ဆူး ခက် မိုး posted to - TopicsExpress



          

ဆူး ခက် မိုး posted to မင်းရဲကျော်စွာကားပွဲစားတန်း 40 minutes ago near Yangon, Myanmar · City Tour Bus ကို Expess ကားဟု ကညန ကသတ်မှတ်ထား၊ အခေါ်အဝေါ်ကွဲရုံဖြင့် ကားစီးရေရာချီ အခွန် 2 AV ပေးရမည်ဖြစ်၍ လုပ်ငန်းရှင်တို့အခက်ကြုံနေ နိုင်ငံတကာတွင် City Tour Bus ကိုမြို့တွင်းနိုင်ငံခြားခရီးသည်များအားပို့ဆောင်ပေးသည့် ယာဉ်အဖြစ်သတ်မှတ် ထားချိန်တွင် မိမိတို့နိုင်ငံတွင် Express Bus အဖြစ်သတ်မှတ်ထားကြောင်း၊ ဌာနဆိုင်ရာ အလိုက်အခေါ်အဝေါ်လွဲ နေရုံဖြင့် တင်သွင်းလာသည့်ကားစီးရေ ရာကဏန်းထိ 2AV အကောက်ခွန်ဒဏကြေးနှစ်ဆ ပေးဆောင်ရမည်ဟု သတ်မှတ်ဒဏ်ကြေးချမှတ်ထား၍ အခက်ကြုံနေရကြောင်းကားလုပ်ငန်းရှင်တစ်ဦးက High Speed သို့ပြောကြား သည်။ “ကျွန်တော်တို့နိုင်ငံမှာ ဌာနဆိုင်ရာလုပ်ငန်းပိုင်းအားနည်းချက်တွေရှိနေပါတယ်၊ ကားလုပ်ငန်းစဉ်နဲ့ပတ်သတ်ပြီးအ ဓိကကျတဲ့ ကညန ရဲ့တင်ပြချက်တွေကို One Stop Service ကဆုံးဖြတ်တယ်လို့သိရပါတယ်၊ ကျွန်တော်တို့တွေ လွန်ခဲ့တဲ့လတွေက Express Bus တွေ City Tour Bus တွေတင်သွင်းခဲ့ကြတာရှိပါတယ်၊ အဲဒီကားတွေ ဆိပ်ကမ်း ကအခုထက်ထိ မထုတ်ယူရသေးပါဘူး၊ ဖြစ်ပုံကဒီလိုပါ၊ စီးပွားကူးသန်းမှာပါမစ် လျှောက်ကြတဲ့အခါ ကညန ရဲ့ သတ်မှတ်ချက်အတိုင်း City Tour Bus နဲ့လျှောက်ကြတယ်၊ တင်သွင်းကြတဲ့လူတွေကလည်း Express Bus ကို တင်သွင်းလာကြတယ်ပါတယ်၊ ဘာလို့ဒီလိုတင်သွင်းကြလဲဆိုတော့ Express Bus ကိုလည်း City Tour Bus နဲ့ သတ်မှတ်ထားလို့ပါ၊ ဒီလည်းရောက်ရော၊ အကောက်ခွန်က လျှောက်တာတစ်ခြား တင်သွင်းလာတာတစ်ခြားဆို ပြီး အကောက်ခွန်ဥပဒေကြောင်းအရ သိမ်းမယ်လို့ပြောပါတယ်၊ နိုင်ငံတကာအကောက်ခွန်စည်းမျဉ်းအရ အပြီးပိုင် သိမ်းခွင့်ရှိပါတယ်၊ဒါဟာ အကောက်ခွန်ရဲ့အားနည်းချက်မဟုတ်ပါဘူး၊ ကညန ရဲ့သတ်မှတ်ချက်ကြောင့်ဖြစ်ရတာ ပါ၊ဒါကိုဖြေလျော့ပေးဖို့ပြောကြတော့ အကောက်ခွန်က အနိမ့်ဆုံးပြစ်ဒဏ် 2AV ချမှတ်ပါတယ်၊ ဒီကားတစ်စီးရဲ့နှုန်း ထားက တရားဝင်အစိုးရသတ်မှတ်ချက်ဈေး ကန်ဒေါ်လာ ၂၃၆၀၀ ရှိပါတယ်၊ အဲဒါကိုနှစ်ဆပေးရမယ်ဆိုတော့ ကန်ဒေါ်လာ ၄၇၂၀၀ ထိကျသင့်မှာပါ၊ ဒါဟာအကောက်ခွန်ပြစ်ဒဏ်ကြေးတစ်ခုပဲရှိပါတယ်၊ ကားတစ်စီးရောင်းချ လို့ရနိုင်တဲ့အနေအထားမဟုတ်သေးပါဘူး၊ ကညန မှာမှတ်ပုံတင်ကြေးပေးသွင်းရဦးမယ်၊ အကောက်ခွန်ကြေး လည်းပေးရဦးမှာပါ၊ ဘယ်လိုလုပ်ပြီး ဒီကားကိုထုတ်ယူနိုင်တော့မလဲ”ဟုကားလုပ်ငန်းရှင်တစ်ဦးကပြောပြသည်။ ယင်းကဲ့သို့ ၃၅ စီး City Tour Bus သတ်မှတ်ချက်များအား ထပ်မံမဖြစ်ပွားရန် ကညန အနေဖြင့် နိုင်ငံပိုင်သတင်း စာမှသော်လည်းကောင်း ၊မီဒီယာများဖိတ်ခေါ်၍သတင်းစာရှင်းလင်းပွဲများပြုလုပ်ကာတရားဝင်ထုတ်ပြန်ကြေငြာခဲ့ ခြင်းမရှိကြောင်း၊ ဌာနဆိုင် ရာချင်းရုံးတွင်း စာပို့အကြောင်းထားခြင်းသာရှိကြောင်း၊ ပွင့်လင်းမြင်သာမှုမရှိကြောင်း၊ ထို့ကြောင့် ယင်းသတ်မှတ် စည်းကမ်းများကို မသိ၍ တင်သွင်းလာကြသူများလည်း အခက်ကြုံနေရကြောင်း၊ထို့အ ပြင် အစိုးရဌာန ချင်းအခေါ်အဝေါ်မတူညီရုံဖြင့်ကားတစ်စီးအားအပြီးပိုင် သိမ်းဆည်းအရေးယူသည်မှာ မဖြစ်သင့် မဖြစ်ထိုက်သော လွဲမှားမှုတစ်ခုဟု ယူဆကြောင်းကားလုပ်ငန်းရှင်တစ်ဦးက သူ၏အမြင်ကိုသုံးသပ်ပြသည်။ credit to အမ်မိုးအေ
Posted on: Mon, 12 Aug 2013 12:03:00 +0000

Trending Topics



Recently Viewed Topics




© 2015