နစကနေရာ ရဲတပ်ဖွဲ့ - TopicsExpress



          

နစကနေရာ ရဲတပ်ဖွဲ့ အစားထိုး နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကွဲမှု ဌာနချုပ် (နစက) လုပ်ကိုင် ခဲ့သည့် တာဝန်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၃ ရက်နေ့မှ စတင် တာဝန်ယူနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် မောင်တောခရိုင် ကျီးကန်းပြင်ဒေသ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် (န.စ.က) မှ ကွပ်ကဲရေးမှူးက ပြောကြားသည်။ အဆိုပါ ဌာနချုပ်၏ တာဝန်များကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ နယ်စပ်လုံခြုံရေး (Border Security) က အစားထိုး တာဝန်ယူသွား မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ “တချို့ တာဝန်တွေကို ရဲတပ်ဖွဲ့ကို လွှဲပေးနေပြီ”ဟု အဆိုပါ န.စ.က ကွပ်ကဲရေးမှူးက ထပ်မံ ပြောကြားသည်။ ရခိုင်ပြည်နယ်တွင်ရှိသည့် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် တာဝန်များကို ရဲတပ်ဖွဲ့က အစားထိုး တာဝန်ယူမည်ဖြစ်ပြီး ရဲမှူးကြီး တစ်ဦး မောင်တောမြို့သို့ ရောက်ရှိ တာဝန်ယူ နေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်ကို ယနေ့မှစ၍ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုး၍ ဇူလိုင်လ ၁၂ ရက်နေ့တွင် ရုတ်တရက် ထုတ်ပြန် ကြေညာ ခဲ့သည်။ အဆိုပါ ဌာနချုပ်ကို ဖျက်သိမ်းရသည့် အကြောင်းအရင်းနှင့် ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များ ကိုကား အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပေ။ အဆိုပါ ဌာနချုပ်ကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာနတို့ ပူးပေါင်းကာ ဖွဲ့စည်းခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) က တိုက်ရိုက် ကွပ်ကဲခဲ့သည်။ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်၏ အဓိက တာဝန်ကြီး သုံးခုမှာ နိုင်ငံတော် ကာကွယ်ရေး၊ နယ်စပ် လုံခြုံရေး၊ နယ်စပ်ဒေသ လူဦးရေ ထိန်းချုပ်ရေးတို့ဖြစ်ပြီး တရားမဝင် ခိုးဝင်၊ ခိုးထွက်မှုများကို ကာကွယ် တားဆီးရေး၊ တရားဥပဒေ စိုးမိုးရေး၊ မှုခင်း ကျဆင်းရေး၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးသတင်း စုဆောင်း တင်ပြရေး၊ နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် စိုက်ပျိုးရေးလုပ်ငန်း တွန်းအားပေးရန် ရည်မှန်းချက် ငါးရပ်ကို အကောင်အထည်ဖော်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ရခိုင်ဒေသရှိ လုံခြုံရေး အင်အားစုများနှင့် န.စ.က အင်အား နှစ်ဆ တိုးသင့်ကြောင်း၊ ယင်းအဖွဲ့တွင် ပါဝင်သူများ ဥပဒေနှင့် မညီမညွတ်သည် များ ဆောင်ရွက်လျှင် အရေးယူသင့်ကြောင်း၊ န.စ.က သည် မတူညီသော ဝန်ကြီးဌာန လေးခုမှ ထုတ်နုတ် ပေါင်းစည်းထားခြင်းကြောင့် တစ်စိတ် တစ်ဝမ်းတည်း ဖြစ်စေရန် ဖွဲ့စည်းပုံကို ပြန်လည် သုံးသပ်သင့်ကြောင်း ယင်းတွင် ပါဝင်သည့် ဌာနဆိုင်ရာ အချင်းချင်း ပူးပေါင်းညှိနှိုင်းမှု အားနည်းနေကြောင်း ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် ဖော်ပြထားသည်။ွှ့The Voice Weekly
Posted on: Mon, 15 Jul 2013 04:04:30 +0000

Trending Topics



Recently Viewed Topics




© 2015