နောက်ဆုံးပေါ် - TopicsExpress



          

နောက်ဆုံးပေါ် ဗန်ဂိုးရဲ့ ပန်းချီကား Coucher de soleil à Montmajour “Sunset at Montmajour” Long-Lost Van Gogh Painting Identified in Amsterdam. မကြာသေးခင် ရက်ပိုင်းအတွင်းက နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာရှိ ဗင်းဆင့်ဗန်ဂိုး ပြတိုက် တာဝန်ရှိသူ ကျွမ်းကျင်သူများရဲ့ အတည်ပြုချက်အရ လွန်ခဲ့သော နှစ်ပေါင်း ၁၂၅ နှစ်က ပန်းချီကား တချပ်ကို ပန်းချီဆရာဗန်ဂိုး ရေးဆွဲခဲ့တာဖြစ်ကြောင်း အတည်ပြုခဲ့ကြပါတယ်၊ ဗန်ဂိုး ဒီပန်းချီကားကို ပြင်သစ်နိုင်ငံတောင်ပိုင်း မားဆေးလ်မြို့ အရှေ့ဘက် ကီလိုမီတာ ၈၀ ကျော် အကွာက Arles ဆိုတဲ့ မြို့လေးမှာ နေထိုင်နေစဉ် ၁၈၈၈ ခုနှစ်က ရေးဆွဲသွားခဲ့တယ်လို့ ဆိုကြပါတယ်၊ ပန်းချီကားအမည် ပေးထားတာက Coucher de soleil à Montmajour (fr) Sunset at Montmajour ပါ၊ အဲဒီလို Montmajour လို့ခေါ်ဆိုရခြင်း အကြောင်းရင်းက အဲဒီပန်းချီကားမှာ ပါဝင်နေတဲ့ ဘုရားကျောင်းကြီး အမည်ကိုက Abbaye de Montmajour ဘုရားကျောင်းဆိုပြီး ခေါ်ဝေါ်ခြင်း ဖြစ်နေလို့ပါ၊ - See more at: moemaka/archives/38226#sthash.tlsbwWAa.dpuf moemaka/archives/38226
Posted on: Fri, 27 Sep 2013 07:35:32 +0000

Trending Topics



Recently Viewed Topics




© 2015