ဒီရက်ပိုင်းမှာ 12 Years A Slave - TopicsExpress



          

ဒီရက်ပိုင်းမှာ 12 Years A Slave ဆိုတဲ့ အတင်းအဓမ္မ ကျွန်ဇာတ်သွင်း ခံရတဲ့ အမေရိကန် ကျွန်စနစ် နောက်ခံ ဇာတ်ကား ( သိပ်ကောင်းတဲ့ကား )ရယ် ခုတလော နာမည်ကြီးနေတဲ့ Gravity ဆိုတဲ့ ဇာတ်ကားရယ် ကြည့်ဖြစ်လိုက်တော့ နေတိုးနဲ့ ပြေတီဦး သရုပ်ဆောင် ဇာတ်ကွက် အဝေမတည့်လို့ မကျေမနပ်ဖြစ်ပြီး အွန်လိုင်းပေါ်ထိပါ ပြဿနာတွေတက်ကြ ရှင်းကြရတာလည်း သွားသတိရတယ်... 12 Years A Slave ဆိုတဲ့ဇာတ်ကားမှာ နာမည်ကြီး သရုပ်ဆောင် Brad Pitt က ကျရာ ဇာတ်ရုပ်ကနေ ၁၀ မိနစ်စာလောက်ကလေး ပါဝင် သရုပ်ဆောင်သွားတယ် ဇာတ်ကား တစ်ကားရိုက်ရင် သရုပ်ဆောင်ကြေး ဒေါ်လာ သန်းချီရတဲ့ ပုဂ္ဂိုလ်ကို ရေပေါ်ဇာထိုးနေတဲ့ လက်သမားဆရာ တစ်ယောက်အဖြစ် ၀င်သရုပ်ဆောင်ခိုင်းတယ်... တစ်ကားလုံးကို ထိန်းသွားတာက လူမည်းသရုပ်ဆောင် Chiwetel... Gravity ဆိုတဲ့ ဇာတ်ကားမှာ နာမည်ကြီး သရုပ်ဆောင် George Clooney က အစောပိုင်း မိနစ်ကလေး အနည်းငယ်ပဲ ပါဝင်သရုပ်ဆောင်သွားတယ် ဇာတ်လမ်းအလိုအရ တစ်ယောက်ထဲ survive လုပ်ရမှာ ဖြစ်လေတော့ စောစောစီးစီး သေပေးလိုက်ရတယ် ဇာတ်ကား တစ်ကားလုံး အဓိက ကျတဲ့ ဇာတ်ကွက်တွေ Sandra Bullock တစ်ယောက်ထဲ ထိန်းသွားတယ်... အကုန်ပြီးမှ ထ ဖွတာရယ်တော့ မဟုတ်ပါဘူး ဒီက လူတွေ ဖြစ်ပျက်နေကြပုံနဲ့ သွားနှိုင်းယှဉ်မိလို့... :)
Posted on: Mon, 13 Jan 2014 05:16:19 +0000

Trending Topics



e="margin-left:0px; min-height:30px;"> An update to those who have been there... knowing how i hate to
It is with just tremendous sadness and heavy heart that I must

Recently Viewed Topics




© 2015