" ဒုတိယဝန်ကြီးများအား - TopicsExpress



          

" ဒုတိယဝန်ကြီးများအား မီဒီယာဆက်ဆံရေး သင်တန်းပေးနေ " ==================================== Popular Myanmar News Journal ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးများ အား မီဒီယာများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် မီဒီယာဆက်ဆံရေး သင်တန်းပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ ”ဝန်ကြီးဌာန ဒုဝန်ကြီးတွေ တာဝန်ရှိသူတွေကို မီဒီယာတွေနဲ့အကျွမ်းတဝင်ရှိအောင် media relation သင်တန်းပေးနေတယ်။ အရင်တစ် ခေါက်ကလည်းလုပ်ခဲ့တယ်။ အခုလည်း လုပ်နေ ပါတယ်” ဟု ၄င်းက ပြောသည်။ မြန်မာနိုင်ငံ၏ အပြောင်းအလဲတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများအပါအဝင် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရန် ဆောင် ရွက်နေကြောင်း ၄င်းက ထပ်လောင်းပြောသည်။ နိုင်ငံတော်အစိုးရ၏ လုပ်ငန်းဆောင်ရွက် ချက်များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ခေါင်းဆောင် သောပြည်ထောင်စုဝန်ကြီးများနှင့် သတင်းမီဒီ ယာများ တွေ့ဆုံပွဲအခမ်းအနားကို ဇွန် ၂၉ ရက် နေ့ နေ့လယ်ပိုင်းက နေပြည်တော်ရှိ စက်မှုဝန်ကြီး ဌာန၌ပြုလုပ်စဉ် ၄င်းက အစိုးရ၏သတင်းအချက်အလက်ထုတ်ပြန်ရေးနှင့်ပတ်သက်၍ မီဒီယာများ ၏မေးမြန်းမှုကို ရှင်းလင်းပြောကြားခဲ့သည်။ ”အမေရိကန်နိုင်ငံလို မီဒီယာ လွတ်လပ်ခွင့် မမီသေးပေမယ့် ဒေသတွင်း တရုတ်၊ စင်ကာပူ၊ ဗီယက်နမ် နိုင်ငံတွေထက်သာတာ တွေ့ရမှာပါ။ မီဒီယာတွေမှာ တစ်ခါတလေ ကျွန်တော်တို့ကို နာမည်မဖော်ရုံတစ်မယ် စွပ်စွဲတာတွေရှိတယ်။ သေချာတယ်ဆိုရင် တရားစွဲလိုက်ပါ။ ထင်ယောင် ထင်မှားနဲ့ကျတော့ မကောင်းဘူး”ဟု ၄င်းက ပြောသည်။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်မ တော်တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ အစိုးရနှင့် တပ်မတော်တို့မှ သတင်းထုတ်ပြန်မှု နှောင့်နှေးသည့်အပေါ် ပြန် ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ”ပြည်တွင်းငြိမ်းချမ်းရေးရဖို့ အစိုးရနှင့် တပ်မ တော်က ကြိုးပမ်းနေတယ်။ ငြိမ်းချမ်းရေးကို နှောင့်နှေးအောင် ထိခိုက်မှုမရှိအောင် တအားဂရု စိုက်ရပါတယ်။ ဖုန်းနဲ့ပဲ ဆက်သွယ်မေးမြန်းတာ ဖြစ်တဲ့အတွက် ဘယ်သူဘယ်ဝါမှန်း မသိလို့ ရယ်။ ပြီးတော့ နိုင်ငံတကာမှာလည်း ဝန်ကြီးဌာန တွေကို မေးမြန်းဖို့ဆိုရင် တရားဝင် စာတင်ရပါ တယ်။ ဒီကိစ္စတွေကို အဆင်ပြေဖို့ တပ်မတော်ကို အကြောင်းကြားပေးပါမယ်”ဟု ၄င်းကပြောသည်။ မြန်မာနိုင်ငံအနှံ့ ပြည်သူများက သတင်းအ ချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိ စေချင်သည့်အတွက် ဝန်ကြီးဌာနများ၊ တပ်မ တော်အ ပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများကို ဆက်သွယ်သည့်အခါ အချိန်နှင့် တစ်ပြေးညီ ဖြေကြားခြင်း မရှိသည့်အတွက် သတင်းထုတ်ပြန်မှု နှောင့်နှေးသည့်အပေါ် မေး မြန်းမှုကို ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့သည်။ စိုင်းနောင်
Posted on: Sat, 06 Jul 2013 07:19:46 +0000

Trending Topics



dy" style="min-height:30px;">
join us for new mixes by Roy Davis Jr from Chicago IL, Stevie B
ZULEIDE CURTAM A NOSSA PAGINA>>Eu amo terror A Mordida Da
WhatsApp ke itihaas me pahli baar....kaam ka msg......... Here
This is the only best way to defeat them(America ki Harami nasal).
Friends love you tops when you are at the bottom. Friends look up

Recently Viewed Topics




© 2015