ဒီမိုကရေစီလော.. - TopicsExpress



          

ဒီမိုကရေစီလော.. ဆိုရှယ်လစ်လော -------------------------------------- သြော်.. မီတာခလေး မဖြစ်စလောက် တက်တာကို အကြီးအကျယ် ဖြစ်သွားပါလား။ အိမ်နီးချင်းနိုင်ငံတွေကိုလဲ ကြည့်ပါဦး။ မြန်မာနိုင်ငံမှာ အများကြီး ပိုသက်သာပါတယ်။ အဓိက က မီတာခ ဈေးလျှော့ဖို့ မဟုတ်ဘူး။ မီးပုံမှန် လာဖို့ပါ။ နောက် ထပ်ပြီး ပြောချင်တာက ဒီမိုကရေစီနိုင်ငံ တည်ဆောက်ချင်ရိုး မှန်ရင် ပြည်သူ့တာဝန်ဖြစ်တဲ့ သက်ဆိုင်ရာ အခွန်အကောက်များကိုလဲ ပေးရပါလိမ့်မယ်။ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းမှန်သမျှဟာ ဘယ်အစိုးရကမှ အလကားနေရင်း လုပ်ပေးနိုင်တာတွေ မဟုတ်ပါဘူး။ ပြည်သူလူထုဆီကလာတဲ့ အခွန်နဲ့မှ လုပ်ပေးနိုင်တာပါ။ ဒီမိုကရေစီ နိုင်ငံမှာ State Own Enterprise တွေ အကုန်ဖျက်သိမ်းရပါလိမ့်မယ်။ အဲဒီ့နောက်မှာ အခွန်ငွေဟာ တိုင်းပြည်လည်ပတ်မယ့် အဓိက ငွေကြေး ဖြစ်သွားပါလိမ့်မယ်။ ဟိုဟာလဲ ဈေးလျှော့၊ ဒီဟာလဲ ဈေးလျှော့၊ အခွန်ကလဲ ရှောင်ချင်၊ကဲ ရွှေမြန်မာတို့..ဆိုရှယ်လစ်စိတ်ဓါတ်လေးတွေကို ကျေးဇူးပြု၍ ချန်ခဲ့ကြပါ။ အဓိက က ဝင်ငွေပါ။ ပြည်သူလူထုအတွက် သင့်တင့်လျောက်ပတ်တဲ့ ဝင်ငွေရရှိအောင် အစိုးရက ဦးဆောင်ပြီး လုပ်ဆောင်ပေးရပါမယ်။ Cost of Living, Expenses တွေအကုန်လုံးကို တရားဝင် ဖော်ပြပေးရပါမယ်။ ဒါမှသာလျှင် ထွက်ငွေနဲ့ ကိုက်ညီတဲ့ ဝင်ငွေကို ရရှိကြမှာပါ။ အစိုးရဝန်ထမ်း လို့ တစ်ချိန်က ခေါ်ဆိုခဲ့တဲ့ ယခု ပြည်သူ့ဝန်ထမ်းတွေကိုလဲ စနစ်တစ်ကျ အရည်အချင်းကို စစ်ဆေးခန့်ထားပြီး အနိမ့်ဆုံးအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ တန်းတူ လစာမျိုး ပေးရပါမယ်(ဒီလစာဟာ ပြည်သူ့အခွန်ဘဏ္ဍာကနေ စီးဆင်းရမှာပါ)။ ကျန်းမာရေး၊ ပညာရေး၊ ပို့ဆောင်ရေး ဘယ်ကဏ္ဍမဆို ပြည်သူတွေ အခွန်ဆောင်မှ ကောင်းမွန်တဲ့ ဝန်ဆောင်မှု ရမယ်ဆိုတာကို မေ့မထားစေ့ချင်ဘူး။ အခုဟာက အကြောင်းရင်းကို မဖြေရှင်းဘဲ ဘာမှ မဖြစ်စလောက် ကိစ္စငယ်လေးတွေနဲ့ အခြေအနေတွေ ရှုပ်ထွေးနေတယ်။
Posted on: Thu, 07 Nov 2013 10:11:56 +0000

Trending Topics



Recently Viewed Topics




© 2015