ဒီနေ့ ညနေ - TopicsExpress



          

ဒီနေ့ ညနေ ဘုတိုဆရာတစ်ယောက် သူ့ငယ်သူငယ်ချင်းတွေနဲ့ချိန်းထားတာရှိလို့ မော်ဒန်ကဖီးကို သွားပါလေရော။ ခါးကနာ၊ လူကချိနဲ့ စိတ်ကတော့ ဖလန်းဆိုသလို ထွက်သွားပါလေရော ၂ နာရီကျော် ကြာ စကားဝိုင်းကပြန်လာသော ဘုတိုဆရာကို ဘုတိုစောင့်နေမိတယ်။ မနက်ဖြန် အစည်းအဝေးက အရေးကြီးတော့ ဘုတိုဆရာသမားအိမ်လာအိပ်တော့ ဆရာသမားညဖက်မအိပ်ပဲ ၊ ဘာတွေလုပ်နေတယ်ဆိုတာပါလေ့လာခွင့်ရမိတယ်။ ပြန်လာတော့ ပြုံးရွှင်တဲ့ မျက်နှာအနေအထားနဲ့ စက်ဘီးစီးလာပါတာပေါ့။ ကြည့်သိပ်မကြာခင်သူ(ဆရာသမားက) ဘာတွေပြောခဲ့လဲဆိုတာ ဘုတိုကို ပြန်ပြောပြမှာပေါ့ ။ ထင်တဲ့အတိုင်းပေါ့။ မကြာပါဘူး ၊ ကိုယ်လက်သန့်စင် ၊ အဝတ်အစားလဲပြီး ဘုတိုကိုခေါ်ပါလေရော ။ မအိပ်သေးဘူးလားလို့စတင်မေးပါလေရော ။ ဆရာသမားအထာကြေနေသောဘုတိုကလည်း မျက်စိကြောင်နေတယ်ဆိုပြီး လွယ်လွယ်ဖြေလိုက်တယ်လေ ။ မကြောင်လည်း ကြောင်လိုက်ရမှာပဲလေ ၊ ဆရာကီးက သူပြောချင်တာရှိပုံရတာ၊ စကားပြင်နေပုံကလေ။ နောက်ဘုတိုကိုမေးပါလေရော ။ ဘုတို မင်းနေပြည်တော်နဲ့ရန်ကုန်အကြောင်းသိလား ။ ဟားသိတာပေါ့ ၊ နေပြည်တော်မှာ ဘာတွေကဘယ်လို ဘာတွေရှိတယ်ပေါ့ ။ ဘာရမလဲ ၊ ပြီးခဲ့တဲ့အပတ်ကပဲ ဝန်ကြီးရုံးမှန်သမျှစာအုပ်ဝေခဲ့တာ။ လွှတ်တော်မှာလည်းစာတင်ခဲ့တာ ။ အားရပါးရဖြေသော်ငြား ဆရာသမားက မဟုတ်ဘူးကွ။ ဟိုတစ်ပတ်က ချကြ တာလေ။ ဘာချတာလဲပေါ့။ ဘာအကြောင်းလဲပြန်မေးတော့ မှ ဘောလုံးပွဲလေကွာတဲ့ ဟားဟုတ်တာပေါ့သိတယ်လေ ။ channel 7 မှာတောင်လာသွားတာ။ ဘယ်ရမလဲ အာတာပေါ့။ ဆရာသမားကနားထောင်ရင်း အေး။ ငါမသိလိုက်ဘူးကွ။ အလုပ်ထဲစိတ်နှစ်နေတာနဲ့။ ငါ့သူငယ်ချင်းတွေပြောမှသိလာတာ။ ဟင်းဟင်း၊ ဆရာကို ဆရာပြန်လုပ်တဲ့အကွက်ပေါ်လို့ မျိုးလှိုင်ဝင်းက ဘယ်လို၊ ရန်ကုန်နည်းပြကဘယ်လို စသဖြင့်ဖောလျှောလုပ်နေပေမယ့် ဆရာသမားကနားထောင်ရင်း အေး၊ ငါ့သူငယ်ချင်းကပြောတယ် တကယ်တော့ နေပြည်တော်နဲ့ရန်ကုန်က အသေကို မလွတ်တမ်းပဲတဲ့။ ဟ၊ ဘာလဲ အသေမလွတ်တမ်းဆိုတာ မသိတော့ မေးလုက်တာပေါ့ ။ အဲတော့ဆရာသမား၊ မှားလို့က နေပြည်တော်ကနေ ရန်ကုန်ဆင်းလာကြည့် အသေပဲ၊ မသာပေါ်ပြီသာမှတ် ရန်ကုန်ကနေ နေပြည်တော်တက်ရင်ကော အသေပဲ။ နားမလည်ဘူးဆရာရ။ မင်းလည်း ကားတိုက်မှောက်သေနေတာ။ အဲတော့ ရန်ငြိုးကြီးတာပေါ့ကွာ ဟားဟားဟား ဆိုပြီးရီပါလေရော ၊ ထပ်ပြောသေး တယ်။ ရန်ကုန်- မန္တလေး လမ်းအစား ရေဝေး - ကြာနီကနါလို့ပြောင်းသင့်ကြောင်းအဆိုကို ဒေါက်တာဂုတ်ကြားလွှတ်တော်မှာ ဆွေးနွေးတော့မှာ။ အော် ၊ ဆရာသမားဒီတစ်ခါ တော့ ဘဝစာတွေထက် ဟာသသရော်စာတွေ ပြောတာကိုး ။ ဘုတို မင်း ကိုရီးယားကား KIA တံဆိပ်ပြောင်းတာသိလား။ ဆရာမသိဘူး ။ ဘာတံဆိပ်လဲ။ MAS ဆိုပြီး ။ ဘာလဲMAS ဆိုတာ အော်မင်းကတယ်ဝေး ။ မီးအိမ်ရှင်ပေါ့ဟ။ ဟားဟား ၊ ငါအိပ်တော့မယ်။ ဟိုကောင်တွေ ငပြောင်ပဲ။ အော် ငါ့ဆရာ့ အားရပါးရရီသံများ မော်ဒန်မှာ ဟိန်းနေမလားမသိ။ ကောင်းသောအိပ်စက်ခြင်းပါမိတ်ဆွေ
Posted on: Fri, 16 Aug 2013 18:21:56 +0000

Recently Viewed Topics




© 2015