တက္ကသိုလ်ဝင် - TopicsExpress



          

တက္ကသိုလ်ဝင် စာမေးပွဲရမှတ် အနည်းဆုံး အမှတ် ၄၃ဝ ရရှိမှသာ ရန်ကုန် တက္ကသိုလ်တွင် ဝိဇ္ဇာနှင့် သိပံ္ပဘွဲ့ အတွက် သင်ကြားနိုင်မည် ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်တွင် ရန်ကုန် တက္ကသိုလ်၌ ဝိဇ္ဇာနှင့် သိပံ္ပဘွဲ့များ အတွက် ပထမနှစ်မှ စတင်ကာ သင်တန်းသားများ ခေါ်ယူမည် ဖြစ်သော်လည်း ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ကိုသာ ရွေးချယ် သင်ကြား ပေးသွားမည် ဖြစ်သည့်အတွက် လျှောက် ထားလိုသည့် ကျောင်းသား၊ ကျောင်းသူများသည် မတ်လက ဖြေကြား ထားခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် စုစုပေါင်း ရမှတ် အနည်းဆုံး အမှတ် ၄၃ဝ ရရှိရမည်ဟု သိရသည်။ ရန်ကုန် တက္ကသိုလ်တွင် လက်ရှိဖွင့်လှစ် သင်ကြားနေသည့် ဝိဇ္ဇာနှင့် သိပံ္ပဘာသာရပ် အားလုံး အတွက် လက်ခံသင်ကြား ပေးရန် မဖြစ်နိုင်သေးဘဲ စာကြည့်တိုက်နှင့် သုတပညာ ဘာသာရပ်ကို ချန်လှပ်ထားဦးမည် ဖြစ်သည်ဟုသိရသည်။ ဝိဇ္ဇာဘာသာရပ်များ အတွက် အနိမ့်ဆုံး တက္ကသိုလ်ဝင် စာမေးပွဲ ရမှတ် သတ်မှတ်ချက်မှာ အမှတ်ပေါင်း ၄၃ဝ ဖြစ်ပြီး၊ အင်္ဂလိပ်စာ ဘာသာရပ် အတွက် သတ်မှတ်ချက်မှာ တက္ကသိုလ်ဝင် စာမေးပွဲရမှတ် စုစုပေါင်း ၅ဝဝ ဖြစ်ပြီး မြန်မာဘာသာရပ် အတွက် သတ်မှတ်ချက်မှာ တက္ကသိုလ်ဝင် စာမေးပွဲ ရမှတ် စုစုပေါင်း ၄၅ဝ ဟု သိရသည်။ ရန်ကုန် တက္ကသိုလ်၏ ဝိဇ္ဇာနှင့် သိပံ္ပဘွဲ့ သင်တန်းများ အတွက် တက္ကသိုလ်ဝင် စာမေးပွဲ ရမှတ် သတ်မှတ်ချက်မှာ မြင့်မားပြီး အသက မွေးဝမ်းကျောင်း တက္ကသိုလ်များနှင့် အပြိုင်ပင် ဖြစ်သည်ဟု Read More >> myawady.mm/allnews/local/item/19051-2013-07-09-14-08-21
Posted on: Wed, 10 Jul 2013 09:12:08 +0000

Trending Topics



Recently Viewed Topics




© 2015