တစ်ချိန်တုန်းက - TopicsExpress



          

တစ်ချိန်တုန်းက အစိုးရဖက်က အရာရှိ အရာထမ်းတွေဟာ public sector management ဖြစ်တဲ့ အစိုးရ၀န်ထမ်းဘ၀ ကနေ အနားယူပြီ private sector ဖြစ်တဲ့ ကုမ္ပဏီလောကို ၀င်ရောက်လာကြတယ်။ အထူးသဖြင့် စီမံရေးရာ နဲ့ လူစွမ်းအားဆိုတဲ့ ဌာနတွေမှာ ပိုပြီး ၀င်ရောက်နေတာတွေ့ရတယ်။ သူတို့ကိုယ့်သူတို့လဲ ဒီလိုအလုပ်တွေမှာ တစ်ဖက်ကမ်းကျွမ်းကျင်ကြတယ်လို့ အထင်တွေရှိကြတယ်။ ကျနော်တို့တွေဟာ HR တွေဆိုတော့ HR လောကထဲကို ၀င်တဲ့အကြောင်းကိုပဲ ပြောကြပါစို့။ သူတို့တွေဟာ public sector မှာတုန်းက ကြုံတွေ့ခဲ့ရတဲ့ လူစွမ်းအား စီမံခန့်ခွဲမှု အတွေ့အကြုံတွေနဲ့ပဲ private sector မှာ အသက်သွင်းခဲ့ကြတယ်။ ဒီတော့ public sector မှာ လုပ်ခဲ့ကြရတဲ့ လူစွမ်းအား စီမံခန့်ခွဲမှုဆိုတာ customize မဆန်ဘူးဆိုတာကို သူတို့တွေ သတိမပြုမိခဲ့ကြဘူး။ public sector မှာက ၀န်ထမ်းအင်အား သိန်ဂဏာန်းနဲ့ ချီပြီးရှိနေတော့ အခွင့်အရေးတွေ ခံစားခွင့်တွေ စည်းမျဉ်းစည်းကမ်းတွေ လုပ်ခလစာတွေဟာ တစ်ပြေးတည်း uniform ဖြစ်အောင် လုပ်ခဲ့ကြရတယ်။ ၀န်ထမ်းအင်အားများပြားလွန်းတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ performance တွေ capability တွေ Talent တွေကိုလည်း ဂရုတစ်စိုက် စစ်ဆေးသုံးသတ်နိုင်ဖို့ ခက်ခဲမှုတွေရှိခဲ့ကြပြီး ကိုယ့်ရဲ့ အနီးအနားမှာ ရှိနေတဲ့ လူတွေကိုပဲ စွမ်းဆောင်ရည်ကို သိရှိလေ့ ရှိကြတယ်။ ဒါကလည်း ဘယ်စနစ်ကြောင့် ဖြစ်ခဲ့သလည်းဆိုလျှင် တစ်ချိန်တုန်းက ကျင့်သုံးခဲ့တဲ့ ဆိုရှလစ်စနစ်ကြောင့်ပါပဲ။ ဆိုရှယ်လစ်စနစ်မှာ စီးပွားရေး လုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းခဲ့တယ်။ စီးပွားရေးကို အစိုးရက ၀င်ရောက်လုပ်ကိုင်တယ်။ ဒီနေရာမယ် အစိုးရက လုပ်ကိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေ မအောင်မြင်တဲ့ အချိန်မှာ စီမံခန့်ခွဲသူတွေဟာ သူတို့ရဲ့ အားနည်းချက်ကို ဖုံးကွယ်ချင်တာနဲ့ ၀န်ထမ်းတွေ အသုံးမကျလို့ နိုင်ငံတော် စီးပွားရေးတွေ မအောင်မြင်ရတာပါလို့ စွတ်စွဲပြီး ၀န်ထမ်းတွေကို ဖိနှိပ်တဲ့ စနစ်တွေကို ကျင့်သုံးရင်း တစ်ဖက်က အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေကို စီမံခန့်ခွဲသူတွေက တစ်ဖက်လှည့်နဲ့ အားကိုးပြီး နိုင်ငံတော် စီးပွားရေး ကောင်းမွန်အောင် ကြိုးစားခဲ့ရတယ်။ ခရိုနီဆိုတာ ဒီလိုကြောင့် ပေါ်ပေါက်လာရတာပါ။ အဲဒီတော့ ဒီလို ၀န်ထမ်းတွေကို ဖိနှိပ် အုပ်ချုပ်ခံရတဲ့ စနစ်ထဲမှာ နှစ်ပေါင်းများစွာလုပ်ကိုင်ရင်း အတွေ့အကြုံရလာတဲ့ အရာရှိ အရာထမ်းတွေဟာ သူတို့စိတ်ထဲမှာ အရိုးစွဲနေတဲ့ လူစွမ်းအား စီမံခန့်ခွဲမှုတွေနဲ့ private sector ထဲကို ရောက်လာပြီး ဒီစနစ်နဲ့ပဲ ဆက်လက်လုပ်ကိုင်တတ်ကြတော့ အရပ်သား ကျွမ်းကျင်ပညာရှင်တွေ၊ အရပ်သားဝန်ထမ်းတွေနဲ့ ထိပ်တိုက်တွေ့နေတာတွေ ဖြစ်ပေါ်လာတော့တယ်။ သူတို့တွေ အမြင်မှာ ရည်ရွယ်ချက်မတူ အရည်အချင်းမတူတဲ့ သူတွေကို တစ်ပုံစံထဲ အမြင်ရှိနေကြပြီး management ကို customize လုပ်နိုင်ဖို့ကို နားလည်းမလည်ခဲ့ကြဘူး၊ လုပ်လည်း မလုပ်တတ်ခဲ့ကြဘူး။ ၀န်ထမ်းတစ်ဦးတစ်ယောက်ချင်းစီရဲ့ Skill, ability, performance နဲ့ relation တွေကို customize လုပ်ဖို့ မဖြစ်နိုင်ကြတော့ public sector ရဲ့ ကုမ္ပဏီတစ်ချို့မှာ Human Resource Management ကျဆုံးနေတာတွေ ဖြစ်ပေါ်လာတော့တာပဲ။ ဒီတော့ စီးပွားရေး လုပ်ငန်းရှင်ဆိုတဲ့ သူတွေရဲ့ အယူအဆကတော့ ရှင်းတယ်။ သူ့လုပ်ငန်း အမြတ်အစွန်းရချင်တယ် ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေကို သူတို့ရဲ့အလုပ်ထဲမှာ ရှိစေချင်တယ်။ ဒါကြောင့် public sector ကလာကြတဲ့ လူတွေရဲ့ အပေါ်မှာ နိုင်ငံခြားကသော်လည်းကောင်း ပြည်တွင်းကသော်လည်းကောင်း function အလိုက် ကျွမ်းကျင် ပညာရှိတွေကို ထပ်မံခန့်ထားပြီး သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို မောင်းနှင်ခိုင်းတော့တာပဲ။ ဒီတော့ စီးပွားရေး လုပ်ငန်းတိုင်းအတွက် customize management ဆိုတာ Human Resource Management မှာရော အခြားနေရာတွေမှာ လိုအပ်လာတော့တယ်။ မလုပ်နိုင်ရင် လုပ်တတ်တဲ့သူတွေရောက်လာလိမ့်မယ်။ ဒီတော့ public sector က လာတဲ့သူတွေဟာ ကျွမ်းကျင်သူတွေနဲ့ လက်တွဲပြီး ကြိုးစာလုပ်ဆောင်ဖို့လိုလာမယ်။ ပြောင်းလဲဖို့လိုလာမယ်။ အဲလိုမှ မလုပ်နိုင်ရင်တော့ ပြုတ်ရင်ပြုတ် မပြုတ်ရင် အရေးမပါတော့တဲ့ နေရာတွေကို ရွေ့ပြောင်းထားရတော့မယ်လို့ ထင်မြင်မိပါတယ်။ စာကျွင်း* လူတစ်ဦးတစ်ယောက်ချင်းကို ရည်ရွယ်ရေးသားခြင်းမဟုတ်ပဲ စနစ်ကိုသာကို ရည်ရွယ်ရေးသားထားကြောင်း နားလည်ပေးကြပါခင်ဗျာ။
Posted on: Fri, 07 Mar 2014 00:49:55 +0000

Trending Topics



Recently Viewed Topics




© 2015