စင်္ကာပူစံတော်ချိန် - TopicsExpress



          

စင်္ကာပူစံတော်ချိန် မနက်တနာရီခွဲတိတိရှိနေပြီ..အိပ်မရသေးပါ...တက်လာသမျှပုံလေးတွေကြည့်..ရဲဘော်ဟောင်းနဲ့ စကားပြော..ရင်း နောက်ကျောမှာရှိတဲ့ တီဗီဖန်သလင်းပေါ်က အသံကြောင့် ကျနော် ချက်ခြင်းလှည့်ကြည့်မိလိုက်သည်..... ပြည်တွင်း eleven media ရဲ့  အွန်လိုင်းရုပ်မြင်သံကြားအစီအစဉ်ပါ..ယူကျူပေါ်ကပါ.. အကြောင်းအရာကတော့ နိုင်ငံတော်သမတကြီးဦးသိန်းစိန် ဥရောပ ငါးနိုင်ငံခရီးသွားပြီးပြန်လာတာကို သတင်းလုပ်ထားတာပါ...အရင်က မြန်မာ့အသံကလုပ်နေကြ..ခုတော့သူတို့ ပါမစ်ရသွားလားမသိပါ. သတင်းကြေညာသူက ပြောတော့ ဥရောပငါးနိုင်ငံတဲ့..ရွတ်ပြတဲ့အထဲ သြစတေးလျနိုင်ငံကိုလည်းထည့်သွားပါတယ်.. နောက်တခုက ဘယ်နိုင်ငံကသမတများက ဖိတ်ခေါ်ချက်အရဆိုတဲ့ဟာကို ထပ်ဖတ်ပြပါတယ်.. အဲ့ဒီမှာလည်း သြစတေးလျနိုင်ငံသမတလို့ ပြောသွားပါတယ်.. အီလဲဗင်းဆိုတဲ့  မီဒီယာကြီးခင်ဗျာ... သြစတေးလျနိုင်ငံဟာ ဥရောပနိုင်ငံမဟုတ်ဘူးဆိုတာ သိပါသလား...(အာရှပစဖိတ်ဒေသနိုင်ငံ) သြစတေးလျနိုင်ငံရဲ့ အစိုးရအဖွဲ့ မှာ အကြီးမြင့်ဆုံးသူဟာ ၀န်ကြီးဖြစ်ပြီး...၀န်ကြီးချုပ်ဦးဆောင်တဲ့အစိုးရစနစ်ဖြစ်ပါတယ်..) သူတွေ့ ခဲ့တုန်းကဆို အမျိုးသမီးဝန်ကြီးချုပ် ဂျူလီယာ ဂီးလတ်ဖြစ်ပါတယ်.) တိုင်းသိပြည်သိ မီဒီယာလုပ်နေပြီး လူထုကိုအမှားကြီးနေတာ..ဟုတ်တော့ဘူးထင်တယ်နော်..
Posted on: Thu, 08 Aug 2013 17:39:02 +0000

Trending Topics



Recently Viewed Topics




© 2015