တိုင်းရင်းသား - TopicsExpress



          

တိုင်းရင်းသား အဖွဲ့များအားလုံး ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးမည့် ပင်လုံကဲ့သို့ ညီလာခံပြုလုပ် လိုကြောင်း သမ္မတရုံးဝန်ကြီးဆို Created on Monday, 26 August 2013 04:29 တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေး သဘောတူညီမှု ပါဝင်လက်မှတ်ရေးထိုးမည့် ပင်လုံကဲ့သို့သော ညီလာခံကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ အတွင်းပြုလုပ် လိုသည်ဟု ၀န်ကြီး ဦးအောင်မင်းက ပြောကြားကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှ၏ ပြောကြားချက်အရ သိရသည်။ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့နှင့် ကရင်အမျိုး သားအစည်းအရုံး (KNU) အဖွဲ့တို့နှင့် သြဂုတ် ၂၄ ရက်က ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (MPC) ၌ အကြိုတွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သည့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ '၀န်ကြီးဦးအောင်မင်းက အဲဒီ ပင်လုံကဲ့သို့သော ညီလာခံကို ၂၀၁၄ အောက်တိုဘာမှာလုပ်ဖို့ သဘော တူညီချက်ရလိုတဲ့အကြောင်း ပြော တယ်။ အဓိကကတော့ နိုင်ငံရေး ဆွေးနွေးရေးမူဘောင်ကို သွားဖို့ပါ ပဲ။ အဲဒီမူဘောင်ကို သွားနိုင်ဖို့က တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးက အရင်ဆွေးနွေးရမယ့် ကိစ္စဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့နဲ့ တိုက်ရိုက်ပတ်သက်တာကို ခေါ်ယူဆွေးနွေးတာ ဖြစ်ပါတယ်' ဟု ဗိုလ်မှူးကြီးစိုင်းလှက ပြောကြားသည်။ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို အစိုးရဘက်က နိုင်ငံတကာ အသိသက်သေများရှေ့တွင် လက်မှတ်ထိုးနိုင်ရန် ကြိုးပမ်းနေကြောင်း၊ ယင်းအတွက်မည်သည့် ခေါင်းစဉ်အောက်တွင် ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်နိုင်မလဲဆိုသည် ဆွေးနွေးခြင်းများလည်း ပါဝင်ကြောင်း ဗိုလ်မှူးကြီးစိုင်းလှက ပြောကြားသည်။ 'Peace Center မှာ ပုံမှန်လုပ်နေတဲ့ Community Forum ဆိုတာ ရှိတယ်။ တိုင်းပြည်တည်ဆောက်ရေးကို ဘယ်လိုလုပ်ကြမယ် ဆိုတာကို လစဉ်ဆွေးနွေးတာရှိတယ်။ ဒီနေ့ပွဲကို RCSS ကလေ့လာသူ အနေနဲ့ရော ပါဝင်ဆွေးနွေးသူအဖြစ် နှစ်ယောက်လာတယ်။ ကျန်တဲ့ ပြည်ပကနေ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ အဖွဲ့တွေပါတယ်။ နိုင်ငံရေး ပါတီက ခေါင်းဆောင်တွေလည်း ပါကြတာပေါ့။ လစဉ်လုပ်နေကြပါ' ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သြဂုတ် ၂၄ ရက်က ပြောကြားသည်။ အေးချမ်းမွန် Credit To >Eleven Media Group < Thanks Re-posted By ACM 26-8-2013 https://facebook/excellencemedia
Posted on: Mon, 26 Aug 2013 00:51:23 +0000

Trending Topics



Recently Viewed Topics




© 2015