ထိုင်းအစိုးရ နှစ် ၂၀ - TopicsExpress



          

ထိုင်းအစိုးရ နှစ် ၂၀ သက်တမ်းရှိ အသင်းဝင်ဗီဇာကတ်များ စရောင်း ထိုင်းနိုင်ငံ၏ ခရီးသွားနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဗီဇာကတ် ကုမ္ပဏီတစ်ခုဖြစ်သော Thailand Privilege ကုမ္ပဏီက ထိုင်းနိုင်ငံသို့ ဗီဇာမလိုဘဲ လာရောက် လည်ပတ် နေထိုင်နိုင်စေရန် အတွက် နှစ် ၂၀ သက်တမ်းရှိ အသင်းဝင်ကတ်ကို မြန်မာနိုင်ငံတွင် စတင် ရောင်းချလျက် ရှိကြောင်း အဆိုပါ ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ မစ္စတာအပီဆစ် ချူအင်ချောင်ဝူး က ပြောကြားသည်။ မြန်မာနိုင်ငံမှာ ပိုက်ဆံ သုံးနိုင်တဲ့ လူတွေရှိတယ် ဆိုတာ သိပါတယ်။ အဲဒါကြောင့် ဒီလိုလာရောက် ရောင်းချခြင်း ဖြစ်ပါတယ် ဟု ၄င်းကဆိုသည်။ Special Tourist ဗီဇာကတ် တစ်ကတ်လျှင် ဘတ်နှစ်သန်း (အမေရိကန် ဒေါ်လာ ၇၁၈၅၀) ကျသင့်မည်ဖြစ်ပြီး နှစ်စဉ်ကြေး အနေနှင့် တစ်နှစ်လျှင် ဘတ်နှစ်သောင်း (အမေရိကန်ဒေါ်လာ ၇၀၀) ပေးသွင်းရမည် ဖြစ်ကြောင်းနှင့် ယင်းကတ်ကို ငါးနှစ်လျှင်တစ်ကြိမ် အသစ် လဲလှယ်ရမည် ဖြစ်ကြောင်း အဆိုပါ Thailand Privilege ကုမ္ပဏီ အရောင်းမန်နေဂျာ ပါတရာချော့တန်ချာရွန်ဝိုရာကူက ပြောကြားသည်။ အဆိုပါကတ် ပါဝင်ပါက ရိုးရိုးဗီဇာကတ် ကဲ့သို့ ရက် ၉၀ အတွင်း နိုင်ငံအတွင်းမှ ထွက်ခွာပေးရန် မလိုဘဲ တစ်နှစ်တိတိ မိမိနိုင်ငံကဲ့သို့ နေထိုင်နိုင်မည် ဖြစ်ပြီး အသင်းဝင်ဖြစ်ပါက အစိုးရတာဝန်ရှိသူများ နှင့် အလွယ်တကူ တွေ့နိုင်ရန် စီစဉ်ပေးခြင်း၊ နိုင်ငံတွင်းရှိ ဂေါက်ကွင်းအမျိုးမျိုးတွင် ဂေါက် ၂၄ ကြိမ် ရိုက်နိုင်ခြင်းနှင့် တစ်နှစ်တစ်ခါ Medical Check Up ပြုလုပ်ပေးခြင်း နှင့်အတူ နိုင်ငံတွင်း အခြားဝန်ဆောင်မှု များကိုလည်း ပေးအပ်သွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။ အဆိုပါ အသင်းဝင်ကတ် များကို မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်လိုသူများမှ ရောင်းချမှုသည် ယခုနှစ်ကုန်ပိုင်းအတွင်း ရောင်းချမှုသည် ၁၀၀ ဦးခန့် ရောင်းချနိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံတွင် ကိုယ်စားလှယ် (Agent) များမှ တစ်ဆင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မစ္စတာ အပီဆစ်ချူအင်ချောင်ဝူးက ပြောကြားသည်။ ထိုင်းကို သွားရတာ အရမ်း မခက်ပါဘူး။ ဒါပေမဲ့ ဆေးကုသဖို့ အတွက် ဆိုရင်တော့ အသုံးဝင်နိုင်ပါတယ် ဟု Capital Development ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဦးစိုးသီဟလှိုင်က ဆိုသည်။ Thailand Privilege ကုမ္ပဏီကို ၂၀၀၃ ခုနှစ် ဇူလိုင်လ အတွင်းက စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိ အသင်းဝင် အများဆုံးနိုင်ငံမှာ ၇၃၂ ဦးဖြင့် ကိုရီးယားနိုင်ငံမှ အများဆုံးဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။ အဆိုပါ ကုမ္ပဏီကို စတင် တည်ထောင်ချိန်က အသင်းဝင် ၁၃၉ ဦးခန့်သာ ရှိခဲ့ပြီး ယခုနှစ်အတွင်း နိုင်ငံစုစုပေါင်း အသင်းဝင်မှာ ၂၅၄၀ ဦးရှိကြောင်း ယင်းကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။ The Voice Weekly
Posted on: Thu, 28 Nov 2013 03:11:22 +0000

Trending Topics



Recently Viewed Topics




© 2015