တိုင်းမ်မဂ္ဂဇင်းကို - TopicsExpress



          

တိုင်းမ်မဂ္ဂဇင်းကို သံဃာ နှင့် ပြည်သူများ ဆန္ဒပြကြမည် Wednesday, June 26, 2013 ဦးဝီရသူအား တိုင်းမ်မဂ္ဂဇင်းမှ ဗုဒ္ဓဘာသာ အ ကြမ်းဖက်သမားဟု ရေးသားချက် အပေါ် ကျေနပ်မှုမရှိ၍ သံဃာ တော်များ ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ဦးဆောင်သူ ဆရာ တော် ဦးပါမောက္ခက မိန့်သည်။ 'တိုင်းမ်မဂ္ဂဇင်းက ဦးဝီရသူ ကို ဒီလိုစွပ်စွဲပြီးရေးတာက ဗုဒ္ဓဝါဒတစ်ခုလုံးကို စွပ်စွဲလိုက်သလိုပဲ။ ဗုဒ္ဓဝါက အကြမ်းဖက်ဝါဒဆို ပြီး စွပ်စွဲချက်အပေါ် မခံနိုင်လို့ဆန္ဒ ထုတ်ဖော်မှာပါ'ဟု မိန့်သည်။ ထိုသို့ ဆန္ဒထုတ်ဖော် ရန်အတွက် ဗဟန်းရဲစခန်းတွင် ခွင့် ပြု မိန့် တင်ရန် စီစဉ်ထားသော်လည်း အမေရိကန်သံရုံးသည် ဗဟန်းမြို့ နယ်တွင် မရှိသောကြောင့် ကမာ ရွတ်ရဲစခန်းတွင်တင်ရန် ကမာရွတ် မြို့နယ်မှူးနှင့် တွေ့ခဲ့ကြောင်းသိ ရသည်။ ကမာရွတ်မြို့နယ်မှူးက ယင်းကိစ္စသည် အမေရိကန်သံရုံး နှင့် သက်ဆိုင်မှုမရှိကြောင်း၊ တိုင်းမ်မဂ္ဂဇင်းသည် ပုဂ္ဂလိကဖြစ် သောကြောင့် အမေရိကန်သံရုံး ရှေ့တွင် ဆန္ဒထုတ်ဖော်လို့ မရ ကြောင်း ပြောခဲ့သည်ဟုသိရသည်။ ဆရာတော် ဦးပါမောက္ခ က 'အမေရိကန်သံရုံးရှေ့မှာ ပြဖို့ စီစဉ်ထားပေမယ့် မြို့တော်ခန်းမ ရှေ့မှာဆို ပြမယ်ဆိုရင် ဖြစ်နိုင်ချေ ရှိတယ်လို့ မြို့နယ်မှူးက ပြော တော့ အဲဒီမှာပဲ ဆန္ဒပြဖြစ်မယ်' ဟုမိန့်သည်။ ထိုသို့ ဆန္ဒထုတ်ဖော် ရန်အ တွက် ဇွန် ၂၅ ရက်၌ ကျောက်တံ တားရဲစခန်းတွင် ရှေ့နေဦးအေးပိုင်၊ ဆရာတော်ဦးပါမောက္ခ အ ပါအဝင် လူဦးရေအယောက် ၁ဝဝဝဖြင့် ခွင့်ပြုမိန့်တင်လိုက် ပြီးဖြစ်ကြောင်း သိရသည်။ ဆရာတော်ဦးဝီရသူက 'တိုင်းမ် မဂ္ဂဇင်း က တကယ်တမ်း ကျတော့ ဦးဇင်းကို ပစ်မှတ်ထား ပြီး တိုက်ခိုက်တာ။ ဒါပေမဲ့ ဦးဝီ ရသူတစ်ပါးတည်းနဲ့ ပြီးမသွားဘဲ ဗုဒ္ဓဘာသာတစ်ခုလုံးကို တိုက်ခိုက် မှုဖြစ်နေတယ်။ ဒါကို သံဃာထု က စိတ်မချမ်းသာဘူး။ ပြည်သူ က မကျေနပ်ဘူး။ ဒီအပေါ်မှာ ဆန္ဒပြဖို့ လုပ်ကြတာ ဖြစ်မယ်။ဦးပဉ္ဇင်းအနေနဲ့ကတော့ တရား စွဲတယ်ဆိုတာထက် ဆန္ဒပြတာကို လက်ခံတယ်။ ဆန္ဒပြတယ်ဆိုတာ မမှန်ရင် မမှန်ဘူးဆိုတဲ့အကြောင်း ကို ထုတ်ဖော်ခွင့်ရှိတယ်။ ပြော ခွင့် ရှိတယ်။ ဒီအပေါ်မှာ ဦးပဉ္ဇင်းက ကြိုဆိုပါ တယ်'ဟု မိန့်သည်။ ဇွန် ၃ဝရက် မြို့တော်ခန်းမ ရှေ့ ညနေ ၆နာရီတွင် လူစုပြီး မဟာဗန္ဓုလပန်းခြံအား တစ်ပတ် ပတ်မည်ဖြစ်ပြီး ရှေ့နေဦး အေး ပိုင်၊ ဦးပါမောက္ခ၊ ထေရဝါဒဓမ္မ ကွန်ရက်မှ ဦးအေးမြိုင်တို့မှ ဆန္ဒ ထုတ်ဖော်မည့်အကြောင်းနှင့် ပတ်သက် ၍ ဟောပြောမည်ဖြစ် ကြောင်း ဆရာတော်က ပြော သည်။ ဆရာတော်ဦးပါမောက္ခ က 'ဘုန်းဘုန်းကတော့ ဗုဒ္ဓဝါဒ သည် အကြမ်းဖက်ဝါဒမဟုတ် မေတ္တာတရားကို အခြေခံတဲ့ ငြိမ်း ချမ်းရေးဝါဒဖြစ်တယ်ဆိုတာကို ဟောပြော မယ်'ဟု မိန့်သည်။ ထိုသို့ ဆန္ဒထုတ်ဖော်ရန် အတွက် ပါဝင်ချင်သူများအား မိဒီယာများ၊ အွန်လိုင်းကနေ တစ် ဆင့် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရန် ဦးဆောင်မည့် သူများက ပြောသည်။ ရွှေရည်မဉ္ဇူ YMG by>>>Myanmar News Update
Posted on: Wed, 26 Jun 2013 16:21:19 +0000

Trending Topics



Recently Viewed Topics




© 2015