စက်တင်ဘာလ ၂၀ ရက်နေ့ - TopicsExpress



          

စက်တင်ဘာလ ၂၀ ရက်နေ့ မီဒီယာများနဲ့ တွေ့ဆုံမှုမှာ နိုင်ငံခြားဘဏ်စာရင်း ငါးခုမှာ ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားတယ်၊ အဲဒီလို အပ်ထားတဲ့အတွက် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံရဲ့ ကြွေးမြီတွေကို ဆိုတဲ့ သတင်းရေးသားချက်များနဲ့ပတ်သက်ပြီး တာဝန်ရှိသူများ ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဲဒီရှင်းပြချက်တွေထဲမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေ ကိစ္စပါဝင်ပါတယ်။ ဒီစာရင်းထဲမှာ ငွေဘယ် လောက်ရှိတယ်ဆိုတာကို လွှတ်တော်မှာလည်း တင်ပြထားပြီးဖြစ်ပါတယ်။ ဗဟိုဘဏ်ဥက္ကဌ က ရှင်းပြ တဲ့အခါ နိုင်ငံခြားအရန်ငွေရဲ့ လုပ်ငန်းသဘာဝနဲ့ နိုင်ငံတိုင်းမှာ နိုင်ငံခြားအရန်ငွေစာရင်းဆိုတာ ထားကို ထားရ ကြောင်း ကိုလည်း ရှင်းပြခဲ့ပါတယ်။ ကျွန်တော့်ကို အလဲဗင်းအယ်ဒီတာချုပ် (ကို) ငေဖြိုး က မေးခွန်းမေးတဲ့အခါမှာလည်း ကျွန်တော်ကလည်း သတင်းရေးသားချက်များမှာ ပြောထားတဲ့ ပုဂ္ဂလိက ငွေစာရင်း ငါးခုဆိုတာနဲ့ နိုင်ငံတော်က လုပ်ငန်းလုပ်ဆောင်ဖို့ နိုင်ငံခြားအရန်ငွေကြေး ကို မိမိနဲ့လုပ်ငန်းဆက်စပ်လုပ်ဆောင်နေသောဘဏ်များနဲ့ ချိတ်ဆက်ဖွင့်လှစ်ထားရှိတဲ့ စာရင်းများ သဘော သဘာဝ ကွာခြားပုံကို ရှင်းပြခဲ့ပါတယ်။ အဲဒီအဖြေအတိုင်းပဲ အလဲဗင်းသတင်းစာမှာဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အဲဒီသတင်းကိုဧရာဝတီက ရေးတဲ့အခါ ×××ယနေ့ နေပြည်တော်တွင် သမ္မတရုံး ၀န်ကြီးဦးစိုးသိန်း အပါအ၀င် အစိုးရ၀န်ကြီးများ ပါဝင်သော မီဒီယာတွေ့ဆုံပွဲတွင် ဧရာဝတီ သတင်းဌာနက နိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းမြောက်မြားစွာ အပ်နှံထားမှုနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုကြောင်း မေးမြန်းရာ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍက အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံ နိုင်ငံခြားဘဏ်များတွင် အပ်နှံထားပါကြောင်း ပြောဆိုလိုက်ခြင်း ဖြစ် သည်××× ဆိုပြီး မူလသတင်းတွေမှာပါတဲ့ ငွေစာရင်းနဲ့ ဦးကျော်ကျော်မောင်ပြောတဲ့ နိုင်ငံခြားအရန်ငွေစာရင်း ဆိုတာ အတူတူပဲလို စာဖတ်သူတွေထင်သွားအောင်ရေးထားတာကို တွေ့ရပါတယ်။ အဲဒီသတင်းကို burma.irrawaddy.org/archives/48376 မှာ ဖတ်နိုင်ပါတယ်။ အလဲဗင်းရဲ့ မေးခွန်းကို ကျွန်တော်ဖြေကြားတဲ့အခါ ငွေစာရင်းနှစ်ခုရဲ့ သဘောကွာခြားမှုကို ရှင်းပြထားတဲ့ အသံဖိုင်ကို ဒီမှာ နားထောင်နိုင်ပါတယ်။ https://soundcloud/ye-htut-6/yht2 ကျွန်တော့်အဖြေနဲ့ ဧရာဝတီက သတင်းရေးတာကို ယှဉ်ကြည့်လိုက်ရင် ကွာခြားချက်တွေ တွေ့နိုင်ပါတယ်။ အဲဒီနေ့က ဧရာဝတီသတင်းထောက်ကိုယ်တိုင်တက်ရောက်ပြီး ဒီအဖြေတွေကိုလည်း သူကြားခဲ့မှာသေချာ ပါတယ်။ ဒါပေမယ့် အခုလို ရေးတာကတော့ သိရက်နဲ့ ရေးတာလား၊ မသိလို့ရေးတာလားလို့ ဧရာဝတီ အယ်ဒီ တာချုပ်အမည်ခံထားသူ (ကို) အောင်ဇော်ကိုပဲ မေးရတော့မှာပဲ။
Posted on: Sat, 21 Sep 2013 04:50:47 +0000

Trending Topics



Recently Viewed Topics




© 2015