ဆန်းဆန်းပြားပြား Body Art - TopicsExpress



          

ဆန်းဆန်းပြားပြား Body Art ပန်းချီများ ( ၂ ) ဒီဆိုဒ်မှာ 3D ပန်းချီများနှင့် Body Artပန်းချီများကို များစွာ တင်ပေးဖူးပါတယ်။ ထူးထူးခြားခြားအနုပညာ တွင်ကြည့်ရှု့နိုင်ပါတယ်။ ဒီတစ်ခါလည်း ထူးခြားပြီး အသက်ဝင်လှပသော 3D Body Art များကို တင်ပေးပါမယ်။စိတ်ကူးကောင်းကောင်းနဲ့ဖန်တီဒထားတဲ့ လူကိုဆေးရေးချယ်တဲ့ အနုပညာတစ်ခုကို ခံစားကြည့်ကြပါအုံးဗျာ... အသက် ၁၉ နှစ်သာ ရှိသေးတဲ့ Chooo-San ဆိုတဲ့ဂျပန်ကျောင်းသူလေးတစ်ယောက်ရဲ့ လက်ရာပါ။ သူအကြောင်းကို တင်ပေးဖူးပါတယ်။သူရဲ့ လက်ရာမြောက်တဲ့ပုံများကြောင့် ကမ္ဘာကျော်သွားရသူ တစ်ယောက်ပါ။ .................................................................. Alexa Meade ဆိုသူအမျိုးသမီးရဲ့ဖန်တီးမှုပုံတွေပါ။ အထက်ပါ အပေါ်ပုံအရ ပန်းချီကားတစ်ချပ် ဟုထင်မှတ်ရသော်လည်း အောက်က မျက်လုံးလှန်ကြည့်နေတော့မှ ပဲ လူတစ်ယောက်မှန်းသိရပါတော့တယ်နော်... လှတယ်နော်...ဟီး ။အဆွဲခံရဲတဲ့သူကိုပိုပြီး ချီးကျူးသင့်တယ်နော်...ဟဲဟဲ အထက်ကပုံက Annie Ralli ဆိုတဲ့ လန်ဒန်က ပညာရှင်တစ်ယောက်ရဲ့ပုံတွေပါ... Annie Ralli ရဲ့လက်ရာမြောက်ပုံတစ်ခုပါ။ဖောင်တိန်ကိုင်ထားတာ ဘာမှ မထူးခြားဘူးထင်ရပေမယ့် သေချာကြည့်မိမှ... တတိယ မျက်လုံးကို ပိုင်ဆိုင်ချင်သူများအတွက် Sandra Holmbom ဆိုသူရဲ့ ဖန်တီးပေးထားမှုပါ။ သူရဲ့ website မှာ ဒီလို မျက်လုံးပုံဆေးချယ်သမှု များကို များစွာတွေ့မြင်ရမှာပါ... သူငယ်ချင်းတို့အတွက် ပညာရှင် သုံးယောက်ရဲ့ဖန်တီးမှုများကို စုစည်းင်ေပြလိုက်ပါတယ်။ နောက်ထပ်လည်း တင်ပေးပါအုံးမယ်ဗျ......... သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ............ နေခရမ်း မူရင်း ။ ။ နေခရမ်း( ထူးဆန်းထွေလာ )
Posted on: Sat, 22 Jun 2013 00:46:19 +0000

Trending Topics



Recently Viewed Topics




© 2015