ထောင်ခိုင်နှုန်း နဲ့ - TopicsExpress



          

ထောင်ခိုင်နှုန်း နဲ့ ယူရိုကုဒ်ထဲက သင်္ကေတ အသစ်များ (၁).... American ACI code ကို သုံးတဲ့ မြန်မာပြည်က မြို့ပြအင်ယာတွေအတွက် Eurocode နဲ့ ဆိုင်တာတွေက ဗဟုသုတအနေပဲ ဖြစ်မယ် ထင်ပါတယ်။ စင်ကာပူက အင်ယာတွေကတော့ ယူရိုကုဒ်ကို ရင်ဆိုင်ရတော့မှာ မလွှဲပါဘူး။ ယူရိုကုဒ်ထဲက အသစ်အဆန်းလေးတွေ ရှာတွေ့သလောက် ထုတ်ထားပါတယ်။ ၁။ (%) သင်္ကေတက ရာခိုင်နှုန်းကို ကိုယ်စားပြုတာလို့ နားလည်ကြပါတယ်။ percentage ပေါ့။ 1% ဆိုရင် 0.01 ဖြစ်တယ်ပေါ့။ ယူရိုကုဒ်မှာ သင်္ကေတ အသစ်တခုကို ထုတ်သုံးပါတယ်။ (‰) သင်္ကေတပါ။ thousandth လို့ ခေါ်ပါတယ်။ မြန်မာလို ပြန်ရရင် ထောင်ခိုင်နှုန်း လို့ သုံးရမယ် ထင်ပါတယ်။ 1‰ ဆိုရင် 0.001 ဖြစ်မှာပါ။ ရာခိုင်နှုန်း သင်္ကေတ အောက်မှာ အစက်တခု ပိုလာတာပါပဲ။ ဒီ သင်္ကေတက အရင်ကတည်းက ရှိပါတယ်။ Microsoft word ထဲက Symbol box ကနေ ယူလို့ရပါတယ်။ ၂။ ဒသမကို အစက် (.) သုံးရာကနေ ယူရိုကုဒ်မှာ ကော်မာ (,) ကို ပြောင်းသုံးပါတယ်။ ဥပမာ သုံး ဒသမ ငါး ဆိုရင် (3.5) လို့ သုံးတာကနေ (3,5) အစက် အစား ကော်မာ ပြောင်းပါတယ်။ ဒီအပြောင်းက အတော် အခက်အခဲ ဖြစ်စေမယ် ထင်ပါတယ်။ ၃။ Stress ယူနစ်ကို N/mm2 ကို မသုံးတော့ဘဲ Mpa ကို သုံးရပါမယ်။ ၄။ အီကွေးရှင်း သင်္ကေတ (=) ကို equation လို့ ခေါ်ရာကနေ expressions လို့ ပြောင်းသုံးပါတယ်။ ဒါကြောင့် ယူရိုကုဒ် သုံးတဲ့ တိုင်းပြည်က မြို့ပြအင်ယာတွေက အီကွေးရှင်းကို မေ့လိုက်ရပါမယ်။ :) ၅။ loading ကို action လို့ ပြောင်းသုံးပါတယ်။ ၆။ သံချောင်း အချင်းကို သတ်မှတ်တဲ့ သင်္ကေတ ပြောင်းပါတယ်။ ဥပမာ အချင်း ၂၀ မီလီမီတာ ရှိတာကို အရင်က T20 လို့ သုံးပါတယ်။ အခု H20 လို့ ပြောင်းပါမယ်။ H အပြင် ductility ပေါ်မူတည်ပြီး B , C လို့လည်း ပြောင်းပါမယ်။ ၇။ နောက်ပြီး ယူရိုကုဒ်မှာ ကွန်ကရစ် strength ကို စမ်းတာ cube မဟုတ်တော့ပါဘူး။ cylinder strength ကို သုံးပါတယ်။ စင်ကာပူမှာတော့ lab တွေက cube ကို စမ်းတဲ့စက်များလို့ Lab က ရလာမယ့် အဖြေက cube strength ကို cylinder ထပ်ပြောင်းသုံးပါတယ်။ ယူရိုကုဒ်က cylinder strength ကို ယူလိုက်တဲ့အတွက် အမေရိကန် ACI နဲ့ သွားတူပါတယ်။ ၈။ ယူရိုကုဒ် လက်ရှိ သုံးနေတဲ့ နိုင်ငံများက.. ဥရောပနိုင်ငံများ ၊ အီဂျစ် ၊ မလေးရှား ၊ စင်ကာပူ ၊ ဗီယက်နမ် ၊ တောင်အာဖရိက ၊ သီရိလင်္ကာ တို့ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲက ၃ နိုင်ငံက ယူရိုကုဒ်ကို အသုံးပြုနေပါတယ်။ ဒါကြောင့် မြန်မာအင်ဂျင်နီယာ အသင်း ကြွေးကြော်နေတဲ့ ၂၀၁၅ ကျော်ရင် မြန်မာအင်ယာတွေ အာဆီယံထဲ့ ကြိုက်သလို အလုပ်သွားလုပ်နိုင်တယ် ဆိုတာ တကယ် ဖြစ်ခဲ့ရင် ယူရိုကုဒ်ကို နည်းနည်း တီးမိခေါက်မိ လိုမယ်ထင်ပါတယ်။ ၉။ ယူရိုကုဒ်ကို ပြောင်းသုံးဖို့ စဉ်းစားပြီး လေ့လာနေတဲ့ နိုင်ငံတွေက... အာဖရိက မြောက်ပိုင်းနိုင်ငံများ (အီဂျစ် အနီးအနားက တိုင်းပြည်များ) ၊ ရုရှ ၊ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများ ၊ နယူးဇီလန် ၊ သြစတြေးလျ ၊ india တို့ ဖြစ်ပါတယ်။ India က india standard ကို သုံးပါတယ်။ နောက်ထပ် တွေ့တာတွေကို ဖော်ပြပါဦးမယ်။ (မြန်မာမြို့ပြအင်ဂျင်နီယာ)
Posted on: Fri, 12 Jul 2013 17:06:42 +0000

Trending Topics



30px;">
Title : The Mujaffar nager ,UP , India Anti Minority
From Katie Gibbs, Executive Director - EVIDENCE FOR DEMOCRACY "On
We never have the right debate in America concerning healthcare
Congratulations to the Drag Race Winners from Saturdays Street
The basic CGC is a good start but we firmly believe that all dogs

Recently Viewed Topics




© 2015