ဆီးရီးယားအား - TopicsExpress



          

ဆီးရီးယားအား အမေရိကန်တိုက်ခိုက်ပါက ဆီးရီးယားတွင်သာမက ဆီးရီးယားနိုင်ငံ ပြင်ပတွင်ပါတုံ့ပြန်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း အီရန်သတိပေး AFP အမေရိကန်အနေဖြင့် ဆီးရီးယားအားတိုက်ခိုက်ပါက ဆီးရီးယားနိုင်ငံတွင်သာမက ဆီးရီးယားနယ်နိမိတ် ပြင်ပတွင်လည်း တုံ့ပြန်မှုများပေါ်ပေါက်လာနိုင်သည်ဟု အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (Revolut- ionary Guards) ၏ အကြီးအကဲက သတိပေးလိုက်ကြောင်း စက်တင်ဘာ ၁ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။ ဆီးရီးယားနိုင်ငံမှာ အီရန်၏ အဓိကမဟာမိတ်နိုင်ငံလည်း ဖြစ်သည်။ “စစ်ရေးအရ ကြားဝင်တိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံ နယ်နိမိတ်အတွင်းလောက်မှာပဲ အကျိုးဆက် တွေဖြစ်လာမှာလို့ အမေရိကန်ကယုံကြည်နေတာဟာ အတွေးမှားတစ်ခုပဲ ဖြစ်ပါတယ်။ တိုက်ခိုက်မှု ကြောင့်၊ အဲဒီ့နိုင်ငံရဲ့ပြင်ပမှာလည်း တုံ့ပြန်မှုတွေဖြစ် ပေါ်လာနိုင်ပါတယ်” ဟု တော်လှန်ရေးအစောင့် တပ်ဖွဲ့ အကြီးအကဲမိုဟာမက်အလီဂျာဖာရီက ပြောခဲ့သည်။ “အစ္စလာမ်မစ်ကမ္ဘာအပေါ် အမေရိကန်ရဲ့စစ်ရေးတိုက်ခိုက်မှုတွေကြောင့် အစွန်းရောက်ဝါဒကို အား ကောင်းလာစေခဲ့ပါတယ်။ ဒါကြောင့် ဆီးရီးယားကိုကျူးကျော်ရန်စမယ်ဆိုရင်လည်း အီရတ်နဲ့အာဖဂန် နစ္စတန်ကိစ္စတွေတုန်းကလိုပဲ အကြမ်းဖက်ဝါဒ ခေါင်းထောင်လာနိုင်ပါတယ်။ ရလဒ်ကတော့ နာကျင်မှု တွေ၊ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေနဲ့ အပြစ်မဲ့လူထုအနေနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်”ဟု သူကဆိုသည်။ အမေရိကန်အနေဖြင့် ဆီးရီးယားအားအကန့်အသတ်ဖြင့် အရေးယူတိုက်ခိုက်ရန် ချိန်ဆနေကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားကသောကြာနေ့က ပြောကြားခဲ့သည်။ ဆီးရီးယားသမ္မတ အာဆတ်ဦးဆောင်သည့် အစိုးရအဖွဲ့ကအဆိပ်ဓာတ်ငွေ့အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူပေါင်း ၁,၄၀၀ ကျော် သေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍ ကမ္ဘာကြီးအနေဖြင့် အရေးယူဆောင်ရွက်ရန် တာဝန်ရှိ ကြောင်းလည်း အိုဘားမားက ပြောခဲ့သည်။ ဆီးရီးယားအစိုးရကမူ၊ ဓာတုလက်နက်အသုံးပြုခဲ့သည်ဟူသည့် စွပ်စွဲချက်များကို ငြင်းဆန်ခဲ့ပြီး၊ အစိုးရ ဆန့်ကျင်ရေး သူပုန်များကိုသာ “အကြမ်းဖက်သမားများ” အဖြစ် လက်ညှိုးထိုးခဲ့သည်။ အခြေအနေများကို စစ်ဆေးလေ့လာရန်အတွက် အီရန်လွှတ်တော်အမတ်များ ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့သည် စနေနေ့ကဆီးရီးယားနှင့် လက်ဘနွန်သို့ ထွက်ခွာခဲ့ကြပြီး၊ “အကြမ်းဖက်အုပ်စုများ၏ ဓာတုလက်နက်များ အသုံးပြုခြင်းကို” ၄င်းတို့ကဝေဖန်ခဲ့ကြသည်ဟု အီရန်လွှတ်တော်အမတ်တစ်ဦးက ဆိုခဲ့သည်။ အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့များက ဆီးရီးယားကိုဝင်တိုက်မည့် အရိပ်အခြေရှိနေခဲ့ရာ၊ ထိုကဲ့သို့ တိုက်ခိုက်ခြင်းမပြုရန် ဆီးရီးယား၏ဒေသတွင်း အဓိကမဟာမိတ်ဖြစ်သည့် အီရန်က ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။ အမေရိကန်အနေဖြင့် ဆီးရီးယားကိုဝင်တိုက်ပါက ဒေသတွင်းတွင် ကပ်ဆိုက်သွားနိုင် သည်ဟု အီရန်ဦးသျှောင်အယာတိုလာ အလီခါမေနီကလည်း သတိပေးခဲ့သည်။ အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗတ်ဇာရစ်ဖ်သည် ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် Lakhdar Brahimi နှင့် သောကြာနေ့က တယ်လီဖုန်းဖြင့် စကားပြောခဲ့ကာ၊ ဆီးရီးယား ကိစ္စတွင် မည်သည့်စွန့်စားတိုက်ခိုက်မှုမျိုးကိုမဆို ပြင်းထန်ဆိုးရွားသည့် အကျိုးဆက်များဖြစ်ပေါ် လာစေ နိုင်ကြောင်းလည်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂကိုယ်စားလှယ်ကို ပြောခဲ့သည် mizzima
Posted on: Tue, 03 Sep 2013 08:24:49 +0000

Trending Topics



">
Hi UCC good day to everyone. I am hoping that my post will be
Free Seminar on Learn Java & .NET with Practical Usage:
Personal Life: Stay in the Secret Place My voice You shall hear
Few weeks ago, we were undeniably excited on our upcoming family

Recently Viewed Topics




© 2015