ဒီနေ့ အကြိုက်ဆုံး Status - TopicsExpress



          

ဒီနေ့ အကြိုက်ဆုံး Status .... ကိုသွန်းနေစိုး ဆီမှ မျှဝေပါသည်။ စာနာတတ်ကြပါစေ =========== မိုးစက်ဝိုင်ကို ထောက်ခံနေသူတွေထဲမှာ အာဏာရှင်ဘက်သားတွေ တော်တော်များများတွေ့တယ်။ သူတို့ပြောတာလေး တွေ့မိပါတယ်။ ဘာတဲ့ ... မြန်မာလူမျိုးဂုဏ်တက်ဖို့ မိုးစက်ဝိုင်ကို အားပေးရမယ် တဲ့။ ဒါကို မဆွေးနွေးလိုပါဘူး။ တစ်ခုတော့ ပြောမယ် အခု မိုးစက်ဝိုင်သွားပြိုင်တာ Miss Universe နော် ခင်ဗျားတို့ သူ့ကို Miss Universe မရစေချင်ဘူးလား ရစေချင်တယ်လို့ ဖြေမှာပဲ။ ဒါဆို ဆက်မေးမယ်။ ဘာလို့ရစေ့ချင်လဲ အထက်ကအတိုင်း ဖြေမယ်ထင်တယ်။ တိုင်းပြည်ဂုဏ်တက်အောင် ဟုတ်လား။ ဒါဆို Miss Universe နဲ့ Nobel ဆုနဲ့ ဘယ်ဟာက ကမ္ဘာမှာ ပိုသိက္ခာရှိသလဲ ဒီလောက်ကြီး နှိုင်းတာတောင် မအပ်မရာ နှိုင်းသလိုဖြစ်သွားပါပြီ နည်းနည်းလျှော့ပြောမယ်။ Miss Universe နဲ့ မာလာလာ ဘယ်သူက ပိုသိက္ခာရှိမယ် ထင်သလဲ။ အေး၊ ကျနော်တို့ဆီမှာ မာလာလာတွေ အများကြီးရှိတယ်။ ဒေါ်နော်အုန်းလှ၊ ဒေါ်ဖြူဖြူသင်း၊ ကိုမင်းကိုနိုင်၊ ကိုကျော်သူ စသဖြင့် သူတို့ရထားတဲ့ အဆင့်အတန်းမြင့်လှစွာသော ကမ္ဘာအဆင့် ဆုတံဆိပ်တွေကိုကြည့်စမ်းပါ။ မာလာလာနဲ့ အသာလေးနှိုင်းလို့ရတယ်။ မာလာလာလို့ပြောရင် ကလေးမလေးနဲ့နှိုင်းတယ်ဘာညာ အစဆွဲထုတ်ဦးမယ်။ ကျနော်ပြောချင်တာက ဂုဏ်သိက္ခာအကြောင်းပါ။ Miss Universe နဲ့ဆို မနှိုင်းသာလောက်အောင် မြင့်ကြသပေါ့ဗျာ။ ဒါပေမဲ့ သူတို့ဟာ ... အခု “မြန်မာလူမျိုးဂုဏ်တက်ဖို့ မိုးစက်ဝိုင်ကို အားပေးရမယ်” ဆိုပြီး ဆော်သြနေသူတွေထဲက တစ်ချို့ရဲ့ ပါးစပ်ဖျားမှာ နှစ်ပြားမတန်အောင် အပြောခံခဲ့ကြရတယ်။ ကျနော်တို့ကိုတောင် ဒေါ်စုကို ထောက်ခံလို့တဲ့။ အဖွားကြီး ထမိန်နားခိုချင်နေတဲ့သူတွေ တဲ့ သူက ကျနော်တို့အတွက် အမေပဲလေ။ ပြီးတော့ သူ့ကြောင့်ကျနော်တို့ဘယ်လောက် ကမ္ဘာ့အလည်မှာဂုဏ်တက်ရသလဲ ပြန်နှိုင်းလိုက်ဦးမယ်ဗျာ။ ကမ္ဘာမှာ Miss Universe ဆိုတာ အလွန်ဆုံးနာမည်ကြီးမှ တစ်နှစ်ပါ။ ဘယ် ကမ္ဘာ့ခေါင်းဆောင်မှလဲ Miss Universe ကို အလေးမထားပါဘူး အခု မိုးစက်ဝိုင်ကို ၀ိုင်းအားပေးလို့ ရရင် အင်တာနက်မယ်ပါပဲ။ Miss Universe ဆုကတော့ ကျနော်တို့လဲသေနေအောင် အားပေးလဲ သူ အရည်အချင်းရှိမှ ရမှာ။ ကျနော်တို့မြန်မာပြည်က မြန်မာမကြီးတစ်ယောက်ဟာ ကမ္ဘာမှာ ရနိုင်ခဲလှသော Novel ဆုကြီးရထားတယ်ဗျာ ကမ္ဘာ့ခေါင်းဆောင်တွေကလဲ သူ့ကို (လူငယ်စကားပြောရင်) ဂါကြတယ်ဗျာ။ ဒီတော့ ... ကျနော်တို့က သူ့ကြောင့် မာန်ဝံ့တယ်ဗျာ။ သူ့ကို သိပ်ချီးကျူးတယ်ဗျာ။ သူ့ကို တန်ဘိုးထားတယ်ဗျာ။ ဒါ တို့တိုင်းပြည် ဂုဏ်တက်စေတဲ့ အဆောင်လက်ဖွဲ့ကြီးပဲ ဆိုတဲ့သဘောမျိုး အလေးအမြတ်ပြုကြတယ်ဗျာ။ မိုးစက်ဝိုင်သာ Miss Universe ရလာကြည့်စမ်း ဟိုလူတွေ ဘယ်လောက် ပျော်မလဲ။ အဲဒီချိန်များ မိုးစက်ဝိုင်ကိုတစ်ခွန်းလောက် ပြောမိကြည့် ဘယ်လောက် ဆတ်ဆတ်ခါမလဲ။ အေး ကျုပ်တို့က အဲဒီထက် မနှိုင်းအပ်မနှိုင်းရာဖြစ်လောက်အောင် မြင့်တဲ့ Novel ဆုရှင်ကြီးကို မိုက်မိုက်ရိုင်းရိုင်းတွေ အဆဲခံရတော့ ဆတ်ဆတ်ခါတယ်ဗျာ အသည်းနာတယ်ဗျာ။ ကိုယ့်တိုင်းပြည်အတွက် ဒီလောက်ဂုဏ်တက်စေတဲ့လူကို ဆဲနေတာ ဒီလူတွေ ဒီတိုင်းပြည်သားမှ ဟုတ်ရဲ့လားလို့တောင် ထင်တယ်ဗျာ။
Posted on: Sun, 20 Oct 2013 06:36:18 +0000

Trending Topics



Recently Viewed Topics




© 2015