တစ်နေ့သ၌ - TopicsExpress



          

တစ်နေ့သ၌ သတင်းထောက်တစ်ယောက်ကမေးပါတယ်--အဝေးတွေဘာလို့တက်တာလဲလို့--ရှင်းပါတယ်ကွာ--ဈေးကွက်ထဲမှာဝယ်မရတော့လို့ပေါ့ လို့ ပြန်ပြောလိုက်တယ်--ဆက်ပြီး လျှာရှည်လိုက်တာကတော့ “ ဒီဘဏ္ဍာနှစ်အစပိုင်း၂လ အခု ၃လထဲရောက်ပြီ-- တို့ကုန်သွယ်မှုကိုပြန်ကြည့်လိုက်--သွင်းကုန်များနေပြီး trade deficit ဖြစ်နေတယ်--ပို့ကုန်ကနည်းနေတယ်--ဘာဖြစ်လို့လဲ ရှင်းနေတာပဲ--လျှပ်စစ်မရလို့ပေါ့--နွေကာလမှာဖယောင်း တိုင်ဆန္ဒပြပွဲတွေဖြစ်လာမှာကြောက်တော့ ရန်ကုန်မှာ စက်မှုဇုန်တွေကို လျှပ်စစ်ပေးမှုတွေအကုန်ရပ်--အဲတော့ကုန်ထုတ်လုပ်မှုကျဆင်း--export မပို့နိုင်--ကုန်သွယ်မှုလို ငွေပြ--အရင်အစိုးရလက်ထက်တုံးကတော့ မောင်တိုင်ပင် တို့ ကို TC ကခိုင်းတာ လုပ်ခဲ့ဘူးတယ်-- လွယ်ပါတယ်-အင်ပို့ လိုင်စင်ထုတ်ပေးတာကို နှေး ပ လိုက်တာပေါ့--အခုမရတော့ဘူး-- importers တွေဖက်ကလည်းကြည့်--အခုဆို ရင်းနှီးမြုပ်နှံမှု တွေလာတော့မှာ ဖြစ်လို့ infrastructure development တွေလုပ်နေရပြီ--ဘိလပ်မြေ၊သံချောင်း၊ယန္တရား၊စတာတွေလိုလာပြီ--နောက် MIC ကလည်းရင်းနှီးမြုပ်နှံ ပရိုဂျက်အချို့ ခွင့် ပြုလိုက်ပြီဆိုတော့ သူတို့လည်းသူတို့ ပရိုဂျက်တွေအတွက် ပစ္စည်းတင်သွင်းရမှာပဲ--သွင်းကုန်လုပ်ငန်းရှင်တွေဟာ ဒီလိုပစ္စည်းတွေသွင်းဖို့အတွက် ဒေါ်လာကို လိုနေမှာပဲ-- မှန်တာပြောရရင် အမှန်တကယ်သွင်းကုန်လုပ်ငန်းရှင်ဟာ ဒေါ်လာဈေးကစားဖို့ထက် သူရဲ့ အဓိကအလုပ်သွင်းကုန်အတွက် လိုတဲ့ဒေါ်လာကို မရ ရတဲ့နည်းနဲ့ရှာမှာပဲ--အရင်တစ်ခေါက်ဒေါ်လာဈေးတွေတက်တုံးက မောင်တိုင်ပင် အရင်လုပ်ခဲ့တဲ့ ဘဏ်ဟာဗဟိုဘဏ် ကလေလံ ပစ်တဲ့ ဒေါ်လာ ကိုဈေးပေးပြီးဆွဲ လို့ဆိုပြီး အထုအထောင်းခံလိုက်ရတယ်--မောင်တိုင်ပင် ရှိနေရင်လည်းအဲဒီလိုလုပ်မှာ ပဲ-- ဘာလို့ လုပ်သလဲ-- အချက် ၂ ချက်ပဲရှိတယ်-- deposit ရအောင်နဲ့ အမြတ်အစွန်းလေးပါးပါးလေးရအောင်လုပ်ရတာပဲ--ဗဟိုဘဏ်က ပြဌါန်းထားတဲ့ လုပ်ထုံးလုပ်နည်း အတိုင်းလုပ်တာပဲ--ဗဟိုဘဏ်ကလည်း နိုင်ငံခြားငွေ အရောင်းအ၀ယ်အလေ့အကျင့် ကိုရစေချင်တယ်-- ဈေးကွက်ရဲ့ supply and demand sense ပျောက်သွားတာပဲ--အမေရိကန်က ဒေါ်လာတွေမရိုက်ထုတ်တော့ဘူးလို့ကျေညာလိုက်တော့ ဒေါ်လာတွေဈေးတက်တယ်-- ရွှေဈေးကျတယ်-- ရွှေတွေထုပ်ရောင်းကြတော့--supply and demand ပဲ--လွှတ်တော် က ၁၀၀၀ ဖြစ်သင့်တယ်ဆိုလို့လည်းမဟုတ်နိုင်ဘူး--ထန်းသီးကြွေခိုက်ကျီးနင်းခိုက် ဖြစ်တာပါ-- မောင်တိုင်ပင် လုပ်ခဲ့တဲ့ ဘဏ်ကိုထုထောင်းလိုက်တော့ဝယ်တာရပ်လိုက်ကော--ထုထောင်းတာများ -- ဘ၀တူဘဏ်တစ်ခုရဲ့ နှစ်ပတ်လည်ပဲမှာ နာယကကြီးကတောင်မိန့်ခွန်းထဲ ထည့်ပြောသေး--အဲတော့ဘာဖြစ်လဲ-- deposit ကျသွားကော--ချေးငွေကပုံမှန်ဆိုပေမဲိ့ အပ်ငွေကကျသွားတော့ loan deposit ratio တွေများလာလိုက်တာ ရင်ဘတ်ရောက်လုပဲ--ပါးပါးလေးစာရတဲ့ ဘဏ် ရဲ့ ၀င်ငွေလည်းပျောက်သွား ပါလေရော--အထုအထောင်းကြောင့် လုပ်ရကိုင်ရမှာ ကြောက်သလိုတောင်ဖြစ်သွားတယ်--ကဲအခုအ၀ယ်ရပ်သွားပြီ-- သူတို့ပြောတဲ့ ကစားတာရပ်သွားပြီ --ဒေါ်လာတွေဘာလို့တက်နေသေးတုံး-- ဘဏ်တွေကအရောင်းရပ်သွားပြီလေ--တွံ့သွားကြပြီ--အဲတော့ ဒေါ်လာကို မရမက လိုတဲ့ သွင်းကုန်သမားတွေက နိုင်ငံရပ်ခြားမှာရှိတဲ့ ဒေါ်လာတွေကို ၀ယ်တော့တာပေါ့-- အဲတော့ အဝေးလွှဲတွေ တက်တာပေါ့ --အဖြေက အဲတာပါပဲ-- ဒေါ်လာတက်တယ်ကျတယ် ငြိမ်တယ် ဆိုတာ တိုင်းပြည်ရဲ့ ကုန်သွယ်မှု ကို လည်းကြည့် ရသေးတယ်--မောင်တိုင်ပင် တို့ဆီမှာ တော့ လျှပ်စစ် ကိုလည်းကြည့် ရပါအုံးမယ်-- အရင်းစစ်တော့ မရိုးနိုင်တဲ့ supply and demand theory ပါပဲဗျာ--------------
Posted on: Sun, 30 Jun 2013 01:30:13 +0000

Trending Topics



Recently Viewed Topics




© 2015