ဆင်တူရိုးမှား သတိထား - TopicsExpress



          

ဆင်တူရိုးမှား သတိထား အင်္ဂလိပ်စကားလုံးများ Alive နှင့် live alive သည် adjective ဖြစ်သည်။ ထို့ကြောင့် be verb နှင့်တွဲရေးသည်။ live သည် adjective အနေနှင့်သုံးလျှင် /laiv/ လိုက်ဗ် ဟုအသံထွက်သည်။ verb အနေနှင့်ဆိုလျှင် /liv/ လစ်ဗ် ဟုအသံထွက်သည်။ Only three people were alive after the accident. မတော်တဆမှုမှာလူသုံးဦးပဲ အသက်ရှင်တယ်။ Only three people lived after the accident. မတော်တဆမှုမှာ လူသုံးဦးပဲအသက်ရှင်ကျန်ခဲ့တယ်။ * real live, live show (live recording) alley နှင့် ally - An ALLEY is a little lane. အဲလီ ဟုအသံထွက်သည်။ လမ်းကြားလေး ဖြစ်သည်။ - An ALLY is a friend. အဲလိုင်း ဟုအသံထွက်သည်။ မဟာမိတ် ဟုအဓိပ္ပါယ်ရသည်။ - alley (singular), alleys (plural) - ally (singular), allies (plural) - bowling alley ဘိုလင်းကစားရာလမ်းကြောင်း skittle alley - the Allies - ပထမနှင့်ဒုတိယကမ္ဘာစစ်အတွင်းဗြိတိန်နိုင်ငံနှင့်ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြသောနိုင်ငံများ the countries that fought with Britain in the First and Second World Wars. all most နှင့် almost ၄င်းစကားလုံးနှစ်လုံးသည်အဓိပ္ပါယ်ကွာခြားပါသည်။ - They were ALL (= everyone) MOST kind. သူတို့အားလုံးသည်အကြင်နာဆုံး များဖြစ်ကြသည်။ ဤနေရာတွင် MOST နေရာတွင် VERY ထည့်လိုက်လျှင်လည်း အတူတူပင်ဖြစ်သည်။ - The child was ALMOST (=nearly) asleep. ကလေးသည် အိပ်မောကျလုနီးပါးဖြစ်နေသည်။ Read more - myanmar-network.net/forum/topics/3423487:Topic:975044
Posted on: Thu, 16 Jan 2014 03:30:00 +0000

Trending Topics



Recently Viewed Topics




© 2015