ထိုင်းတွင် - TopicsExpress



          

ထိုင်းတွင် နိုင်ငံကူးလက်မှတ် မရရှိသေးသည့် မြန်မာရွှေ့ပြောင်းလုပ်သား အများအပြား ကျန်ရှိနေ ************************************************************* ၃၀.၇.၂၀၁၃၊ အင်္ဂါနေ့ ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်း အလုပ်သမား နိုင်ငံသား စိစစ်ရေးရုံး ထိုင်းနိုင်ငံတွင် ယာယီနိုင်ငံကူး လက်မှတ် မရရှိသေးသည့် မြန်မာရွှေ့ပြောင်း လုပ်သား အများအပြား ကျန်ရှိနေပြီ အချို့ အထောက်အထား မရရှိသေးသူများမှာ ဒေသဆိုင်ရာ အာဏာပိုင်များအား ဆက်ကြေးပေးပြီး နေထိုင်နေရကြောင်း ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖေါင်ဒေးရှင်း (ထိုင်းနိုင်ငံ)မှ အကြီးတန်း အကြံပေး ဦးထူးချစ်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။ ထိုင်းနိုင်ငံတွင် အထောက်အထား မရှိသည့် မြန်မာရွှေ့ပြောင်း လုပ်သားမှာ အများအပြား ရှိနေပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ အထောက်အထားများ ရရှိပြီး တရားဝင် အလုပ်လုပ်ကိုင် နိုင်ရေးအတွက် ဆောင်ရွက် ပေးလျက်ရှိကြောင်း အဆိုပါ ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 'လက်ရှိအချိန်အထိ မှတ်ပုံမတင်နိုင်သေးတဲ့ ရွှေ့ပြောင်းလုပ်သားက တစ်သန်းခွဲလောက် အထိရှိနေပါတယ်။ အအထောက်အထား ရှိတာက တစ်သန်းခွဲလောက် ရှိပါတယ်။ အထောက်မထား မရှိတဲ့ သူတွေကတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို ဆက်ကြေးပေးနေ ရတာတွေရှိတယ်။ တစ်ချို့တွေက သူဌေးတွေရဲ့ အကာအကွယ်နဲ့ နေကြတာတွေရှိတယ်။ ပုံမှန်တိုင်းပဲ နေနေတာတွေလည်း ရှိတယ်' ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖေါင်ဒေးရှင်း (ထိုင်းနိုင်ငံ)မှ အကြီးတန်း အကြံပေး ဦးထူးချစ်က ဆက်လက် ပြောကြားသည်။ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင် နေကြသည့် မြန်မာရွှေ့ပြောင်း လုပ်သားများမှာ ထိုင်းအစိုးရက သတ်မှတ်ထားသည့် အခြေခံလစာ အနည်းဆုံး ဘတ် ၃၀၀ မရဘဲ လုပ်ကိုင်နေရကြောင်း သိရပြီး လစာအပေါ် ခေါင်ပုံဖြတ် ခံနေရမှုများ ရှိကြောင်း စုံစမ်းသိရှိရသည်။ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သားများ၏ လုပ်ငန်းရှင်များသည် ၎င်းတို့အား တရားဝင် မှတ်ပုံတင် အလုပ်သမားများ မဖြစ်စေချင်ကြကြောင်း တရားဝင် ဖြစ်သွားလျှင် အနည်းဆုံး လုပ်ခလစာ ဘတ် ၃၀၀ မပေးချင်သည့် အတွက်ကြောင့် အထောက်အထားများ ပြုလုပ်ရာတွင် ဟန့်တားနေမှုများ ရှိကြောင်း သိရသည်။ ထိုင်းနိုင်ငံသို့ တရားမ၀င် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ပတ်သက်၍ အကူအညီ ပေးနေသည့် အဖွဲ့အစည်းများ နည်းပါးလျက်ရှိကြောင်း သိရပြီး ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖေါင်ဒေးရှင်း (ထိုင်းနိုင်ငံ)မှ အကြီးတန်း အကြံပေး ဦးထူးချစ်က 'မြန်မာအစိုးရ အနေနဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး စနစ်တကျ ဆောင်ရွက်သင့်တယ်' ဟု အကြံပြု ပြောကြားသည်။ ထိုင်းနိုင်ငံရှိ စက်မှုဖွံ့ဖြိုး တိုးတက်သည့် နေရာများနှင့် ရနောင်း၊ ချင်းမိုင် စသည့် နေရာများတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား အများအပြား ရှိကြောင်း သိရသည်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ထုတ်ပြန်ခဲ့သော အချက်အလက်များအရ ထိုင်းနိုင်ငံသို့ တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁ ဒသမ၂၃ သန်းကျော်အား ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးခဲ့ကြောင်း သိရသည်။ Eleven
Posted on: Tue, 30 Jul 2013 13:42:20 +0000

Recently Viewed Topics




© 2015