= = = ဒေါ်အောင်ဆန်းစုကြည်၏ - TopicsExpress



          

= = = ဒေါ်အောင်ဆန်းစုကြည်၏ ဘီဘီစီအားပေးသော မှတ်ချက်ကြောင့် မြန်မာနိုင်ငံမှ ရောထွေးနေသော တုန့်ပြန်မှုများ ပေါ်ထွက် = = = (ဘာသာပြန် ပထမပိုင်း) KMS 27 OCT 2013 ဧရာဝတီ သတင်း - ရန်ကုန် - ဒီမိုကရေစီ ပြယုဂ် (ဒေါ်) အောင်ဆန်းစုကြည်သည် မူစလင်များသည် သူမ၏ နိုင်ငံတွင် လူမျိုးရေး သန့်စင်မှု၏ ပစ်မှတ်များ မဟုတ်ကြောင်း ငြင်းဆိုလိုက်ပြီး ဗုဒ္ဓဘာသာဝင်တို့အကြား ကြောက်ရွံမှုက ဘာသာရေး တင်းမာမှုများကို ပိုဆိုးစေကြောင်း ပြောကြားလိုက်ပြီး နောက်တွင် မြန်မာ အခွင့်အရေး လှုပ်ရှားသူများနှင့် ဘာသာရေး ခေါင်းဆောင်များ ထံမှ ပြစ်တင်ရှုံချမှုနှင့် ထောက်ခံမှု ရောပြွန်းလျှက် လက်ခံရရှိနေ၏။ RANGOON — Democracy icon Aung San Suu Kyi has received a mix of condemnation and support from Burmese rights activists and religious leaders after denying that Muslims were the targets of ethnic cleansing in her country and saying that fear among Buddhists has exacerbated religious tensions. အင်္ဂါနေ့က ဘီဘီစီ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင် (ဒေါ်အောင်ဆန်း)စုကြည်က မြန်မာနိုင်ငံတွင် မူစလင် (၁၄၀,၀၀၀) ကျော် နေရာရွှေ့ပြောင်းနေရစေသည့် လူ့ အသိုက်အ၀န်းများ အကြား အကြမ်းဖက်တိုက်ခိုက်မှုသည် ဗုဒ္ဓဘာသာဝင်များနှင့် မူစလင်များ အတူတူပင် တစ်ဘက်မှ တစ်ဘက်သို့ ကြောက်ရွံနေရသော အခြေအနေမှ တစ်စိတ်တစ်ပိုင်း ဖြစ်တည်လာခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ In an interview with the BBC on Thursday, Suu Kyi said inter-communal violence that has displaced more than 140,000 Muslims in Burma stemmed partly from an overall state of fear among Buddhists and Muslims alike. “ဒါဟာ လူမျိုးရေး သန့်စင်မှု မဟုတ်ပါဘူး - - - - - - ဒါဟာ နှစ်ဘက်စလုံးမှာ ရှိတဲ့ အကြောက်တရားကြောင့် ဖြစ်တယ်လို့ ကျွန်မ ထင်တယ်။ ပြီးတော့ - အကြောက်တရားဟာ မူစလင်တွေရဲ့ ဘက်မှာသာ ရှိနေတာ မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဘက်မှာလည်း ရှိနေတယ် ဆိုတာဟာ ဒီအချက်ဟာ ကမ္ဘာက နားလည်ဖို့ လိုနေတဲ့ အချက်ပဲ ဖြစ်ပါတယ်။” ဟု သူမက ဆိုသည်။ “ဟုတ်ပါတယ် - မူစလင်တွေကို ပစ်မှတ်ထားခဲ့ကြတယ် - ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်များဟာလည်းပဲ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ခံစားခဲ့ကြပါတယ်။ အကြောက်တရားဟာ နှစ်ဘက်စလုံးမှာ ရှိနေတယ် - ဒါဟာ ဒီ ဒုက္ခတွေ အားလုံးဆီကို ဦးတည်သွားစေတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။” “It’s not ethnic cleansing. … I think it’s due to fear on both sides. And this is what the world needs to understand—that the fear is not just on the side of the Muslims, but on the side of the Buddhists as well,” she said. “Yes, Muslims have been targeted, but also Buddhists have been subjected to violence. There’s fear on both sides, and this is what is leading to all these troubles.” မူစလင် ဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှုကို ဆန့်ကျင်လျှက် ပိုမို အားကောင်းစွာ ရပ်တည်ပေးခြင်း မပြုသည့်အတွက် လွန်ခဲ့သော နှစ်က ဝေဘန်ခံနေခဲ့ရသော (ဒေါ်အောင်ဆန်း) စုကြည်က ထပ်မံပြောဆိုရာတွင် - “မူစလင် အင်အား - ကမ္ဘာနဲ့ ချီတဲ့ မူစလင်အင်အားဟာ အလွန် ကြီးမားတယ်ဆိုတဲ့ အထင်အမြင်တစ်ခု ရှိနေပါတယ်။ ပြီးတော့ - ကမ္ဘာပေါ်က အစိတ်အပိုင်း အများအပြားမှာ ဒီအထင်အမြင် ရှိနေတာ အသေအချာ ဖြစ်ပြီးတော့ ကျွန်မတို့နိုင်ငံမှာလည်း ရှိနေတာပဲ ဖြစ်ပါတယ်။” Suu Kyi, who has been criticized over the past year for not taking a stronger stance against anti-Muslim violence, added, “There’s a perception that Muslim power, global Muslim power, is very great. And certainly that is the perception in many parts of the world, and in our country, too.” မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှ - လွန်ခဲ့သောနှစ် ဇွန်လနှင့် အောက်တိုဘာလ တို့တွင် ဖြစ်ပေါ်ခဲ့သည့် ထိတွေ့မှု လှိုင်း နှစ်ခု ဖြစ်ချိန်ကတည်းက - လျစ်လျူရှု ခံထားရပြီး ညစ်ပတ်လှသော -ရွှေ့ပြောင်းထားသူများ၏ စခန်းများတွင် နေထိုင်နေရသော မူစလင်များ အကြောင်း မေးမြန်းသောအခါ နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင်က ဗုဒ္ဓဘာသာဝင်များသည်လည်း စစ်အုပ်ချုပ်ရေး အောက်တွင် ဆယ်စုနှစ်များစွာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရင်ဆိုင်နေခဲ့ရသည်ဟု ဆို၏။ When asked about Muslims in west Burma’s Arakan State who have lived in squalid displacement camps since two waves of clashes broke out last year in June and October, the Nobel Peace Prize laureate said Buddhists had also faced human rights violations for decades under military rule. “အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံကို စွန့်ခွာသွားရတဲ့ ဗုဒ္ဓဘာသာဝင်တွေလည်း အများကြီး - အများကြီး ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ဗုဒ္ဓဘာသာဝင်တွေ လည်း အများကြီး ရှိပါတယ်။ သူတို့ကို ထိုင်းနိုင်ငံမှာ တွေ့ရလိမ့်မယ် - သူတို့တွေ အရမ်း အများကြီး ရှိနေတယ် - ပြီးတော့ တစ်ကမ္ဘာလုံးမှာ သူတို့တွေ ပြန်ကြဲနေတာကို တွေ့ရလိမ့်မယ်။ ဒါဟာ ကျွန်မတို့ ခံစားနေရတာတွေနဲ့ အာဏာရှင်ဆန်တဲ့ အစိုးရတစ်ခုရဲ့ အကျိုးဆက်ပဲ ဖြစ်တယ်။ ပြီးတော့ ကျွန်မ ထင်တယ် - ရှင်ဟာ အာဏာရှင်တစ်ဦးရဲ့ လက်အောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ရမယ် ဆိုရင် တစ်ယောက်ကို တစ်ယောက် ယုံကြည်ရဲအောင် အသင်ကြားမခံရဘူး [ဆိုတာ တွေ့ရလိမ့်မယ်။] အာဏာရှင်စနစ်တစ်ရပ်ဟာ ယုံကြည်မှု ကင်းမဲ့ခြင်းနဲ့ သံသယဖြစ်ခြင်းဆိုတဲ့ အခြေအနေကို ဖန်တီးပေးတာပဲ။” “There are many, many Buddhists who have also left the country for various reasons, and there are many Buddhists who are in refugee camps for various reasons. You will find them in Thailand, very many of them, and you will find them scattered all over the world. This is the result of our sufferings and a dictatorial regime. And I think if you live under a dictator for many years, people don’t learn to trust one another. A dictatorship generates a climate of distrust and suspicion.” သူမက အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်သူများအတွက် တာဝန်ရှိမှုကို သေချာဖော်ထုတ်အရေးယူရန် အစိုးရအား တိုက်တွန်းနှိုးဆော်လိုက်သည်။ She called on the government to ensure accountability for perpetrators of violence. “အတိုက်အခံဘက်က လူတွေဖြစ်တဲ့ ကျွန်မတို့ကို ကျွန်မတို့ ဒီကိစ္စအပေါ် ဘယ်လို ခံစားရသလဲလို့ မေးမယ့်အစား၊ ကျွန်မတို့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာလုပ်မယ် ရည်ရွယ်ထားသလဲလို့ မေးမယ့်အစား - ကျွန်မတို့ဟာ အစိုးရက လုပ်ရမယ့် အလုပ်မျိုးတွေကို လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထားမှာ ရှိမနေတာကို ရှင် သိထားရမှာ ဖြစ်လို့ - မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရကို သူတို့ရဲ့ မူဝါဒဟာ ဘာလဲ၊ ဒီပြဿနာနဲ့ ပတ်သက်လို့ သူတို့ ဘယ်လို ဆက်လုပ်မှာလဲ၊ ဒီကိစ္စကို သူတို့ ဘယ်လို ကိုင်တွယ်မယ်လို့ ရည်ရွယ်ထားသလဲ ဆိုတာ မေးသင့်ပါတယ်။” “Instead of asking us, the members of the opposition, what we feel about it, what we intend to do about it—because you must see that we are not in a position to do the sort of things that a government must do—you should ask the present government of Burma what their policy is, how they are going about this problem, and how they intend to deal with it.” ယခု အပတ်အတွင်း သူမ၏ ဥရောပ ခရီးစဉ်အတွင်းတွင် - (၁၉၉၀)ပြည့်နှစ်က ချီးမြှင့်ခံရသော်လည်း ထိုအချိန်က လက်ခံရန် မတတ်နိုင်ခဲ့သော ဆာခါရော့ဖ် လူ့အခွင့်အရေး ဆု ကို လက်ခံရယူရန် (ဒေါ်အောင်ဆန်း)စုကြည်သည် ပြင်သစ်နိုင်ငံသို့ အင်္ဂါနေ့က ခရီးထွက်ခဲ့သည်။ During her visit to Europe this week, Suu Kyi on Tuesday traveled to France to receive the Sakharov human rights prize, which she was awarded in 1990 but could not accept at the time. (ဆက်ရန်) irrawaddy.org/burma/burma-mixed-reactions-suu-kyis-bbc-statements.html
Posted on: Sun, 27 Oct 2013 15:18:03 +0000

Trending Topics



Recently Viewed Topics




© 2015