နိမိတ်ပုံတွေထဲက - TopicsExpress



          

နိမိတ်ပုံတွေထဲက နှလုံးသား # မြသန်းတင့် # ငါ့နှလုံးသားကို မင်းထိကြည့်ခဲ့ရင် ငါ့နှလုံးသားကို မင်းနှုတ်ခမ်းနဲ့ ကပ်ကြည့်ရင် ပြိုကွဲနေတဲ့ ငါ့နှလုံးသား ခုန်ရာကို မင်းရဲ့နူးညံ့တဲ့ပါးစပ်၊မင်းရဲ့ သွား အနီရောင်မြားတစ်စင်းလို မင်းလျှာနဲ့ပစ်ကြည့်ရင် ပင်လယ်နားမှာငိုပြီး ငါ့နှလုံးသားကို မှုတ်ကြည့်ရင် ငါ့နှလုံးသားဟာ မပီမသအသံတွေနဲ့ မြည်ဟည်းနေလိမ့်မယ် ရထားဘီးအသံတွေ၊အိပ်မက်တွေရဲ့အသံတွေ မြည်ဟည်းနေလိမ့်မယ်။ ရေလှိုင်းတွေ ဟိုသည် လှုပ်ရှားသလို သစ်ရွက်တွေကိုဆင်မြန်းထားတဲ့ ဆောင်းဦးပေါက်လို သွေးလို ကောင်းကင်ကို လောင်ကျွမ်းနေတဲ့ စိုစွတ်တဲ့မီးတောက်များရဲ့အသံနဲ့ အိပ်မက်တွေ၊သစ်ကိုင်းတွေ၊လေပြင်းတွေရဲ့အသံနဲ့ ဒါမှမဟုတ် ပူဆွေးနေတဲ့သင်္ဘောဆိပ်ကမ်းတစ်ခုရဲ့ဥသြသံများလို မြည်ဟည်းနေလိမ့်မယ်။ တစ္ဆေဖြူတစ်ကောင် မှုတ်သလို ပင်လယ်နားမှာ ငါ့နှလုံးသားကို မင်းမှုတ်ကြည့်ခဲ့ရင် ပင်လယ်စပ်မှာ ငိုနေတဲ့ ကြိုးလွတ်နေတဲ့ တစ္ဆေတစ်ကောင်လို ရေမြုပ်တွေထဲကို လေရဲ့ပြတ်တောက်မှုထဲကို မင်း မှုတ်ကြည့်ခဲ့ရင်… အမျှင်ရက်ထုတ်လိုက်တဲ့ မရှိမှုတစ်ခုလို ရုတ်တရက် မြည်ဟည်းလိုက်တဲ့ ခေါင်းလောင်းတစ်ခုလို မိုးစက်တွေရွာချရင်း အထီးကျန်ကမ်းခြေမှာ ဆည်းဆာကို ရေးခြယ်ရင်း ပင်လယ်ဟာ နှလုံးသားရဲ့အသံကို မျှဝေခံစားတယ်။ ညဟာ သံသယတွေမပါပဲ ရောက်လာပြီး သင်္ဘောပျက်အလံတွေရဲ့စိတ်ပျက်ဖွယ် အပြာရောင်ဟာ ငွေရောင်ဂြိုဟ်နက္ခတ်တွေရဲ့ စူးရှသံတွေနဲ့ ပြည့်နေတယ်။ ပိတ်နေတဲ့ခရုခွံတစ်ခုလို မြည်ရင်း နှလုံးသားက တမ်းတတယ်။ အပျက်အစီးတွေ သစ္စာရှိတဲ့လှိုင်းတွေနဲ့ ပြန့်ကြဲနေတဲ့ အို…ပင်လယ်၊အို…ငိုသံ ၊အို… အရေပျော်သွားတဲ့အကြောက် သူ့ရဲ့ ယိမ်းထိုးတဲ့ အရိပ်တွေကြောင့် အစိမ်းရောင် ပေါ်ပီပန်းပွင့်တွေထဲမှာ ပင်လယ်က အသံကို စွဲချက်တင်တယ်။ ပူဆွေးနေတဲ့ကမ်းခြေတစ်ခုပေါ်မှာ သေဆုံးသွားတဲ့နေ့ရဲ့ပစ္စည်းများနဲ့ ၀ိုင်းရံပြီး ညသစ်တစ်ညနဲ့ ရင်ဆိုင်ရင်း မင်း ရုတ်တရက် မွေးဖွားလာခဲ့ရင် လှိုင်းတွေနဲ့ ပြည့်နေပြီး အထီးတည်းဖြစ်တဲ့သွေးပေါ်မှာ ချိုးငှက်တစ်အုပ် ပျံသလို ငါ့နှလုံးသားအပေါ်မှာ မှုတ်ခဲ့ရင် အဲဒီနှလုံးသားရဲ့အနက်ရောင်ဗျည်းများဟာ မြည်ဟည်းကြလိမ့်မယ်။ အဲဒီနှလုံးသားရဲ့ရေငတ်မပြေတဲ့အနီရောင်ရေများဟာ ထကြွလာကြလိမ့်မယ်။ လေနဲ့ငိုတွေပြွမ်းတဲ့ ပုလွေတစ်လက်လို အကြောက်ပန်းထွက်လာတဲ့ ပုလင်းတစ်လုံးလို အဲဒီနှလုံးသားဟာ သေမင်းရဲ့အသံကိုပြုပြီး မင့်ကို ခေါ်လိမ့်မယ်။ ဒီလိုနဲ့… လျှပ်စီးဟာ မင့်ရဲ့သစ်ပင်တွေကို အရောင်တောက်စေပြီး ဒီနေရာမှာ မင်းအုပစ်ခဲ့ငိုသံကို အကောင်ပေါက်အောင် ၀ပ်ဖို့ မိုးရေဟာ ပွင့်နေတဲ့ မင့်မျက်လုံးထဲကို ရောက်လာခိမ့်မယ်။ ပြီးတော့ ပင်လယ်ရဲ့တောင်ပံနက်တွေဟာ ခြေသည်းကုပ်ပြီး ကျီးနက်အာသံတွေနဲ့ မင့်ပတ်ဝန်းကျင်မှာ ၀ဲပျ့နေလိမ့်မယ် ။ အချွန်အတက်မပါ၊ စိတ်အားငယ်နေတဲ့တူရိယာကို မငတ်နေတဲ့ ပင်လယ်နားက တစ္ဆေတစ်ကောင် မင်းဖြစ်ချင်သလား။ အကယ်၍ မင်းဟာ အိမ်ကဆွဲထုတ်ထားတဲ့ သူ့အသံ၊ သူရဲ့မကောင်းဆိုးဝါး ပီပီမှုတ်သံ သူရဲ့ဒဏ်ရာရနေတဲ့ လှိုင်းလုံးများရဲ့တေးသံကို မင်း ဆက်ခေါ်နေမယ် ဆိုရင် တစ်ယောက်ယောက်ကတော့ ရောက်လာမှာပါပဲ။ တစ်ယောက်ယောက်ကတော့ တကယ် ရောက်လာမှာပါပဲ။ တစ်ယောက်ယောက် ပေါ်လာပြီး အားကုန် မှုတ်ပါလိမ့်မယ်။ အဲဒီအသံဟာ ကျိုးပဲ့အက်ကွဲသွားတဲ့ လှေတစ်စင်းရဲ့ပဲ့လို အပူတိုက်ငိုချင်းတစ်ပုဒ်လို လှိုင်းနဲ့သွေးတွေကြားထဲက ဟီသံတစ်ခုလို ကြောက်ဖွယ် ရက်စက်ပြီး ကိုယ့်ကိုယ်ကိုယ် ကိုးကွယ်တဲ့ ရေများလို မြည်ဟည်းနေလိမ့်မယ်။ အဏ္ဏ၀ါရာသီမှာ အရိပ်ခရုခွံတစ်ခုဟာ ငိုသံတစ်ခုလို အရစ် အရစ် တက်လာတယ်။ ပင်လယ်ငှက်တွေက ဒီအသံကို အယုံအကြည်မဲ့ပြီး ပျံပြေးကြတယ်။ အရိပ်ခရုခွံရဲ့ အသံအစုတ်အပြတ်များ အရိပ်ခရုခွံရဲ့ စိတ်ဆင်းရဲမှု ဇယားကွက် မျဉ်းကြောင်းများဟာ အထီးကျန်သမုဒ္ဒရာရဲ့ ကမ်းခြေများအထက်ကို ပျံတက်လာကြတယ် ။ ။ မောင်သစ်တည် (BAROCOLE BY PABLO NERUDA)
Posted on: Tue, 18 Feb 2014 03:47:17 +0000

Trending Topics



Recently Viewed Topics




© 2015