် ပြီးပြည့်စုံသောအန္တရာယ် ကင်းရှင်း စိတ်ချရရေးအတွက် ဘရိတ်အပါ အ၀င် လိုအပ်ချက်အားလုံး ပြင်ဆင် ခြင်း၊ လိုအပ်သော ပစ္စည်းအစား ထိုးလဲလှယ်ခြင်းများပြုလုပ်ရမည်။ (၃) ကားကိုယ်ထည်အား ဆေး မှုတ်ပြီး ဒဏ်ရာမရှိအောင် ပြင်ဆင် ထားရမည်။ (၄) အတွင်းခန်းကိုသန့်ရှင်း ထားရမည်။ (၅) ဘက်ထရီ အသစ်၊ တာ ယာ အသစ်ဖြစ်ရမည်။ (၆) အစိုးရ ခွင့်ပြုထားသော စစ်ဆေးရေးအဖွဲ့ထံတွင် စစ်ဆေးမှုပြု လုပ်ရမည်။ စတဲ့အချက်တွေပဲဖြစ်ပါတယ်။ အဲ့ဒီအချက် (၆) ချက်မှာ (၃) အချက် နှင့် (၆) အချက်ကိုဘယ်သူမှမလုပ်နိုင် ကြဘူး။ ဂျပန် 0riginal ဆေးကို ပြန်မှုတ်ရင် ဒီဈေးကွက်မှာ ရောင်း တန်းမ၀င်တော့ဘူး။ ဒီတော့ ဒဏ်ငွေ ကထိပြီလေ။ ဒီလိုဆိုတော့ ဘယ်သူမှ မပြင်တော့ဘဲ ဒီအတိုင်းတင်လာ ကြတာပေါ့။ ဒီဒဏ်ငွေဟာ အခုကား အစီးရေ (၂) သိန်းကျော်ရှိပြီဆိုတော့ ဒဏ်ငွေကျပ်သိန်းပေါင်း (၂) သိန်း ကျော် အကောက်ခွန် ဒဏ်ရိုက်ပြီးပြီလို့ ပြောရမှာပေါ့။ နောက်တစ်ခုက Export လုပ်တဲ့ကားကို ကီလို (Milage)ဘယ်လောက်ထက် မပိုမှ လက်ခံမယ်ဆိုတဲ့မူ သတ်မှတ်ထား တာ မရှိဘူးလေ။ ဒါကိုကားတင်သွင်း သူများအသင်းက တောင်းဆိုလို့ အကောက်ခွန်က လုပ်ပေးတာဆိုလဲ သဘာဝမကျဘူး။ အကောက်ခွန်ကို လူမိုက်ငှားတာပဲ။ တကယ်တမ်းကျတော့ မသိလို့ လား၊ နားမလည်လို့လားတော့ မသိဘူး။ ဂျပန်ကားတွေကို Export လုပ်ရင် Export Certificate ဆိုတာ မပါမဖြစ်ဘူး။ ဂျပန်ကနေ တင်တဲ့ ကားတိုင်း Export Certificate ပါရတယ်။ နောက်ဆုံး ကားပိုင်ရှင်မှာ Copy တော့ရှိရမယ်။ အဲ့ဒီ Export Certificateမှာရောက်ရှိ ကီလို (Milage) ကို Export လုပ်ဖို့ Export Certificate ထုတ်တဲ့ အချိန်မှာ တစ်ခါတည်းဖော်ပြပေး လိုက်ပြီးသားပါ။ ဒါကြောင့် ဂျပန် ကားဝယ်တဲ့ဝယ်သူများ ဗဟုသုတ ရစေခြင်းငှာ မိမိဝယ်တဲ့ ကားကို ကီလို (Milage) သေချာ သိချင်တယ် ဆိုရင် အဲ့ဒီ Export Certificate ကိုတောင်းကြည့်ပါ။ အဲ့မှာပါတဲ့ Kilo နဲ့ ကားရဲ့လက်ရှိ Kilo အနီး စပ်ဆုံး တူနေရပါမယ်။ ဒါဆိုရှင်း