နည်းပညာကဏ္ဍကို - TopicsExpress



          

နည်းပညာကဏ္ဍကို ကြီးကြပ်မည့် လွတ်လပ်သော ကော်မရှင်အတွက် ပြည်ပမှ အတွေ့အကြုံများ လာရောက် မျှဝေ ဆက်သွယ်ရေး ဥပဒေ ထွက်ရှိလာသည့်နောက် လွတ်လပ်သော ကြီးကြပ်မှု ကော်မရှင်တစ်ခုကို ဖွဲ့စည်းရမည် ဖြစ်သည့် အတွက် အဆိုပါကော်မရှင် အတွက် လိုအပ်သော အရည်အသွေးပိုင်းဆိုင်ရာများ ကို ပြည်ပမှ ပညာရှင်များ နှင့် မြန်မာနိုင်ငံ၌ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။ Telecommunication Policy and Regulation အမည်ရှိ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို ယခုလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ အထိ နေပြည်တော်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ World Bank နှင့် GSMA အဖွဲ့အစည်းမှ ပညာရှင်များ တက်ရောက်ခဲ့သည်ဟု သိရသည်။ ပြည်တွင်းက ဆက်သွယ်ရေး ဘက်ကလူတွေ၊ ကွန်ပျူတာ အသင်းချုပ်က လူတွေ၊ စစ်ဘက် ဆက်သွယ်ရေးက လူတွေ၊ NGO ဘက်က လူတွေ တက်တာတွေ့တယ်။ အဓိကကတော့ Regulatory ဘက်ကလူတွေ ကျွန်တော်တို့ အခေါ်တော့ ကြီးကြပ်ရေးအဖွဲ့ပေါ့၊ အဲဒီအတွက် စွမ်းရည် မြှင့်တင်ပေးတဲ့ သဘောမျိုးပါပဲ” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ MIDO မှ ကိုနေဘုန်းလတ်က ပြောသည်။ ပြည်ပမှ တက်ရောက်လာသူများ အနေဖြင့် နိုင်ငံတကာမှ အတွေ့အကြုံများကို ရှင်းလင်း ပြောကြားခဲ့ပြီး ပြည်တွင်းမှ တက်ရောက် လာသူများကလည်း ၎င်းတို့၏ အခက်အခဲများကို ပြောဆို ဆွေးနွေးခဲ့သည်ဟု ကိုနေဘုန်းလတ်က ဆိုသည်။ “တကယ်တော့ သင်တန်းလာပေးတဲ့ သဘောပဲ။ အကြောင်းအရာတွေကလည်း အများကြီးပဲ” ဟု ကိုနေဘုန်းလတ်က ပြောသည်။ reposted by saung credit to internet journal facebook/mmcities
Posted on: Tue, 27 Aug 2013 04:47:40 +0000

Trending Topics



Recently Viewed Topics




© 2015