ဆန်စပါး စိုက်ပျိုး - TopicsExpress



          

ဆန်စပါး စိုက်ပျိုး ထုတ်လုပ်မှု တိုးမြင့်လာစေရန် ပုလဲသွယ် မျိုးစပါး မျိုးစေ့ ပေးအပ်ပွဲ ကျင်းပ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့၌ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု တိုးမြင့်လာစေရန် ပုလဲသွယ် မျိုးစပါး မျိုးစေ့ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ဦးရာဇ်မင်္ဂလာ ခန်းမ၌ ကျင်းပရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တောင်သူ လယ်သမားများ တက်ရောက်ကြသည်။ ရှေးဦးစွာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က အမှာစကား ပြောကြားပြီး မြို့နယ် စိုက်ပျိုးရေး ဦးစီး ဌာနမှူး ဦးမိုးဇော်ထွန်းက ပုလဲသွယ် မျိုးစပါး စိုက်ပျိုးရေး နည်းလမ်းများနှင့် လယ်သမားများ ခံစားရမည့် အကျိုး ရလဒ်များကို ရှင်းလင်း ဆွေးနွေးပြီး တာဝန်ရှိသူ များက ပုလဲသွယ် မျိုးစပါး မျိုးစေ့များကို လယ်သမား များအား အခမဲ့ ပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက လက်ခံ ရရှိကြောင်း သိရသည်။ myawady.mm/allnews/local/item/18387-2013-07-03-10-10-43
Posted on: Wed, 03 Jul 2013 06:12:14 +0000

Trending Topics



Recently Viewed Topics




© 2015