ဇူလိုင်လ၄ ရက်နေ့ထုတ် - TopicsExpress



          

ဇူလိုင်လ၄ ရက်နေ့ထုတ် TheDaily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော် အမြင်မတူခြင်းနှင့်အဖြေရှာခြင်း လူတိုင်းလူတိုင်းတွင်မတူညီသော အမြင်များ၊ အတွေးအခေါ် အယူအဆများရှိတတ်ကြသည်။ လူတစ်ယောက်ချင်းစီ၏ ဖြတ်သန်းခဲ့ရသော ဘ၀အခြေအနေ၊ပညာအရည်အချင်း၊အတွေ့အကြုံ၊ ကိုးကွယ်ရာ ဘာသာတရား၊လူမျိုးအစရှိသည် အကြောင်းအရာ ပေါင်းစုံပေါ် မူတည်ပြီး ကိစ္စရပ်တိုင်းလိုလိုမှာပင်လူတစ်ယောက်နှင့် တစ်ယောက်အမြင်ချင်း ကွဲပြားလေ့ ရှိကြပါသည်။ မတူကွဲပြားမှုများရှိနေခြင်းသည်ပြဿနာတစ်ရပ် မဟုတ်ပါ။ ထိုမတူကွဲပြားမှုများအပေါ် ညှိနှိုင်းအဖြေရှာခြင်းမျိုး မပြုလုပ်ဘဲ ပြစ်တင်ဝေဖန် အကြမ်းဖက်နေခြင်းကသာ ပြဿနာတစ်ရပ် ဖြစ်ပါသည်။ သမိုင်းသင်ခန်းစာတွေမည်မျှပင် ရရှိခဲ့သော်လည်းယခုအချိန်ထိတိုင်အောင်ပင် မြန်မာတို့သည်အချင်းချင်း ညီညွတ်အောင် ညှိနှိုင်းအဖြေရှာနိုင်ဖို့ထက်တစ်ဦးကိုတစ်ဦး ပြစ်တင်ဝေဖန်မှုတွေနှင့်အသားကျနေဆဲပင် ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦးတစ်ဖက်နှင့်တစ်ဖက် မတူကွဲပြားသည့် အမြင်တွေ၊စကားသံတွေကို နားထောင်မကြည့်ဘဲတိုင်းပြည်အတွက် ဆိုသည့်စိတ်ထက်ငါဆိုသည့်အတ္တကို ရှေ့တန်းတင်နေဆဲပဲဖြစ်သည်။ ယခုဖြစ်ပျက်နေသည့်ဝါဒမတူ သူတို့၏ အားပြိုင်ပွဲသည်လည်းဤသဘောကို ဆောင်နေပါသည်။ ခဲပေါက်ခံရသည့် အဖြစ်တစ်ခုတွင်ခဲပေါက်နေသူနှင့်ခဲပေါက်ရခြင်း အကြောင်းရင်းကို မေ့လျော့ကာ နှစ်ဖက်စလုံးသည် ခဲကျရာကိုသာ လိုက်နေကြပြီးဝါဒကို အကြောင်းပြု၍ အပြင်းအထန် တင်းမာကွဲလွဲ နေကြပါသည်။ တစ်ဖက်နှင့်တစ်ဖက် အကြောင်းရင်းခံကိုမရှာနိုင်ကြဘဲ ပြစ်တင်ဝေဖန်လျက်ရှိနေပါသည်။ မြန်မာနိုင်ငံတွင်မတူကွဲပြားသည့် အမြင်ရှိသူများသ ည် အချင်းချင်းညှိနှိုင်းမယူနိုင်ကြဘဲ ရန်ဖြစ်ကာ အမျိုးမျိုး ကွဲပြားနေခဲ့သည့်အတွက်တိုင်းပြည်နှစ်ေ ပါင်းများစွာ အောက်ကျနောက်ကျဖြစ်ခဲ့ရပြီ ဖြစ်သည်။ ၀ါဒမတူသူ အချင်းချင်းညှိနှိုင်းအဖြေရှာရန် မကြိုးစားဘဲ ငါနဲ့မတူ ငါ့ရန်သူ သဘောမျိုးနှင့် အပြုတ်တိုက်ဖို့ ကြိုးစားခဲ့သည့်အတွက် သမိုင်းစဉ်တစ်လျှောက်လုံးတွင်မြန်မာများ စိတ်ရောကိုယ်ပါစည်းစည်းလုံးလုံးရှိခဲ့သည့်အချိန အတော်ပင် နည်းပါးခဲ့သည်။ အကြမ်းဖက်မှု ပဋိပက္ခများနှင့် ပြည်တွင်းစစ်ဒဏ်ကိုခါးသီးအောင် ခံစားခဲ့ရပြီးတိုင်းပြည်ချွတ်ခြုံကျခဲ့ရသည်။ ၀ါဒမတူသူများညှိနှိုင်းပြီးမစည်းလုံးနိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံသည်နှစ်ပေါင်းများစွာပင် အာဏာရှင်လက်အောက်မှာ အဖိနှိပ်ခံအဖြစ် နေခဲ့ရပြီးဖြစ်သည်။ ယခုအချိန်တွင် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ရောက်ရှိနေသော်လည်း နောက်ကြောင်းပြန်သွားနိုင်သည့် အန္တရာယ်များ ဆက်တိုက်တွေ့ကြုံရလျက် ရှိနေပါသည်။ တိုင်းပြည်အတွက်ဆိုသည့်ရည်ရွယ်ချက်တူသူများ ၀ါဒကြောင့်ကွဲပြားနေလျှင် ဘုံရန်သူအတွက် အခွင့်အရေးကောင်းဖြစ်နေပါလိမ့်မည်။ ယခုအချိန်ထိမှမတူကွဲပြားမှုများကို ညှိနှိုင်းမယူနိုင်၊ မစည်းလုံးနိုင် ဖြစ်နေမည်ဆိုလျှင်တိုင်းပြည်ချောက်ထဲသို့သက်ဆင်းရပါလိမ့်မည်။ ထို့ကြောင့် နောက်လိုက်ကောင်းတစ်ယောက် မဖြစ်ခဲ့ဘဲ ခေါင်းဆောင်ကောင်းတစ်ယောက် မဖြစ်နိုင်ဆိုသည ဆိုရိုးကိုသတိပြုရင်းနှစ်ယောက်ရှိလျှင် သုံးဖွဲ့ကွဲတတ်သည့် စရိုက်ကို ပြင်ဆင်နိုင်မှ၊ တစ်ဖက်နှင့်တစ်ဖက်မတူကွဲပြားမှုများကို နားလည်သဘောပေါက်အောင်နားထောင်ညှိနှိုင်း အဖြေရှာနိုင်မှတိုင်းပြည်အတွက် ကောင်းနိုင်ပါလိ မ့်မည်ဟုThe Daily Eleven နေ့စဉ်သတင်းစာက ယူဆရေးသား အပ်ပါသည် credit to EMG
Posted on: Thu, 04 Jul 2013 03:08:20 +0000

Trending Topics



Recently Viewed Topics




© 2015