ဆီဒိုးနား နှင့် BHG - TopicsExpress



          

ဆီဒိုးနား နှင့် BHG မဟုတ်မှန်ကြောင်းငြင်းဆို Myanmar Express Group No comments ဆီဒိုးနားဟိုတယ်တွင်လျှို့ဝှက်ကင်မရာတပ်ဆင်ပြီးရိုက်ကူးထားသည့်ဗွီဒီယိုဖိုင် တစ်ခုဖြန့်နှံ့လျက်ရှိပြီးအချိန်ကိုက်ဆီဒိုနားဟိုတယ်၏ Website အား Hack ခံရသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီးဆီဒိုးနားဟိုတယ်ရဲ့ အိုင်တီဌာနမှ Website Hack ခံရခြင်းမဟုတ်ကြောင်းပြောပါတယ်။ "Website Hack ခံရတယ်ဆိုတာ မဟုတ်ပါဘူး။ ပြင်ဆင်မှုတွေလုပ်ဖို့ရှိတဲ့ အတွက်ချထားတာပါ။ နိုင်ငံတကာကရော ဒီနိုင်ငံကမြို့တွေက ဆီဒိုးနားဟိုတယ်တွေရဲ့ Website တွေကို တစ်ပေါင်းတည်းစုပေါင်းပြီး Website တစ်ခုပြုလုပ်ဖို့အတွက်ပါ။ Hack ခံရတာမဟုတ်ပါဘူး။ " လို့ IT Executive ကိုဘိုဘိုဦးကပြောပါတယ်။ လျှို့ဝှက်ကင်မရာဖြင့်ရိုက်ကူးထားသည်ဆိုသော ဗွီဒီယိုသည် ဆီဒိုးနားဟိုတယ် Website မှရယူထားသည့်ဟူသည့် သတင်းများလည်းလူမှုကွန်ယက်များတွင်ဖြန့်နှံ့ လျက်ရှိပြီးအဆိုပါသတင်း များမှာလည်း မှန်ကန်မှုမရှိကြောင်းကိုဘိုဘိုဦးမှဆိုသည်။ "ဆီဒိုးနားဟိုတယ်ရဲ့ Website ကဗွီဒီယိုစတာတွေတင်တဲ့ လူမှုကွန်ယက်မဟုတ်ပါဘူး။ ဒီ Website ကရတယ်ဆိုတာလုံးဝမဟုတ်ပါဘူး " ဟု IT ဌာနမှကိုဘိုဘိုဦးမှပြောသည်။ အဆိုပါ ဗွီဒီယိုနှင့် ပတ်သက်၍မေးမြန်းရာ ၎င်းအနေဖြင့်မည်သည့် တစ်စုံတရာမှပြောဆိုလိုခြင်းမရှိကြောင်းကိုဘိုဘိုဦးမှဆက်ပြောပါတယ်။ လူမှုကွန်ယက်များတွင် ပုဂ္ဂိုလ်ရေးအတွင်းရေးကိစ္စများနှင့် ပတ်သက်ပြီးသတင်းလွှင့်ခြင်း များသည်သက်ဆိုင်ရာကုမ္ပဏီများ၏ အမည်ဂုဏ်သတင်းညှိုးနွမ်းစေရန် ဆောင်ရွက်ကြခြင်းဖြစ်တယ်လို့သံသ ယဖြစ်မိကြောင်း အိုင်တီပညာရှင်တစ်ဦးကသုံးသပ်ပါတယ်။ " Website တွေကို hack တယ်ဆိုတာအကြောင်းအမျိုးမျိုးတော့ရှိတာပေါ့။ အခုလိုကိစ္စမျိုးကျတော့ဒါဟာဒီကုမ္ပဏီတွေရဲ့ဂုဏ်သိက္ခာကျဆင်းစေဖို့ရည်ရွယ် လုပ်ဆောင်လာ တာလို့သံသယရှိပါတယ်။ ဒါမှမဟုတ် ဗွီဒီယိုပါလူပုဂ္ဂိုလ်တွေကိုရည်ရွယ်တာလားဆိုတာမသိရပါဘူး။ ဘာပဲပြောပြောဒီလိုတွေဖြစ်ရတယ်ဆိုကတည်းကနည်းပညာပိုင်းရဲ့လုံခြုံမှုကို ဂရုပြုဖို့လိုအပ်ပါလိမ့်မယ်။ နောက်တစ်ခုကတစ်ဦးတစ်ယောက်ချင်းကလည်း ဒီလိုမျိုးတွေမဖြစ်ရအောင်၊ အရှက်မရ ရအောင်ဆင်ခြင်သင့်ပါတယ်" လို့ အိုင်တီပညာရှင်တစ်ဦးမှသုံးသပ်ပါတယ်။ အဆိုပါဆီဒိုးနားဟိုတယ် Website ကို hack ခံရသည်ဟုသတင်းများ ထွက်ပေါ်လာချိန်တွင် Blink Hacker Group (BHG) မှဖြစ်သည် ဟုပြောဆိုမှုများရှိခဲ့ပြီး ဆီဒိုးနားဟိုတယ်ဘက်မှလည်းကောင်း၊ BHG ဘက်မှအွန်လိုင်းစာမျက်နှာများတွင်လည်းကောင်း မဟုတ်မှန်ကြောင်းငြင်းဆိုထားပါတယ်။
Posted on: Fri, 20 Sep 2013 12:39:37 +0000

Trending Topics



Recently Viewed Topics




© 2015