နေပြီပဲ။ ဘယ်သူမဆို ဂျပန်ကားကို Export လုပ်ရင်အဲ့ဒီ Certificate မပါဘဲ ဂျပန်နိုင်ငံကနေ ဒီကားထွက် လို့ကို မရပါဘူး။ ကားအစင်းလိုက် Export လုပ်မယ်ဆိုရင် သေချာ ပေါက် အဲ့ဒီလက်မှတ်ရှိမှ သဘောင်္ တင်လို့ ရမှာဖြစ်တဲ့အတွက် ကား တိုင်းမှာ အဲ့ဒီ Export Certificate ရှိကြောင်း အများသိစေချင်ပါတယ်။ ဒါဆိုရင် ရောင်းတဲ့သူက မူရင်း မပြနိုင်ရင်တောင် Copy လေးတော့ ပြနိုင်ရမှာပေါ့။ ဒီလိုဆိုရင် သွင်းလာတဲ့ကား တွေကို ဘယ်လိုပဲ လျှော့ထားထား ၀ယ်သူအများစုက ဒါလေးကိုစစ်မယ် ဆိုရင် အားလုံးသိသာစေတာပေါ့။ လျှော့ထားတဲ့ သူကတော့ သူ့ကားကို လျှော့ထားတာ မသိစေချင်ရင် ဘယ် လိုပဲပြခိုင်းခိုင်း မရှိဘူးပဲပြောမှာလေ။ စင်္ကာပူတို့ အခြားနိုင်ငံက တင်လာတဲ့ ကားတွေလဲ ဒီလိုပါပဲ။ Export Certificate (သို့မဟုတ်)Registation Cacellation Certificate ဆိုတာရှိတာပဲ။ ဒါမရှိရင်အကောက် ခွန်မှာ Tax ဆောင်ရင်ပြဿနာရှိ တယ်။ ကားထုတ်တဲ့အချိန် Custom မှာ Model စစ်ဆေးတဲ့အပိုင်းမှာ အထောက်အထား မစုံတဲ့အတွက် အ ခက်အခဲတွေရှိလာနိုင်တယ်။ Model အထောက်အထား အစုံအလင် တင်ပြ နိုင်ရင်တောင် Vin Code ဆိုတာကြီး နဲ့ ကိုင်ပေါက်ပြီး Model အမြင့်နဲ့ ဆောင်ခိုင်းနေတာဆိုတော့ (က.ည.န) မှာပြဿနာက ထပ်ပြီးတက်ပြန်ရော။ (က.ည.န) ကလဲ Model အနိမ့်လာ ရင် ဒဏ်ငွေ (၁) သိန်းရိုက်တယ်လေ။ ထားပါတော့ အကောက်ခွန်အကြောင်း (က.ည.န) အကြောင်း ရေးရပြောရ မယ် ဆိုရင်တော့ အရှည်ကြီးဖြစ်နေ မယ်။ ၀ယ်သူအများစုက ဂျပန်ကား ၀ယ်မယ်ဆိုရင် ကီလို (Milage)အမှန် အကန်သိဖို့ရာ Export Certificate ကိုသာ ရောင်းသူထံမှ တောင်းကြည့် လိုက်ပါလို့ ပြောချင်ပါတယ်။ ဂျပန် ကားတိုင်း Export Certificate ပါကြောင်းနဲ့ ကီလို(Milage)မှတ် တမ်းလည်းပါကြောင်း ဗဟုသုတရ စေခြင်းငှာ ဖော်ပြလိုက်ရပါသည်။ Credit: Auto World Journal
Posted on: Fri, 06 Sep 2013 10:20:25 +0000

Trending Topics



Recently Viewed Topics




© 2015