ဒါပေမယ့် အားလုံးက capacity - TopicsExpress



          

ဒါပေမယ့် အားလုံးက capacity နိမ့်နေကြတယ်။ အချိန်ယူရမှာ ပဲ။ Gradual နဲ့ပဲသွားလို့ရမယ်။ မြန်မြန်ဆန်ဆန် လုပ်လို့မရဘူး။ ဦးသိန်းစိန် ကလည်း တပ်ကဆိုတော့ တပ်အစွဲရှိတယ်။ တပ်က တပ်အချင်းချင်းပဲ ယုံတာ။ အပြင်လူကို မယုံဘူး။ အဲဒီတော့ နိုင်ငံရေးအကြံပေးခေါ်လို့ရရှိရင် တပ်ကပဲ ခေါ်တာ။ အပြင်လူမပါဘူး။ စီးပွားရေးအကြံပေးတော့ အပြင်လူပါတယ်။ နောက်ထပ် အရေးကြီးတာတစ်ခုက conservative တွေရှိတာ။ conservative တွေကို တည့်တည့်ပြောရမယ်ဆိုရင် အစိုးရအဖွဲ့နဲ့ လွှတ်တော်ထဲမှာ သိပ်မရှိဘူး။ ပြီးတော့ ဦးရွှေမန်းကိုယ်တိုင်ကိုက သူ့မှာ interests တွေ အများကြီးရှိတယ်။ အဲဒါ စီးပွားရေးပြုပြင် ပြောင်းလဲမှုရဲ့ အကြီးဆုံး အဟန့်အတားဖြစ်နိုင်တယ်။ အဲဒါ သမ္မတအတွက် တကယ့်စိန်ခေါ်မှုပဲ။ နောက်ပြီးတော့ ကာလုံကို ဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေ ကိုယ်တိုင်ခန့်ထားတာ။ သူကတော့ အာဏာသိမ်းချင်တောင်မှ သူ့သဘောနဲ့သူ သိမ်းဖို့သိပ်မလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက သိပ်ဝါနုတာကိုး။ ပြီးတော့ သူကသူ့တပ်ကို မကိုင်နိုင်တဲ့ လူတွေရှိတယ်။ လူဝတ်လဲထားတဲ့ လူတွေရှိတယ်။ အဲဒီလူတွေ (Hard Liners) တွေက အများကြီးဘဲ။ အဲဒီလူတွေက ဦးရွှေမန်းဘက်ကလူတွေ ဖြစ်နေတာ။ ဒီပြဿနာကတော့ အကြီးကြီးဘဲ။ ဒါပေမယ့် မှန်းဆကြည့်တာ သမ္မတနဲ့ ကာလုံနဲ့ကတော့ အသွင်းချင်းကတူတယ်။ အဲဒီ Power struggle ကလည်း ကြောက်ရတယ်။ ဒါပေမယ့် ဦးရွှေမန်းက နိုင်ငံရေး ကစားချင်တဲ့ သဘောရှိတယ်။ ကစားသွားရင် သိပ်မစိုးရိမ်တော့ဘူး။ အာဏာက ဘယ်သူရရ စိတ်မ၀င်စားတော့ဘူး။ ဒါပေမယ့် တိုင်းပြည်နောက်ကြောင်းမပြန်ရင် တော်တာပဲ။ ကစားတာ အောင်မြင်ရင်တော့ သူ့ကို အားပြန်ကိုးရတာပေါ့။ သူ့ကြည့်ရတာတော့ ပြန်အာဏာသိမ်းချင်တဲ့ပုံစံ မတွေ့ရဘူး။ ဒါပေမယ့် သူ့နောက်က လူတွေအားလုံးက လက်ယားနေတာကြာပြီ။ ဒီလူတွေကတော့ ပြောမရဘူး။ စစ်တပ်ဆိုတဲ့သဘာဝက ကိုယ်ကဘဲ အနိုင်ယူချင်တာပေါ့။ အခုဟာ သမ္မတကရော ကာကွယ်ရေးဦးစီးချုပ်ကရော မတိုက်နဲ့ဆိုတော့ အကျအဆုံးက တော်တော်များတယ်။ အဲဒါလည်း ဘရိတ်ပေါက် သွားနိုင်တယ်။ ၀င်းဖေမောင် နှင့် ဆရာကျော်ဝင်း အင်တာဗျူး မှ ကောက်နှုတ်ချက် ။
Posted on: Thu, 11 Jul 2013 07:20:13 +0000

Trending Topics



Recently Viewed Topics




© 2015