တစ်ခိုင်လုံးရွှေ ... - TopicsExpress



          

တစ်ခိုင်လုံးရွှေ ... မြန်မာ ၁၈ ယောက်ပါဝင်သော MT Kit 57 သင်္ဘော မလေးရှားနိုင်ငံ Johor ကမ်းခြေအနီးတွင် fuel transfer လုပ်နေစဉ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး... အခင်းဖြစ်ပြီးနောက် ၇ နာရီ အကြာတွင် နစ်မြုပ်သွားခဲ့ကြောင်းသတင်းရပါသည်။ မြန်မာ သင်္ဘောသား ၁၈ ယောက်လုံး မှာ အတူတွဲရပ်ထားသော MT Sakses Satria 1 သင်္ဘောပေါ်သို့ အချိန်မီကူးပြောင်းလိုက်နိုင်ပြီး ဘေးကင်းကြောင်း သိရပါတယ်။ သင်္ဘော ၂ စီးလုံးမှာ စင်္ကာပူ မှတ်ပုံတင်သင်္ဘောများဖြစ်ကြပြီး... အခင်းဖြစ်ပွားချိန်တွင် Fuel Transfer လုပ်နေခဲ့တယ်လို့ ယူဆရပါတယ်။ ၁၈ ယောက်ထဲမှ ၂ ယောက် ဒဏ်ရာရရှိပြီး Kota Tinggi ဆေးရုံတွင် ကုသမှုခံယူလျက်ရှိပါသည်။ NK @MSU Dated - 3rd Sept. 2013. Ref: nst.my/nation/general/fire-damaged-singapore-ship-sinks-1.348293 malaysiaflyingherald.wordpress/2013/09/03/shipboard-fire-sunk-singaporean-flagged-vessel/
Posted on: Wed, 04 Sep 2013 16:29:51 +0000

Recently Viewed Topics




© 2015