တခြားဖား တွေနဲ့ မတူတဲ့ - TopicsExpress



          

တခြားဖား တွေနဲ့ မတူတဲ့ SURINAM TOAD THURSDAY, SEPTEMBER 26, 2013 HTWE NAING Surinam ဖားတွေဟာ တခြားဖား တွေနဲ့ မတူတဲ့ မျိုးပွားပုံကြောင့် နာမည်ကြီးကြ ပါတယ်။ ဖားသားလောင်း တွေဟာ မိ ခင် ရဲ့ ကျောအရေပြား ကနေ တပြွတ်ပြွတ်နဲ့ ထွက်လာတာ မြင်ရတာ အသည်းယား စရာပါ။ စဉ်းစား ကြည့်ပါ။ ခင်ဗျားရဲ့ ကျောကုန်း အရေပြား အောက်မှာ ကလေးလေးတွေ ရှိနေတယ်။ သူတို့ဟာ အသက်ရှင် ကြီးထွား လာပြီး နောက် ဆုံးမှာ ပြောင်းဖူး ပေါက်ပေါက် ဖောက်သလို တစ်ကောင်ပြီး တစ်ကောင် တဖောက်ဖောက်နဲ့ ခုန်ထွက် လာကြတယ်။ မနေ့ညက ကြည့်ထားတဲ့ သရဲကား မဟုတ်ပါဘူး။ တကယ့် အဖြစ်အပျက်ပါ။ တကယ်လို့များ ခင်ဗျားက Surinam ဖားသာ ဖြစ်ခဲ့မယ် ဆိုရင်ပေါ့။ ကယ်လက်ချောင်း ဖားတွေလို့ အများသိကြတဲ့ Pipidae မိသားစုဝင် သိပ္ပံအမည် Pipa pipa လို့ရထားတဲ့ Surinam ဖားတွေဟာ သူတို့ရဲ့ ထူး ခြားလှတဲ့ မျိုးပွား စနစ်ကြောင့် နာမည်ကြီး ပါတယ်။ သူတို့ကို ဘိုလီဗီးယား၊ ဘရာဇီး၊ ကိုလံဘီယာ၊ အီကွေဒေါ၊ French Guiana, Guyana, ပီရူး, Suriname, Trinidad and Tobago, နဲ့ဗင်နီဇွဲလား စတဲ့နိုင်ငံ တွေရဲ့ subtropical နဲ့ tropical တောအုပ်တွေ၊ နွံအိုင်တွေမှာ ပေါက်ဖွား ပါတယ်။ အမတွေက 105-171 mm နဲ့အထီးတွေ 106-154 mm ရှိပြီး ကျယ်ပြန့် ပြားချပ်တဲ့ ကိုယ်လုံးနဲ့ တြိဂံပုံ ဦးခေါင်း ရှိပါတယ်။ အညိုဖျော့ ရောင် ကိုယ်ခန္ဓာမှာ အညိုရင့်ရောင် အစက်တွေ ပါတဲ့ ကျောကုန်းလည်း ရှိပါတယ်။ အမတွေဟာ အထီးတွေနဲ့ ကွဲပြားချက်က ကျောကုန်းမှာ အ၀ိုင်း ပေါက်တွေ အများကြီးကို သားလောင်း လွယ်ထားချိန်မှာ ထင်ထင်ရှားရှား တွေ့ရပါတယ်။ သက်တမ်း ကတော့ ခြောက်နှစ် ကျော်ကျော် လောက် ရှိပါတယ်။ သူတို့ဟာ ပိုးကောင်တွေ၊ တီကောင်တွေ၊ crustaceans တွေနဲ့ ငါးသေးသေး လေးတွေကို စားပါတယ်။ သူတို့မှာ လျှာရယ် လို့ မရှိဘဲ ရှည်လျားကာ အာရုံခံ စွမ်းအား ကောင်းတဲ့ ရှေ့လက်ချောင်း တွေကို အသုံးပြုပြီး သားကောင်ကို ဖမ်းယူကာ ပါးစပ်ဆီ ယူလာပြီး စားသောက် ပါတယ်။ သူတို့ဟာ များသော အားဖြင့် ကန်အောက်ခြေမှာ ငြိမ်ငြိမ်လေး နေပြီး ရေမျက်နှာ ပြင်ပေါ်ကို နာရီဝက် တစ်ခါလောက် တက်ပါတယ်။ သာမန် အားဖြင့်တော့ ရေထဲကနေ ကုန်းပေါ်မှာ နေလေ့ မရှိပါဘူး။ အခုဆိုရင် ခင်ဗျားတို့ စိတ်ဝင်စားမယ့် မျိုးပွားမှု ပုံစံကို ရောက်လာပါပြီ။ အထီးတွေဟာ မိတ်လိုက် တော့မယ်ဆိုရင် clicking အသံကို မြည်စေ ပြီး အမကို ဆွဲဆောင် ပါတယ်။ သူတို့ရဲ့ extraordinary မိတ်လိုက်အက အဆုံးမှာ ဖားမဟာ ဖားထီးရဲ့ ၀မ်းဗိုက်ပေါ်ကို ဥဥချ လိုက်ပါတယ်။ ဖား ထီးက ဥတွေကို မျိုးအောင် စေပြီး အဲ့ဒီဥ တွေကို ဖားအမရဲ့ ကျောကုန်း အရေပြားက အပေါက် တွေထဲကို လှိမ့်ထည့် လိုက်ပါတယ်။ ဖားလောင်းလေး တွေဟာ larval stage ကိုဖားအမေရဲ့ ကျောကုန်း အရေပြား အောက်က အိတ်တွေ ထဲမှာ ကုန်လွန် စေပြီး အင်္ဂါစုံ တဲ့အခါ အမေရဲ့ ကျောကုန်းကနေ သူ့တို့ရဲ့ အားအင်နဲ့ ကြိုးစားပြီး ပေါက်ထွက် လာပါတယ်။ ဒါပေမယ့် ဖားအမေ ကလည်း သူတို့ထွက်ရ လွယ်အောင် pressure နည်းနည်းတော့ ပေးသေး တာပေါ့။) သာမန် အားဖြင့်တော့ အမေတွေဟာ ကလေး တွေကို စားလေ့ မရှိပါဘူး။ ကလေး တွေဟာ မွေးမွေးချင်းမှာ သူတို့ဘာသာ အစာစား နိုင်ပါတယ်။ အစပိုင်းမှာ ရေကူးရာ ဒိုင်ဗင် ထိုးရာမှာ အခက်အခဲ ရှိပေမယ့် တစ်လလောက် ကြာတဲ့ အခါ အဆင်ပြေ သွားပါတယ်။ သူတို့ရဲ့ ထူးခြားတဲ့ မျိုးပွားနည်းဟာ ဖားသားပေါက် လေးတွေရဲ့အသက်ရှင် သန်မှု နှုန်းကို မြင့်တက် စေပါ တယ်။ ဘာလို့လဲ ဆိုရင် တခြားဖား တွေလို ရေထဲမှာ ဥဥချတဲ့ နည်းနဲ့ ယှဉ်ရင် ဥပျက်စီးနှုန်း နည်းလို့ ပါပဲ။ သူတို့ဟာ အန္တရာယ် ရှိတဲ့ ပိုးကောင် တွေကို စားပေးတာ ကလွဲလို့ လူသားတွေ အတွက် ecomonic benefits သိပ် မရှိလှ ပါဘူး။
Posted on: Thu, 26 Sep 2013 08:15:55 +0000

Trending Topics



Recently Viewed Topics




© 2015