နတ်တဂိုး၏ - TopicsExpress



          

နတ်တဂိုး၏ ကဗျာအပိုင်းအစမျာ်းFORGIVE ME MY LOVE I love you, beloved. Forgive me my love. Like a bird losing its way I am caught. When my heart was shaken it lost its veil and was naked. Cover it with pity, beloved, and forgive me my love. If you cannot love me, beloved, forgive me my pain. Do not look askance at me from afar. I will steal back to my corner and sit in the dark. With both hands I will cover my naked shame. Turn your face from me, beloved, and forgive me my pain. If you love me, beloved, forgive me my joy. When my heart is borne away by the flood of happiness, do not smile at my perilous abandonment. When I sit on my throne and rule you with my tyranny of love, when like a goddess I grant you my favour, bear with my pride, beloved, and forgive me my joy. Adapted from THE GARDENER by Rabindranath Tagore ခွင့်လွှတ်ပါအချစ်ရယ် အချစ်ရယ် ... ကိုယ်မင်းကို ချစ်တယ် အဲဒီအတွက် ခွင့်လွှတ်ပါကွယ်။ ကိုယ်ဟာ လမ်းပျောက်တဲ့ငှက်တစ်ကောင်လိုဖြစ်နေပါပြီ။ ကိုယ့်နှလုံးသားများလှုပ်ခါ အချစ်မျက်နှာဖုံးကွာကျကုန်ပါပြီ။ သနားသဖြင့် ကိုယ့်အသည်းနှလုံးကို ပြန်ဖုံးပေးပါဦး။ ကိုယ့်ရဲ့အချစ်အတွက် ခွင့်လွှတ်ပါအချစ်ရယ်။ ကိုယ့်ကို ပြန်မချစ်နိုင်ဘူးဆိုရင်လည်း ကိုယ့်ရဲ့နာကျင်မှုတွေအတွက် ခွင့်လွှတ်ပါအချစ်ရယ်။ ကိုယ့်ကို အဝေးကနေစောင်းငဲ့ကြည့်မနေပါနဲ့တော့။ ကိုယ်တိတ်တဆိတ် အမှောင်မှာထိုင်နေပါတော့မယ်။ ရှက်စရာကောင်းတဲ့ကိုယ့်ရဲ့အဖြစ်ကို လက်တစ်စုံနဲ့ဖုံးကွယ်ထားလိုက်ပါ့မယ်။ တကယ်လို့မင်းက ပြန်ချစ်ခဲ့မယ်ဆိုရင်တော့ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေအတွက် ခွင့်လွှတ်ပေးပါဦးကွယ်။ ကိုယ့်နှလုံးသားက ပျော်ရွှင်မှုရေစီးထဲ စီးမျောသွားတဲ့အခါ ကိုယ့်ရဲ့သတိလက်လွတ်မှုကို မလှောင်ပါနဲ့နော်။ ကိုယ်က အချစ်ပလင်ပေါ်မှာထိုင်ပြီး မင်းကို အုပ်ချုပ်တဲ့အခါ ကိုယ့်ရဲ့ နတ်သမီးတစ်ပါးလို ချီးမြောက်တဲ့အခါ ကိုယ့်ရဲ့ ဂုဏ်ယူဝင့်ကြွားမှုကို သည်းခံပေးပြီး ကိုယ့်ရဲ့အချစ်တွေအတွက်ခွင့်လွှတ်ပါကွယ်။
Posted on: Sun, 21 Jul 2013 12:36:15 +0000

Trending Topics



Recently Viewed Topics




© 2015