စာစီစာကုံး - TopicsExpress



          

စာစီစာကုံး ပန်းချီပြိုင်ပွဲ ယှဉ်ပြိုင် Thursday, 29 August 2013 မကွေးတိုင်း ဒေသကြီး ချောက်မြို့နယ် အမှတ် (၁ဝ) နယ်မြေ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အလယ်တန်းကျောင်း(၂) အေးစေတီကျောင်း၌ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး နှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပရာ မြို့နယ်အတွင်းရှိ အထက်တန်းကျောင်းနှင့် အလယ်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ စာစီစာကုံး ပြိုင်ပွဲကို 'လူ့ဘောင်ဘဝ လုံခြုံဖို့ လူကုန်ကူးမှု တိုက်ဖျက်စို့' ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပန်းချီ ပြိုင်ပွဲကို စိတ်ကြိုက် ပုံများဖြင့် လည်းကောင်း ယှဉ်ပြိုင်ကြရာ မြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူးတို့က ကြီးကြပ် အားပေးကြကြောင်း သိရသည်။ myawady.net.mm/allnews/local/item/23871-2013-08-29-11-06-53
Posted on: Thu, 29 Aug 2013 06:22:02 +0000

Trending Topics



Recently Viewed Topics




© 2015