တရားမ၀င် - TopicsExpress



          

တရားမ၀င် လိုင်စင်မဲ့ယာဉ် (၁၀၉၉) စီးဖမ်းဆီးရမိ မြန်မာနိုင်ငံအတွင်းသို့ကားသစ်များတင်သွင်းခွင့်ပြုလိုက်ပြီး နောက်ပိုင်း ပြည်တွင်းသို့ လိုင်စင်မဲ့ကားများပါဝင်ရောက်လျက်ရှိရာ ယခုအခါ ၀င်ရောက်လာသည့်လိုင် စင်မဲ့ကားများကို ဖမ်းဆီးမှုများပြုနေ ကြောင်း သတင်းရရှိသည်။ ဖမ်းဆီး ရမိသော တရားမ၀င်လိုင်စင်မဲ့ ယာဉ်များသည် ၂၀၁၁ ဘဏ္ဍာရေး နှစ်မှ ၂၀၁၃ ဘဏ္ဍာရေးနှစ် ဧပြီလ အထိ နိုင်ငံတစ်ဝန်းလုံး၌ ယာဉ် အစီးရေ (၁၀၉၉) စီးကို ဖမ်းဆီး အရေးယူခဲ့ပြီးဖြစ်ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ အဆိုပါ ဖမ်းဆီးအရေးယူမှု အပြင် ဘဏ္ဍာရေးဝန်ကြီးဌာနအနေ ဖြင့် တရားဝမ၀င်လိုင်စင်မဲ့ယာဉ်များ ကို ဖမ်းဆီးခဲ့ရာတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် (၁၂၉) စီး၊ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် (၁၈) စီးကို ပြည်သူ့ဘဏ္ဍာအဖြစ် ဖမ်းဆီးသိမ်း ဆည်းထားကြောင်းသတင်းရရှိသည်။ ယင်းတရားမ၀င် လိုင်စင်မဲ့ ယာဉ်များကို ဖမ်းဆီးမှုနှင့် ပတ်သက် ၍ ၂၀၀၄-၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ် အတွင်းလိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိမှု မှာ တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း (၁၇၀၀၀) ကျော်ရှိကြောင်းသိရှိရ သည်။ တရားမ၀င်လမ်းကြောင်းများ မှာ ကချင်ပြည်နယ်တွင် ငါးခု၊ က ယားပြည်နယ်တွင် နှစ်ခု၊ ကရင်ပြည် နယ်တွင် (၁၇) ခု၊ ရှမ်းပြည်နယ်တွင် (၁၂) ခုနှင့် တနင်္သာရီတိုင်းဒေသကြီး တွင် (၄) ခုတို့ဖြစ်ကြောင်းသတင်း ရရှိသည်။ Reposted By Su Credit to Myanmar News Update facebook/MMcities
Posted on: Tue, 06 Aug 2013 08:50:51 +0000

Trending Topics



Recently Viewed Topics




© 2015